【 နည်းပညာ 】 Apple Car ကို ၂၀၂၁ ခုနှစ်မှာ မြင်တွေ့ရတော့မလား

【 နည်းပညာ 】 Apple Car ကို ၂၀၂၁ ခုနှစ်မှာ မြင်တွေ့ရတော့မလား

iPhone, iPad နဲ့ Macbook ကွန်ပျူတာတွေ ထုပ်လုပ်တဲ့ ကုမ္ပဏီကြီး Apple မှ လျှပ်စစ်ကားတွေ ထုတ်လုပ်သွားတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

သတင်းတွေအရ ခန့်မှန်းထားတာထက် နှစ်နှစ်စောပြီး Apple Car တွေကို မြင်တွေ့ရဖွယ်ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။

Apple ကုမ္ပဏီအနေနဲ့ ၎င်းရဲ့ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၁ ခုနှစ်အတွင်း ရောင်းချလာနိုင်ဖွယ်ရှိကြောင်း သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါပြီ။သတင်းထွက်ပေါ်မှုတွေအရ ၂၀၂၁ ခုနှစ် တတိယသုံးလအတွင်း မိတ်ဆက်လာနိုင်ဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။ Apple Car အတွက် လိုအပ်တဲ့ပစ္စည်း အစိတ်အပိုင်းတွေကိုတော့ ထိုင်ဝမ်ဘက်မှ ထုတ်လုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။

Apple မှလည်း ၎င်းရဲ့ ပထမဆုံး လျှပ်စစ်ကား Apple Car ကို အလွန်မျှော်လင့်ထားလျက်ရှိပြီး၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ အကြိမ်အကြိမ်စမ်းသပ်မောင်းနှင်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။မောင်းသူမဲ့ယာဉ် စမ်းသပ်မောင်းနှင်ခွင့် လိုင်စင်ကိုလည်း လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက Apple အနေနဲ့ ရရှိထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Apple ရဲ့ လျှပ်စစ်ကား Apple Car ကတော့ မကြာတော့မယ့် အချိန်ကာလတွေမှာ မိတ်ဆက်ဖို့တော့ရှိနေပါပြီ၊ မောင်းသူမဲ့ကားဈေးကွက်မှာလည်း Apple ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

iPhone, iPad နဲ႔ Macbook ကြန္ပ်ဴတာေတြ ထုပ္လုပ္တဲ့ ကုမၸဏီႀကီး Apple မွ လွ်ပ္စစ္ကားေတြ ထုတ္လုပ္သြားေတာ့မယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။

သတင္းေတြအရ ခန႔္မွန္းထားတာထက္ ႏွစ္ႏွစ္ေစာၿပီး Apple Car ေတြကို ျမင္ေတြ႕ရဖြယ္ရွိလာႏိုင္တာလည္း ျဖစ္ပါတယ္။

Apple ကုမၸဏီအေနနဲ႔ ၎ရဲ႕ ပထမဆုံး လွ်ပ္စစ္ကားကို ၂၀၂၁ ခုႏွစ္အတြင္း ေရာင္းခ်လာႏိုင္ဖြယ္ရွိေၾကာင္း သတင္းေတြက က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာခဲ့ပါၿပီ။သတင္းထြက္ေပၚမႈေတြအရ ၂၀၂၁ ခုႏွစ္ တတိယသုံးလအတြင္း မိတ္ဆက္လာႏိုင္ဖြယ္ရွိေနတာလည္း ျဖစ္ပါတယ္။ Apple Car အတြက္ လိုအပ္တဲ့ပစၥည္း အစိတ္အပိုင္းေတြကိုေတာ့ ထိုင္ဝမ္ဘက္မွ ထုတ္လုပ္ေပးသြားမယ္လို႔လည္း သိရပါတယ္။

Apple မွလည္း ၎ရဲ႕ ပထမဆုံး လွ်ပ္စစ္ကား Apple Car ကို အလြန္ေမွ်ာ္လင့္ထားလ်က္ရွိၿပီး၊ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားမွာ အႀကိမ္အႀကိမ္စမ္းသပ္ေမာင္းႏွင္ထားၿပီး ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ေမာင္းသူမဲ့ယာဥ္ စမ္းသပ္ေမာင္းႏွင္ခြင့္ လိုင္စင္ကိုလည္း လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္းက Apple အေနနဲ႔ ရရွိထားၿပီးျဖစ္တယ္လို႔လည္း သိရပါတယ္။

Apple ရဲ႕ လွ်ပ္စစ္ကား Apple Car ကေတာ့ မၾကာေတာ့မယ့္ အခ်ိန္ကာလေတြမွာ မိတ္ဆက္ဖို႔ေတာ့ရွိေနပါၿပီ၊ ေမာင္းသူမဲ့ကားေဈးကြက္မွာလည္း Apple ဘယ္ေလာက္အထိ ေအာင္ျမင္မလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Damien