【 နည်းပညာ 】 Galaxy S20 Family ကို မိတ်ဆက်လိုက်တဲ့ Samsung

【 နည်းပညာ 】 Galaxy S20 Family ကို မိတ်ဆက်လိုက်တဲ့ Samsung

ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ရဲ့ Galaxy Unpacked 2020 ပွဲကြီးကတော့ ကျင်းပပြီးစီးသွားခဲ့ပါပြီ။

အဆိုပါပွဲမှာ Samsung ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Galaxy S20 series နဲ့အတူ Galaxy Z Flip တို့ကို မိတ်ဆက်သွားခဲ့တာလည်း မြင်တွေ့ခဲ့ရပါတယ်။

Samsung မိတ်ဆက်လိုက်တဲ့ Galaxy S20 Family ဟာ Galaxy S20, Galaxy S20+ နဲ့ Galaxy S20 Ultra ဆိုပြီး သုံးမျိုးထွက်ရှိလာတာ ဖြစ်ပါတယ်။ဒီဇိုင်းပိုင်းမှာတော့ Samsung ရဲ့ နာမည်ကျော် infinity O မျက်နှာပြင်ကို အသုံးပြုထားပြီး၊ ရိုးရှင်းတဲ့ သွင်ပြင်ကို မြင်တွေ့ရပါတယ်။ကွန်ယက်ချိတ်ဆက်မှုအပိုင်းမှာတော့ Galaxy S20 နဲ့ Galaxy S20+ တို့မှာ 4G ကွန်ယက်နဲ့ 5G ကွန်ယက် နှစ်မျိုးပါ၀င်မှာဖြစ်ပြီး၊ Galaxy S20 Ultra ကတော့ 5G ကွန်ယက်ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ကင်မရာပိုင်းအနေနဲ့ 8K အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး၊ ယခင်ထွက်ရှိထားတဲ့ Samsung စမတ်ဖုန်းတွေထက် ကင်မရာစွမ်းဆောင်ရည်မှာ သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာပဲ Samsung ရဲ့ Galaxy Z Flip ကွေးညွတ်ဖုန်းကိုလည်း မိတ်ဆက်သွားခဲ့တာ မြင်တွေ့ရပါတယ်။သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ စမတ်ဖုန်းအလယ်ကနေ ခေါက်ချိုးတဲ့ပုံစံနဲ့ ထွက်ပေါ်လာတာဖြစ်ပြီး ယခင် Galaxy Fold ထက် ဒီဇိုင်းပုံစံမှာ ပိုမိုကြည့်ကောင်းတာလည်း မြင်တွေ့ရပါတယ်။ Galaxy Z Flip ကိုတော့ မြန်မာငွေ ၂၃ သိန်းကျော် ကျသင့်မှာပါ။

Samsung Galaxy S20 Family ရဲ့ ဈေးနှုန်းကတော့ အနိမ့်ဆုံး version ဖြစ်တဲ့ Galaxy S20 4G ကို မြန်မာငွေ ၁၄ သိန်းကျော် ကျသင့်မှာဖြစ်ပြီး၊ အမြင့်ဆုံးဖြစ်တဲ့ Galaxy S20 Ultra 5G ကတော့ မြန်မာငွေ ၂၄ သိန်းကျော် ကျသင့်မှာဖြစ်ပါတယ်။

Damien

( Zawgyi )

ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung ရဲ႕ Galaxy Unpacked 2020 ပြဲႀကီးကေတာ့ က်င္းပၿပီးစီးသြားခဲ့ပါၿပီ။

အဆိုပါပြဲမွာ Samsung ပရိတ္သတ္ေတြ ေမွ်ာ္လင့္ေစာင့္စားေနတဲ့ Galaxy S20 series နဲ႔အတူ Galaxy Z Flip တို႔ကို မိတ္ဆက္သြားခဲ့တာလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

Samsung မိတ္ဆက္လိုက္တဲ့ Galaxy S20 Family ဟာ Galaxy S20, Galaxy S20+ နဲ႔ Galaxy S20 Ultra ဆိုၿပီး သုံးမ်ိဳးထြက္ရွိလာတာ ျဖစ္ပါတယ္။ဒီဇိုင္းပိုင္းမွာေတာ့ Samsung ရဲ႕ နာမည္ေက်ာ္ infinity O မ်က္ႏွာျပင္ကို အသုံးျပဳထားၿပီး၊ ႐ိုးရွင္းတဲ့ သြင္ျပင္ကို ျမင္ေတြ႕ရပါတယ္။ကြန္ယက္ခ်ိတ္ဆက္မႈအပိုင္းမွာေတာ့ Galaxy S20 နဲ႔ Galaxy S20+ တို႔မွာ 4G ကြန္ယက္နဲ႔ 5G ကြန္ယက္ ႏွစ္မ်ိဳးပါ၀င္မွာျဖစ္ၿပီး၊ Galaxy S20 Ultra ကေတာ့ 5G ကြန္ယက္ကို ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ကင္မရာပိုင္းအေနနဲ႔ 8K အရည္အေသြးရွိ ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္မွာျဖစ္ၿပီး၊ ယခင္ထြက္ရွိထားတဲ့ Samsung စမတ္ဖုန္းေတြထက္ ကင္မရာစြမ္းေဆာင္ရည္မွာ သိသိသာသာ တိုးတက္လာမွာ ျဖစ္ပါတယ္။

အဆိုပါပြဲမွာပဲ Samsung ရဲ႕ Galaxy Z Flip ေကြးၫြတ္ဖုန္းကိုလည္း မိတ္ဆက္သြားခဲ့တာ ျမင္ေတြ႕ရပါတယ္။သတင္းေတြထြက္ေပၚခဲ့တဲ့အတိုင္းပဲ စမတ္ဖုန္းအလယ္ကေန ေခါက္ခ်ိဳးတဲ့ပုံစံနဲ႔ ထြက္ေပၚလာတာျဖစ္ၿပီး ယခင္ Galaxy Fold ထက္ ဒီဇိုင္းပုံစံမွာ ပိုမိုၾကည့္ေကာင္းတာလည္း ျမင္ေတြ႕ရပါတယ္။ Galaxy Z Flip ကိုေတာ့ ျမန္မာေငြ ၂၃ သိန္းေက်ာ္ က်သင့္မွာပါ။

Samsung Galaxy S20 Family ရဲ႕ ေဈးႏႈန္းကေတာ့ အနိမ့္ဆုံး version ျဖစ္တဲ့ Galaxy S20 4G ကို ျမန္မာေငြ ၁၄ သိန္းေက်ာ္ က်သင့္မွာျဖစ္ၿပီး၊ အျမင့္ဆုံးျဖစ္တဲ့ Galaxy S20 Ultra 5G ကေတာ့ ျမန္မာေငြ ၂၄ သိန္းေက်ာ္ က်သင့္မွာျဖစ္ပါတယ္။

Damien