【 နည်းပညာ 】 Laptop ဈေးကွက်ဘက်ကို ထပ်မံနယ်ချဲ့လာတဲ့ Redmi

【 နည်းပညာ 】 Laptop ဈေးကွက်ဘက်ကို ထပ်မံနယ်ချဲ့လာတဲ့ Redmi

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi မှ ၎င်းရဲ့ ကုန်ပစ္စည်းအသစ်တွေ မိတ်ဆက်ခဲ့ရာမှာတော့ အားလုံးအံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ခဲ့သလို မထင်မှတ်ပဲ 14-inch Laptop ကိုပါ တစ်ပါတည်း မိတ်ဆက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ Laptop ကို RedmiBook 14 လို့ အမည်ပေးထားပြီး 14-inch Full HD (1920 x 1080px) IPS panel မျက်နှာပြင် တပ်ဆင်ထားပြီး၊ screen-to-body ratio ကတော့ 81.2% ဖြစ်ပါတယ်။ Core i7 သို့မဟုတ် Core i5 chips (Core i7-8565U or Core i5-8265U) တို့ကို သင်ရွေးချယ်နိုင်မှာဖြစ်ပြီး၊ NVIDIA GeForce MX250 2GB of GDDR5 memory လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

 

သိမ်းဆည်းနိုင်မှု ပမာဏအနေနဲ့ 512GB SATA SSD ကို ထည့်သွင်းပေးထားမှာဖြစ်ပြီး၊ 8GB DDR4-2400 RAM လည်း တပ်ဆင်ထားမှာပဲ ဖြစ်ပါတယ်။ USB 3.0 နှစ်ပေါက်၊ 2.0 တစ်ပေါက်တို့နဲ့အတူ HDMI 1.4 လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ Core i5, 256GB SSD version ကို မြန်မာငွေ ၈၈၀,၀၀၀ ခန့်၊ 512GB version ကို ၉၅၀,၀၀၀ ခန့်နဲ့ အမြင့်ဆုံး model ဖြစ်တဲ့ Core i7, 512GB SSD ကိုတော့ မြန်မာငွေ ၁,၁၀၀,၀၀၀ ကျော်ခန့် ကျသင့်မှာဖြစ်ပြီး၊ ပြည်တွင်းကို ပစ္စည်းဝင်ရောက်လာရင်တော့ အနည်းငယ် ဈေးနှုန်းကြီးမြင့်နိုင်ပါသေးတယ်။

Damien

( Zawgyi )

Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi မွ ၎ရဲ႕ ကုန္ပစၥည္းအသစ္ေတြ မိတ္ဆက္ခဲ့ရာမွာေတာ့ အားလုံးအံ့အားသင့္စရာ ျဖစ္ခဲ့ရပါတယ္။

စမတ္ဖုန္းသစ္ေတြကို မိတ္ဆက္ခဲ့သလို မထင္မွတ္ပဲ 14-inch Laptop ကိုပါ တစ္ပါတည္း မိတ္ဆက္သြားခဲ့တာလည္း ျဖစ္ပါတယ္။

အဆိုပါ Laptop ကို RedmiBook 14 လို႔ အမည္ေပးထားၿပီး 14-inch Full HD (1920 x 1080px) IPS panel မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး၊ screen-to-body ratio ကေတာ့ 81.2% ျဖစ္ပါတယ္။ Core i7 သို႔မဟုတ္ Core i5 chips (Core i7-8565U or Core i5-8265U) တို႔ကို သင္ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး၊ NVIDIA GeForce MX250 2GB of GDDR5 memory လည္း ပါဝင္လာမွာ ျဖစ္ပါတယ္။

သိမ္းဆည္းႏိုင္မႈ ပမာဏအေနနဲ႔ 512GB SATA SSD ကို ထည့္သြင္းေပးထားမွာျဖစ္ၿပီး၊ 8GB DDR4-2400 RAM လည္း တပ္ဆင္ထားမွာပဲ ျဖစ္ပါတယ္။ USB 3.0 ႏွစ္ေပါက္၊ 2.0 တစ္ေပါက္တို႔နဲ႔အတူ HDMI 1.4 လည္း ပါဝင္မွာ ျဖစ္ပါတယ္။

ေဈးႏႈန္းအေနနဲ႔ကေတာ့ Core i5, 256GB SSD version ကို ျမန္မာေငြ ၈၈၀,၀၀၀ ခန႔္၊ 512GB version ကို ၉၅၀,၀၀၀ ခန႔္နဲ႔ အျမင့္ဆုံး model ျဖစ္တဲ့ Core i7, 512GB SSD ကိုေတာ့ ျမန္မာေငြ ၁,၁၀၀,၀၀၀ ေက်ာ္ခန႔္ က်သင့္မွာျဖစ္ၿပီး၊ ျပည္တြင္းကို ပစၥည္းဝင္ေရာက္လာရင္ေတာ့ အနည္းငယ္ ေဈးႏႈန္းႀကီးျမင့္ႏိုင္ပါေသးတယ္။

Damien