【 နည်းပညာ 】 Meizu မှ ၎င်းရဲ့ ပထမဆုံး 5G ဖုန်းကို တီထွင်ကြံဆနေ

【 နည်းပညာ 】 Meizu မှ ၎င်းရဲ့ ပထမဆုံး 5G ဖုန်းကို တီထွင်ကြံဆနေ

Meizu ကုမ္ပဏီက ၎င်းရဲ့ flagship ဖုန်းဖြစ်တဲ့ Meizu 16s ကို ၂၀၁၉ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တာ အားလုံးမြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။

ယခုအခါမှာတော့ တရုတ်နည်းပညာ ကုမ္ပဏီကြီးဘက်က ပထမဆုံး 5G စမတ်ဖုန်း ထုတ်လုပ်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ China Unicom Partner Conference မှာလည်း Meizu ရဲ့ ကြော်ငြာစာသားတွေကို မြင်တွေ့ခဲ့ရပြီး၊ Meizu 17 လာနေပါပြီ 5G ခေတ်သစ်ကို ဆုံတွေ့လိုက်ရအောင်ဆိုပြီး ရေသားထားတာပါ။

5G ဖုန်းရဲ့ အသွင်အပြင်ကတော့ Meizu 16s ရဲ့ portless design (အပေါက်များမပါဝင်တဲ့ပုံစံ) ဖြစ်လာဖွယ်ရှိပြီး၊ နောက်ထပ် flagship ဖုန်းတစ်လုံး ဖြစ်လာမှာလဲ ဖြစ်ပါတယ်။

Meizu 17 ဟာ 6-inch AMOLED မျက်နှာပြင်၊ နောက်ဘက်ကင်မရာ နှစ်လုံး 20MP+12MP ၊ ရှေ့ဘက်ကင်မရာ 20MP တို့နဲ့ Snapdragon 855 တပ်ဆင်ပြီး၊ 6GB/8GB RAM, 128GB/256GB သိမ်းဆည်းနိုင်မှု၊ 5G network တို့နဲ့ ပွဲထွက်လာဖွယ် ရှိတယ်လို့ သတင်းများ ထွက်ပေါ်လျက် ရှိပါတယ်။

Damien

( Zawgyi )






Damien