【 နည်းပညာ 】 Mi 9 Series နဲ့ Mi 8 ဘယ်ဖုန်းကို ရွေးချယ်မလဲ

【 နည်းပညာ 】 Mi 9 Series နဲ့ Mi 8 ဘယ်ဖုန်းကို ရွေးချယ်မလဲ

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ Xiaomi က ၎င်းရဲ့ ထုတ်ကုန်အသစ် Mi 9 series ကို မိတ်ဆက်သွားခဲ့ပါတယ်။

Mi 9 series မှာ Mi 9 TE (Transparent Edition), Mi 9 နဲ့ Mi 9 SE ဆိုပြီး ဖုန်းသုံးမျိုး ပါဝင်ပါတယ်။

အဆိုပါ ဖုန်းသုံးမျိုးဟာ ဈေးနှုန်းတွေလဲ ကွာခြားမှုရှိပြီး Mi 9 TE က မြန်မာကျပ်ငွေ ၉သိန်းနီးပါးခန့်၊ Mi 9 က ၆သိန်းခွဲမှ ၇သိန်းခွဲ နီးပါးခန့်နဲ့ Mi 9 SE ကတော့ ၄သိန်းခွဲမှ ၅သိန်းနီးပါးခန့် ကျသင့်မှာပါ မြန်မာနိုင်ငံထဲ ဝင်ရောက်လာရင်တော့ ဈေးနှုန်းက ပိုမိုကြီးမြင့်လာနိုင်ပါတယ်။

Mi 9 TE နဲ့ Mi 9 ကတော့ Snapdragon 855 SoC ကို အသုံးပြုထားတာဖြစ်ပြီး၊ တန်ဖိုးသင့် Mi 9 SE ကတော့ Snapdragon 712 ပဲ အသုံးပြုပေးထားတာပါ ကျန်တဲ့ နည်းပညာအပိုင်းတွေမှာလည်း Mi 9 TE နဲ့ Mi 9 ထက် လျှော့ပေးထားတာကို တွေ့ရပါတယ်။

အကယ်၍ သင်ဟာ Mi 9 TE နဲ့ Mi 9 ကို ဈေးနှုန်းကြီးမြင့်လို့ မဝယ်ချင်ဘူး၊ Mi 9 SE ကိုလည်း CPU ပိုင်းမှာ မနှစ်သက်လို့ မဝယ်ယူချင်ဘူး ဆိုရင်တော့ 6/128GB version ကို ၅သိန်းဝန်းကျင်သာ ကျသင့်မယ့် Mi 8 က သင့်အတွက် အကောင်းဆုံး အဖော်မွန် ဖြစ်လာမှာပါ။ Mi 8 မှာဆိုရင် Snapdragon 845 SoC အသုံးပြုပေးထားတာပါ၊ အခြားသော နည်းပညာပိုင်းတွေလည်း မနိမ့်ကျပါဘူး။ Mi 9 Series မှာ ဈေးသက်သာတဲ့ Mi 9 SE ထက်တောင် CPU ပိုင်းမှာ သာလွန်နေတာလည်း တွေ့ရပါတယ်။ဒါ့အပြင် Xiaomi ဘက်က Mi 8 ဖုန်းတွေကို ဒေါ်လာ ၁၀၀ နီးပါး ဈေးလျှော့ပေးလိုက်တယ်လို့လဲ သတင်းတွေ ထွက်ပေါ်နေပါတယ်။

 

အပေါ်မှာ ပြောကြားခဲ့သလိုပဲ Mi 9 Series ဟာ မြန်မာပြည်တွင်း ဝင်ရောက်လာရင်တော့ ဈေးနှုန်းတွေ ကြီးမြင့်နေဦးမှာပါ။ Mi 9 SE ဟာလည်း တန်ဖိုးသင့် ဖုန်းတစ်လုံးဖြစ်တာကြောင့် CPU နဲ့ နည်းပညာပိုင်းတွေကအစ လျှော့ပေးထားတဲ့အတွက် Mi 9 series ကိုပဲ ဈေးကြီးပေးပြီး ဝယ်ယူမလား Mi 8 ကိုပဲ ဝယ်ယူမလား ဆိုတာကတော့...........။အကယ်၍ သင်တို့ဆိုရင်ရော Mi 9 Series နဲ့ Mi 8 မည်သည့်ဖုန်းကို ဝယ်ယူဖို့ ဆုံးဖြတ်ကြမလဲ....။

Damien
ဖေဖော်ဝါရီ - ၂၅

( Zawgyi )

လြန္ခဲ့တဲ့ ရက္ပိုင္းကပဲ Xiaomi က ၎ရဲ႕ ထုတ္ကုန္အသစ္ Mi 9 series ကို မိတ္ဆက္သြားခဲ့ပါတယ္။

Mi 9 series မွာ Mi 9 TE (Transparent Edition), Mi 9 နဲ႔ Mi 9 SE ဆိုၿပီး ဖုန္းသုံးမ်ိဳး ပါဝင္ပါတယ္။

အဆိုပါ ဖုန္းသုံးမ်ိဳးဟာ ေဈးႏႈန္းေတြလဲ ကြာျခားမႈရွိၿပီး Mi 9 TE က ျမန္မာက်ပ္ေငြ ၉သိန္းနီးပါးခန႔္၊ Mi 9 က ၆သိန္းခြဲမွ ၇သိန္းခြဲ နီးပါးခန႔္နဲ႔ Mi 9 SE ကေတာ့ ၄သိန္းခြဲမွ ၅သိန္းနီးပါးခန႔္ က်သင့္မွာပါ ျမန္မာႏိုင္ငံထဲ ဝင္ေရာက္လာရင္ေတာ့ ေဈးႏႈန္းက ပိုမိုႀကီးျမင့္လာႏိုင္ပါတယ္။

Mi 9 TE နဲ႔ Mi 9 ကေတာ့ Snapdragon 855 SoC ကို အသုံးျပဳထားတာျဖစ္ၿပီး၊ တန္ဖိုးသင့္ Mi 9 SE ကေတာ့ Snapdragon 712 ပဲ အသုံးျပဳေပးထားတာပါ က်န္တဲ့ နည္းပညာအပိုင္းေတြမွာလည္း Mi 9 TE နဲ႔ Mi 9 ထက္ ေလွ်ာ့ေပးထားတာကို ေတြ႕ရပါတယ္။

အကယ္၍ သင္ဟာ Mi 9 TE နဲ႔ Mi 9 ကို ေဈးႏႈန္းႀကီးျမင့္လို႔ မဝယ္ခ်င္ဘူး၊ Mi 9 SE ကိုလည္း CPU ပိုင္းမွာ မႏွစ္သက္လို႔ မဝယ္ယူခ်င္ဘူး ဆိုရင္ေတာ့ 6/128GB version ကို ၅သိန္းဝန္းက်င္သာ က်သင့္မယ့္ Mi 8 က သင့္အတြက္ အေကာင္းဆုံး အေဖာ္မြန္ ျဖစ္လာမွာပါ။ Mi 8 မွာဆိုရင္ Snapdragon 845 SoC အသုံးျပဳေပးထားတာပါ၊ အျခားေသာ နည္းပညာပိုင္းေတြလည္း မနိမ့္က်ပါဘူး။ Mi 9 Series မွာ ေဈးသက္သာတဲ့ Mi 9 SE ထက္ေတာင္ CPU ပိုင္းမွာ သာလြန္ေနတာလည္း ေတြ႕ရပါတယ္။ဒါ့အျပင္ Xiaomi ဘက္က Mi 8 ဖုန္းေတြကို ေဒၚလာ ၁၀၀ နီးပါး ေဈးေလွ်ာ့ေပးလိုက္တယ္လို႔လဲ သတင္းေတြ ထြက္ေပၚေနပါတယ္။

အေပၚမွာ ေျပာၾကားခဲ့သလိုပဲ Mi 9 Series ဟာ ျမန္မာျပည္တြင္း ဝင္ေရာက္လာရင္ေတာ့ ေဈးႏႈန္းေတြ ႀကီးျမင့္ေနဦးမွာပါ။ Mi 9 SE ဟာလည္း တန္ဖိုးသင့္ ဖုန္းတစ္လုံးျဖစ္တာေၾကာင့္ CPU နဲ႔ နည္းပညာပိုင္းေတြကအစ ေလွ်ာ့ေပးထားတဲ့အတြက္ Mi 9 series ကိုပဲ ေဈးႀကီးေပးၿပီး ဝယ္ယူမလား Mi 8 ကိုပဲ ဝယ္ယူမလား ဆိုတာကေတာ့...........။အကယ္၍ သင္တို႔ဆိုရင္ေရာ Mi 9 Series နဲ႔ Mi 8 မည္သည့္ဖုန္းကို ဝယ္ယူဖို႔ ဆုံးျဖတ္ၾကမလဲ....။

Damien
ေဖေဖာ္၀ါရီ - ၂၅