【 နည်းပညာ 】 Mi Band ကို ယှဉ်ပြိုင်လာမယ့် OnePlus Band

【 နည်းပညာ 】 Mi Band ကို ယှဉ်ပြိုင်လာမယ့် OnePlus Band

ယခုနောက်ပိုင်း လူငယ်တွေကြား စမတ်နာရီတွေ၊ စမတ်လက်ပတ်တွေ ‌ခေတ်စားလာခဲ့တာကို မြင်တွေ့ရပါတယ်။

 

စမတ်နာရီတွေ၊ စမတ်လက်ပတ်တွေဟာ ဒီဇိုင်းဆန်းပြားလှပပြီး၊ အချို့သော စမတ်နာရီတွေဟာ ဖုန်းပြောဆိုနိုင်တဲ့အထိ နည်းပညာတွေ ပါဝင်လာတဲ့အတွက် လူကြိုက်များ ရေပန်းစားလာခဲ့တာလည်း ဖြစ်ပါတယ်။

 

ယခု မြန်မာနိုင်ငံထဲ တရားဝင် ဝင်ရောက်လာတာ မကြာသေးတဲ့ OnePlus ကုမ္ပဏီကလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ ဝတ်ဆင်လို့ရတဲ့ စမတ်လက်ပတ်နဲ့ စမတ်နာရီတွေကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ OnePlus ကုမ္ပဏီအနေနဲ့လည်း ပြိုင်ဘက်တွေဖြစ်တဲ့ Huawei, Xiaomi, Realme တို့ စမတ်နာရီနဲ့ စမတ်လက်ပတ်ဈေးကွက်ကို ကြီးစိုးလာတာကို ဝင်ရောက်ယှဉ်ပြိုင်မယ့်ပုံပါပဲ။

 

သတင်းထွက်ပေါ်မှုတွေအရ OnePlus ဘက်က Xiaomi ရဲ့ Mi Band ကဲ့သို့ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်လက်ပတ်ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ OnePlus Band လို့ အမည်ပေးထားဖွယ်ရှိတဲ့ စမတ်လက်ပတ်ကို လာမယ့် ၂၀၂၁ ခုနှစ် မတ်လမှာ မိတ်ဆက်လာဖွယ်ရှိနေပြီး၊ ဒေါ်လာ ၄၀ ခန့်သာ ဈေးနှုန်းသတ်မှတ်ထားဖွယ်လည်း ရှိနေပါတယ်။

 

OnePlus Band ရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးပေမယ့် Mi Band ကဲ့သို့ပဲ AMOLED မျက်နှာပြင်၊ ရေစိမ်ခံနိုင်မယ့်နည်းပညာ၊ နှလုံးခုန်နှုန်းနဲ့ အိပ်စက်ချိန်ကို တိုင်းတာ အကဲဖြတ်ပေးမယ့် နည်းပညာမျိုးတွေ ပါဝင်လာနိုင်ပါတယ်။ 

 

Damien

 

( Zawgyi )

 

ယခုေနာက္ပိုင္း လူငယ္ေတြၾကား စမတ္နာရီေတြ၊ စမတ္လက္ပတ္ေတြ ‌ေခတ္စားလာခဲ့တာကို ျမင္ေတြ႕ရပါတယ္။

 

စမတ္နာရီေတြ၊ စမတ္လက္ပတ္ေတြဟာ ဒီဇိုင္းဆန္းျပားလွပၿပီး၊ အခ်ိဳ႕ေသာ စမတ္နာရီေတြဟာ ဖုန္းေျပာဆိုႏိုင္တဲ့အထိ နည္းပညာေတြ ပါဝင္လာတဲ့အတြက္ လူႀကိဳက္မ်ား ေရပန္းစားလာခဲ့တာလည္း ျဖစ္ပါတယ္။

 

ယခု ျမန္မာႏိုင္ငံထဲ တရားဝင္ ဝင္ေရာက္လာတာ မၾကာေသးတဲ့ OnePlus ကုမၸဏီကလည္း ၂၀၂၁ ခုႏွစ္အတြင္းမွာ ဝတ္ဆင္လို႔ရတဲ့ စမတ္လက္ပတ္နဲ႔ စမတ္နာရီေတြကို ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။ OnePlus ကုမၸဏီအေနနဲ႔လည္း ၿပိဳင္ဘက္ေတြျဖစ္တဲ့ Huawei, Xiaomi, Realme တို႔ စမတ္နာရီနဲ႔ စမတ္လက္ပတ္ေဈးကြက္ကို ႀကီးစိုးလာတာကို ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ပုံပါပဲ။

 

သတင္းထြက္ေပၚမႈေတြအရ OnePlus ဘက္က Xiaomi ရဲ႕ Mi Band ကဲ့သို႔ ေဈးႏႈန္းသက္သာၿပီး စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ စမတ္လက္ပတ္ကို မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ OnePlus Band လို႔ အမည္ေပးထားဖြယ္ရွိတဲ့ စမတ္လက္ပတ္ကို လာမယ့္ ၂၀၂၁ ခုႏွစ္ မတ္လမွာ မိတ္ဆက္လာဖြယ္ရွိေနၿပီး၊ ေဒၚလာ ၄၀ ခန႔္သာ ေဈးႏႈန္းသတ္မွတ္ထားဖြယ္လည္း ရွိေနပါတယ္။

 

OnePlus Band ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို မသိရွိရေသးေပမယ့္ Mi Band ကဲ့သို႔ပဲ AMOLED မ်က္ႏွာျပင္၊ ေရစိမ္ခံႏိုင္မယ့္နည္းပညာ၊ ႏွလုံးခုန္ႏႈန္းနဲ႔ အိပ္စက္ခ်ိန္ကို တိုင္းတာ အကဲျဖတ္ေပးမယ့္ နည္းပညာမ်ိဳးေတြ ပါဝင္လာႏိုင္ပါတယ္။ 

 

Damien