【 နည်းပညာ 】 NASA အာကာသယာဉ်မှ ဂြိုလ်သိမ်ဂြိုလ်မွှား အပိုင်းအစများကို စုဆောင်းနိုင်ခဲ့ပြီ

【 နည်းပညာ 】 NASA အာကာသယာဉ်မှ ဂြိုလ်သိမ်ဂြိုလ်မွှား အပိုင်းအစများကို စုဆောင်းနိုင်ခဲ့ပြီ

NASA ရဲ့ OSIRIS-REx အမည်ရ အာကာသယာဉ်ဟာ အာကာသထဲသွားရောက်ပြီး ဂြိုလ်သိမ်ဂြိုလ်မွှားတွေကို လေ့လာရန် လွှတ်တင်ထားခဲ့တာဖြစ်ပါတယ်။

 
ယခုအခါမှာတော့ ၎င်းအာကာသယာဉ်ဟာ ဂြိုလ်သိမ်အပိုင်းအစတွေကို စုဆောင်းနိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
 
လွန်ခဲ့တဲ့ရက်သတ္တပတ်က Bennu လို့ အမည်ပေးထားတဲ့ ဂြိုလ်သိမ်မှ ကျောက်ခဲအပိုင်းအစတွေကို အောင်မြင်စွာစုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။စုဆောင်းရရှိတဲ့ ဂြိုလ်သိမ်အပိုင်းအစများကို လာမယ့်သုံးနှစ်အထိ အာကာသယာဉ်အတွင်း သိမ်းဆည်းထားမှာဖြစ်ပြီး ထို့နောက်မှာ OSIRIS-REx အာကာသယာဉ်ဟာ ကမ္ဘာ‌မြေပေါ်သို့ ပြန်လည်ထွက်ခွာလာမှာဖြစ်ပါတယ်။
 
OSIRIS-REx အာကာသယာဉ်အနေနဲ့ ဂြိုလ်သိမ်တွေကို စုဆောင်းရန် စက်ရုပ်လက်တံတွေကို အသုံးပြုခဲ့တာဖြစ်ပြီး၊ စက်ရုပ်လက်တံများမှ ထိတွေ့ကောက်ယူပြီး အာကာသယာဉ်ထဲ ထည့်သွင်းသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အာကာသတွင်း လွင့်မျောနေတဲ့ ဂြိုလ်သိမ်များကိုလည်း ဆက်လက်လေ့လာသွားမယ်လို့ သိရပါတယ်။
 
OSIRIS-REx အာကာသယာဉ်ကို NASA မှ လွန်ခဲ့တဲ့ လေးနှစ်က အာကာသတွင်း လွှတ်တင်ခဲ့တာဖြစ်ပြီး၊ လာမယ့် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ‌မြေပေါ် ပြန်လည်ဆင်းသက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
 
Damien
 
( Zawgyi )
 
NASA ရဲ႕ OSIRIS-REx အမည္ရ အာကာသယာဥ္ဟာ အာကာသထဲသြားေရာက္ၿပီး ၿဂိဳလ္သိမ္ၿဂိဳလ္မႊားေတြကို ေလ့လာရန္ လႊတ္တင္ထားခဲ့တာျဖစ္ပါတယ္။
 
ယခုအခါမွာေတာ့ ၎အာကာသယာဥ္ဟာ ၿဂိဳလ္သိမ္အပိုင္းအစေတြကို စုေဆာင္းႏိုင္ခဲ့ၿပီး ျဖစ္တယ္လို႔လည္း သိရပါတယ္။
 
လြန္ခဲ့တဲ့ရက္သတၱပတ္က Bennu လို႔ အမည္ေပးထားတဲ့ ၿဂိဳလ္သိမ္မွ ေက်ာက္ခဲအပိုင္းအစေတြကို ေအာင္ျမင္စြာစုေဆာင္းႏိုင္ခဲ့တာျဖစ္ပါတယ္။စုေဆာင္းရရွိတဲ့ ၿဂိဳလ္သိမ္အပိုင္းအစမ်ားကို လာမယ့္သုံးႏွစ္အထိ အာကာသယာဥ္အတြင္း သိမ္းဆည္းထားမွာျဖစ္ၿပီး ထို႔ေနာက္မွာ OSIRIS-REx အာကာသယာဥ္ဟာ ကမာၻ‌ေျမေပၚသို႔ ျပန္လည္ထြက္ခြာလာမွာျဖစ္ပါတယ္။
 
OSIRIS-REx အာကာသယာဥ္အေနနဲ႔ ၿဂိဳလ္သိမ္ေတြကို စုေဆာင္းရန္ စက္႐ုပ္လက္တံေတြကို အသုံးျပဳခဲ့တာျဖစ္ၿပီး၊ စက္႐ုပ္လက္တံမ်ားမွ ထိေတြ႕ေကာက္ယူၿပီး အာကာသယာဥ္ထဲ ထည့္သြင္းသိမ္းဆည္းခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ အာကာသတြင္း လြင့္ေမ်ာေနတဲ့ ၿဂိဳလ္သိမ္မ်ားကိုလည္း ဆက္လက္ေလ့လာသြားမယ္လို႔ သိရပါတယ္။
 
OSIRIS-REx အာကာသယာဥ္ကို NASA မွ လြန္ခဲ့တဲ့ ေလးႏွစ္က အာကာသတြင္း လႊတ္တင္ခဲ့တာျဖစ္ၿပီး၊ လာမယ့္ ၂၀၂၃ ခုႏွစ္မွာ ကမာၻ‌ေျမေပၚ ျပန္လည္ဆင္းသက္ႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္း သိရပါတယ္။
 
Damien