【 နည်းပညာ 】 Nokia 3.4 ကို အိန္ဒိယတွင် မိတ်ဆက်မည်

【 နည်းပညာ 】 Nokia 3.4 ကို အိန္ဒိယတွင် မိတ်ဆက်မည်

တစ်ခေတ်တစ်ခါက စမတ်ဖုန်းလောကမှာ မင်းမူခဲ့တဲ့ Nokia အမှတ်တံဆိပ်မှ စမတ်ဖုန်းတွေကို ဆက်လက်ထုတ်လုပ် မိတ်ဆက်သွားဖို့ ပြင်ဆင်လာခဲ့တာ မြင်တွေ့ရပါတယ်။

လက်ရှိ စမတ်ဖုန်းစျေးကွက်မှာ နာမည်ကျခဲ့တာကို ပြန်အဖတ်ဆယ်နိုင်ဖို့အတွက် အာရှစမတ်ဖုန်းစျေးကွက်မှာ စျေးကွက်ကြီးမားတဲ့ အိန္ဒိယနိုင်ငံစျေးကွက်ကို ဗဟိုပြုပြီး Nokia အနေနဲ့ အမှတ်တံဆိပ်ပုံရိပ်ကို ပြန်လည်မြှင့်တင်မယ့် ပုံစံပါပဲ။

Nokia မှ Nokia 3.4 အမည်ရ တန်ဖိုးသင့် စမတ်ဖုန်းကို ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံမှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။တန်ဖိုးသင့် စမတ်ဖုန်းဖြစ်တာနဲ့အညီ အလယ်လတ်တန်း စွမ်းဆောင်ရည်ရှိမှာဖြစ်ပြီး၊ Snapdragon 460 SoC နဲ့ မောင်းနှင်ထားမှာဖြစ်ပါတယ်။မမ်မိုရီပမာဏကတော့ 3GB နဲ့ 4GB တို့ကို ရွေးချယ်နိုင်ပြီး၊ သိမ်းဆည်းနိုင်မှုကတော့ 32GB နဲ့ 64GB တို့ ဖြစ်ပါတယ်။

Nokia 3.4 ရဲ့ ဒီဇိုင်းပုံစံကို လေ့လာကြည့်မယ်ဆိုရင် Huawei ရဲ့ နောက်ဆုံးထွက် Mate 40 series နဲ့ ဆင်တူတာကို တွေ့ရပါတယ်။ 13MP အဓိက ကင်မရာ (primary), 5MP မြင်ကွင်းကျယ် (ultrawide) နဲ့ 2MP depth sensor units တို့ကို စမတ်ဖုန်းနောက်ဘက် အဝိုင်းကွက်ထဲမှာ Huawei Mate 40 series ကဲ့သို့ တပ်ဆင်ထားတာ မြင်တွေ့ရပါတယ်။စမတ်ဖုန်းမျက်နှာပြင် ဘယ်ဘက်ထောင့်မှာတော့ မျက်နှာပြင်ကို အပေါက်ဖောက်ပြီး 8MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။မျက်နှာပြင်အရွယ်အစားကတော့ ၆.၃၉ လက်မရှိပြီး၊ မျက်နှာပြင်အောက်ခြေမှာ Nokia အမှတ်တံဆိပ်ကို ထည့်သွင်းပေးထားတဲ့အတွက် မျက်နှာပြင်ရဲ့ အောက်ခြေဘောင်ကြီးသွားတာကိုတော့ အကြိုက်တွေ့ကြမယ် မထင်ပါဘူး။

ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပြီး၊ 10W မြန်နှုန်းမြှင့်အားသွင်းစနစ်ထောက်ပံ့ပေးထားကာ USB-C အပေါက်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။

Nokia 3.4 စမတ်ဖုန်းကို ဒီဇင်ဘာ နောက်ဆုံးပတ်လောက်မှာ မိတ်ဆက်လာဖွယ်ရှိပြီး၊ မြန်မာငွေ နှစ်သိန်းကျော်သာ ကျသင့်မှာဖြစ်ပါတယ်။

Damien

( Zawgyi )

တစ္ေခတ္တစ္ခါက စမတ္ဖုန္းေလာကမွာ မင္းမူခဲ့တဲ့ Nokia အမွတ္တံဆိပ္မွ စမတ္ဖုန္းေတြကို ဆက္လက္ထုတ္လုပ္ မိတ္ဆက္သြားဖို႔ ျပင္ဆင္လာခဲ့တာ ျမင္ေတြ႕ရပါတယ္။

လက္ရွိ စမတ္ဖုန္းေစ်းကြက္မွာ နာမည္က်ခဲ့တာကို ျပန္အဖတ္ဆယ္ႏိုင္ဖို႔အတြက္ အာရွစမတ္ဖုန္းေစ်းကြက္မွာ ေစ်းကြက္ႀကီးမားတဲ့ အိႏၵိယႏိုင္ငံေစ်းကြက္ကို ဗဟိုျပဳၿပီး Nokia အေနနဲ႔ အမွတ္တံဆိပ္ပုံရိပ္ကို ျပန္လည္ျမႇင့္တင္မယ့္ ပုံစံပါပဲ။

Nokia မွ Nokia 3.4 အမည္ရ တန္ဖိုးသင့္ စမတ္ဖုန္းကို ဒီဇင္ဘာလအတြင္း အိႏၵိယႏိုင္ငံမွာ မိတ္ဆက္လာမယ္လို႔ သိရပါတယ္။တန္ဖိုးသင့္ စမတ္ဖုန္းျဖစ္တာနဲ႔အညီ အလယ္လတ္တန္း စြမ္းေဆာင္ရည္ရွိမွာျဖစ္ၿပီး၊ Snapdragon 460 SoC နဲ႔ ေမာင္းႏွင္ထားမွာျဖစ္ပါတယ္။မမ္မိုရီပမာဏကေတာ့ 3GB နဲ႔ 4GB တို႔ကို ေ႐ြးခ်ယ္ႏိုင္ၿပီး၊ သိမ္းဆည္းႏိုင္မႈကေတာ့ 32GB နဲ႔ 64GB တို႔ ျဖစ္ပါတယ္။

Nokia 3.4 ရဲ႕ ဒီဇိုင္းပုံစံကို ေလ့လာၾကည့္မယ္ဆိုရင္ Huawei ရဲ႕ ေနာက္ဆုံးထြက္ Mate 40 series နဲ႔ ဆင္တူတာကို ေတြ႕ရပါတယ္။ 13MP အဓိက ကင္မရာ (primary), 5MP ျမင္ကြင္းက်ယ္ (ultrawide) နဲ႔ 2MP depth sensor units တို႔ကို စမတ္ဖုန္းေနာက္ဘက္ အဝိုင္းကြက္ထဲမွာ Huawei Mate 40 series ကဲ့သို႔ တပ္ဆင္ထားတာ ျမင္ေတြ႕ရပါတယ္။စမတ္ဖုန္းမ်က္ႏွာျပင္ ဘယ္ဘက္ေထာင့္မွာေတာ့ မ်က္ႏွာျပင္ကို အေပါက္ေဖာက္ၿပီး 8MP ကင္မရာကို တပ္ဆင္ေပးထားပါတယ္။မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ ၆.၃၉ လက္မရွိၿပီး၊ မ်က္ႏွာျပင္ေအာက္ေျခမွာ Nokia အမွတ္တံဆိပ္ကို ထည့္သြင္းေပးထားတဲ့အတြက္ မ်က္ႏွာျပင္ရဲ႕ ေအာက္ေျခေဘာင္ႀကီးသြားတာကိုေတာ့ အႀကိဳက္ေတြ႕ၾကမယ္ မထင္ပါဘူး။

ဘက္ထရီပမာဏကေတာ့ 4,000mAh ျဖစ္ၿပီး၊ 10W ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္ေထာက္ပံ့ေပးထားကာ USB-C အေပါက္နဲ႔ အားသြင္းႏိုင္မွာျဖစ္ပါတယ္။

Nokia 3.4 စမတ္ဖုန္းကို ဒီဇင္ဘာ ေနာက္ဆုံးပတ္ေလာက္မွာ မိတ္ဆက္လာဖြယ္ရွိၿပီး၊ ျမန္မာေငြ ႏွစ္သိန္းေက်ာ္သာ က်သင့္မွာျဖစ္ပါတယ္။

Damien