【 နည်းပညာ 】 Notch မပါဝင်တဲ့ Samsung Galaxy A80

【 နည်းပညာ 】 Notch မပါဝင်တဲ့ Samsung Galaxy A80

Samsung ဟာ ၎င်းရဲ့ စမတ်ဖုန်းတွေကို notch နဲ့ hole-punch ကင်မရာတွေနဲ့သာ ထုတ်လုပ်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ယခုနောက်ပိုင်းတော့ မျက်နှာပြင်အောက် ကင်မရာမြှုပ်နှံထားတဲ့ ဒီဇိုင်းကို တီထွင်နေတယ်လို့လည်း ဆိုပါတယ်။ဒါပေမယ့် အဆိုပါနည်းပညာ ထွက်ပေါ်မလာသေးခင်မှာ Samsung က မျက်နှာပြင်ပြည့်နီးပါး စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ Galaxy A80 ပဲ ဖြစ်ပါတယ်။

အဆိုပါ Galaxy A80 မှာ အခြား Samsung model တွေကဲ့သို့ notch နဲ့ hole-punch ကင်မရာတွေ မပါဝင်ပဲ မျက်နှာပြင်ပြည့်နီးပါးပါ။၎င်းဖုန်းရဲ့ selfie ကင်မရာက အပေါ်ဘက်ကို လည်ပတ်ထွက်လာမယ့် ပုံစံဖြစ်ပါတယ်။နောက်ဘက်ကင်မရာကိုပဲ selfie ကင်မရာအဖြစ် အသုံးပြုထားတာပါ။ကင်မရာသုံးလုံး တပ်ဆက်ပေးထားပြီး အဓိက ကင်မရာကတော့ 48MP ဖြစ်ပါတယ်။

မျက်နှာပြင်ကို Samsung ရဲ့ နာမည်ကျော် Super AMOLED Full HD+ (1080x2400 px) တပ်ဆင်ထားပြီး၊ Qualcomm Snapdragon 730 နဲ့ မောင်းနှင်ထားကာ၊ 8GB RAM နဲ့ 128GB storage ထည့်သွင်းပေးထားပါတယ်။ဘက်ထရီပမာဏကိုလည်း 3700mAh ထည့်သွင်းပေးထားတာကိုလည်း မြင်တွေ့ရပါတယ်။

လည်ပတ်ထွက်လာတဲ့ ကင်မရာဒီဇိုင်းကိုပဲ ကျေးဇူးတင်ရမှာဖြစ်ပြီး၊ အဆိုပါ ပုံစံကြောင့် မျက်နှာပြင်ကြီးမားတဲ့ အရသာကို ခံစားရတာလည်း ဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ အခြားရွေးချယ်စရာ စမတ်ဖုန်းအမျိုးအမည်တွေ ရှိပေမယ့် Samsung ရဲ့ နာမည်ကျော် Super AMOLED မျက်နှာပြင် ပါဝင်တဲ့ Galaxy A80 ဟာလည်း ရွေးချယ်ဝယ်ယူသင့်တဲ့ စမတ်ဖုန်းကောင်းတစ်လုံး ဖြစ်ပါတယ်။

Damien

( Zawgyi )

Samsung ဟာ ၎ရဲ႕ စမတ္ဖုန္းေတြကို notch နဲ႔ hole-punch ကင္မရာေတြနဲ႔သာ ထုတ္လုပ္ခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

ယခုေနာက္ပိုင္းေတာ့ မ်က္ႏွာျပင္ေအာက္ ကင္မရာျမႇဳပ္ႏွံထားတဲ့ ဒီဇိုင္းကို တီထြင္ေနတယ္လို႔လည္း ဆိုပါတယ္။ဒါေပမယ့္ အဆိုပါနည္းပညာ ထြက္ေပၚမလာေသးခင္မွာ Samsung က မ်က္ႏွာျပင္ျပည့္နီးပါး စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္ခဲ့ပါတယ္။ Galaxy A80 ပဲ ျဖစ္ပါတယ္။

အဆိုပါ Galaxy A80 မွာ အျခား Samsung model ေတြကဲ့သို႔ notch နဲ႔ hole-punch ကင္မရာေတြ မပါဝင္ပဲ မ်က္ႏွာျပင္ျပည့္နီးပါးပါ။၎ဖုန္းရဲ႕ selfie ကင္မရာက အေပၚဘက္ကို လည္ပတ္ထြက္လာမယ့္ ပုံစံျဖစ္ပါတယ္။ေနာက္ဘက္ကင္မရာကိုပဲ selfie ကင္မရာအျဖစ္ အသုံးျပဳထားတာပါ။ကင္မရာသုံးလုံး တပ္ဆက္ေပးထားၿပီး အဓိက ကင္မရာကေတာ့ 48MP ျဖစ္ပါတယ္။

မ်က္ႏွာျပင္ကို Samsung ရဲ႕ နာမည္ေက်ာ္ Super AMOLED Full HD+ (1080x2400 px) တပ္ဆင္ထားၿပီး၊ Qualcomm Snapdragon 730 နဲ႔ ေမာင္းႏွင္ထားကာ၊ 8GB RAM နဲ႔ 128GB storage ထည့္သြင္းေပးထားပါတယ္။ဘက္ထရီပမာဏကိုလည္း 3700mAh ထည့္သြင္းေပးထားတာကိုလည္း ျမင္ေတြ႕ရပါတယ္။

လည္ပတ္ထြက္လာတဲ့ ကင္မရာဒီဇိုင္းကိုပဲ ေက်းဇူးတင္ရမွာျဖစ္ၿပီး၊ အဆိုပါ ပုံစံေၾကာင့္ မ်က္ႏွာျပင္ႀကီးမားတဲ့ အရသာကို ခံစားရတာလည္း ျဖစ္ပါတယ္။

ေဈးကြက္ထဲမွာ အျခားေ႐ြးခ်ယ္စရာ စမတ္ဖုန္းအမ်ိဳးအမည္ေတြ ရွိေပမယ့္ Samsung ရဲ႕ နာမည္ေက်ာ္ Super AMOLED မ်က္ႏွာျပင္ ပါဝင္တဲ့ Galaxy A80 ဟာလည္း ေ႐ြးခ်ယ္ဝယ္ယူသင့္တဲ့ စမတ္ဖုန္းေကာင္းတစ္လုံး ျဖစ္ပါတယ္။

Damien