【 နည်းပညာ 】 Oppo ရဲ့ flagship ဖုန်း လာမည့်လတွင် မိတ်ဆက်မည်

【 နည်းပညာ 】 Oppo ရဲ့ flagship ဖုန်း လာမည့်လတွင် မိတ်ဆက်မည်

Oppo ရဲ့ flagship ဖုန်းကို April လမှာ မိတ်ဆက်တော့မှာ ဖြစ်တယ်လို့ Oppo ရဲ့ Vice President ဖြစ်တဲ့ ရှန်းရီရန် (Shen Yiren) မှ ကြေညာပေးခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါဖုန်းမှာ 10x Zoom ကင်မရာနည်းပညာ ပါဝင်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အသစ်ထွက်ရှိလာမယ့် flagship ဖုန်းဟာ ယခင်ထွက်ရှိခဲ့တဲ့ Oppo စမတ်ဖုန်းတွေနဲ့ ဒီဇိုင်းပုံစံပါ ကွဲပြားခြားနားသွားမှာဖြစ်ပြီး ကင်မရာပိုင်းမှာလည်း ပိုမိုတိုးတက်မှုတွေ ရှိလာမှာပါလို့ ရီရန် က ထပ်မံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Oppo VP မှ အသစ်မိတ်ဆက်မည့် စမတ်ဖုန်းပုံစံလို့ ယူဆရတဲ့ အဖြူအမည်း ပုံတစ်ခုကိုလည်း ဖော်ပြခဲ့ပြီး နောက်ဘက်မှာ ကင်မရာသုံးလုံးပုံစံကို မြင်တွေ့ရသလို MCW ပွဲမှာ မြင်တွေ့ခဲ့ပြီးဖြစ်တဲ့ 10x Zoom ကင်မရာနည်းပညာကို ထည့်သွင်းပါဝင်လာမှာပါ။

Oppo ရဲ့ flagship ဖုန်းဟာ Snapdragon 855 SoC ကိုပဲ တပ်ဆင်လာမှာဖြစ်ပြီး၊ ဘက်ထရီကတော့ 4065 mAh ပါ။အဆိုဖုန်းရဲ့ အမည်ကိုတော့ Oppo မှ ကြေညာခြင်းမရှိသေးပဲ ကောလာဟလတွေအရတော့ Find Z လို့ အမည်ပေးဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Damien
Ref - gsmarena
မတ် - ၃

( Zawgyi )

Oppo ရဲ႕ flagship ဖုန္းကို April လမွာ မိတ္ဆက္ေတာ့မွာ ျဖစ္တယ္လို႔ Oppo ရဲ႕ Vice President ျဖစ္တဲ့ ရွန္းရီရန္ (Shen Yiren) မွ ေၾကညာေပးခဲ့ပါတယ္။

ဒါ့အျပင္ အဆိုပါဖုန္းမွာ 10x Zoom ကင္မရာနည္းပညာ ပါဝင္လာမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

အသစ္ထြက္ရွိလာမယ့္ flagship ဖုန္းဟာ ယခင္ထြက္ရွိခဲ့တဲ့ Oppo စမတ္ဖုန္းေတြနဲ႔ ဒီဇိုင္းပုံစံပါ ကြဲျပားျခားနားသြားမွာျဖစ္ၿပီး ကင္မရာပိုင္းမွာလည္း ပိုမိုတိုးတက္မႈေတြ ရွိလာမွာပါလို႔ ရီရန္ က ထပ္မံေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ Oppo VP မွ အသစ္မိတ္ဆက္မည့္ စမတ္ဖုန္းပုံစံလို႔ ယူဆရတဲ့ အျဖဴအမည္း ပုံတစ္ခုကိုလည္း ေဖာ္ျပခဲ့ၿပီး ေနာက္ဘက္မွာ ကင္မရာသုံးလုံးပုံစံကို ျမင္ေတြ႕ရသလို MCW ပြဲမွာ ျမင္ေတြ႕ခဲ့ၿပီးျဖစ္တဲ့ 10x Zoom ကင္မရာနည္းပညာကို ထည့္သြင္းပါဝင္လာမွာပါ။

Oppo ရဲ႕ flagship ဖုန္းဟာ Snapdragon 855 SoC ကိုပဲ တပ္ဆင္လာမွာျဖစ္ၿပီး၊ ဘက္ထရီကေတာ့ 4065 mAh ပါ။အဆိုဖုန္းရဲ႕ အမည္ကိုေတာ့ Oppo မွ ေၾကညာျခင္းမရွိေသးပဲ ေကာလာဟလေတြအရေတာ့ Find Z လို႔ အမည္ေပးဖြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

Damien
Ref - gsmarena
မတ္ - ၃