【 နည်းပညာ 】 Pokémon Go တွင် AR photo mode မကြာခင်၏ ပါဝင်လာတော့မည်

【 နည်းပညာ 】 Pokémon Go တွင် AR photo mode မကြာခင်၏ ပါဝင်လာတော့မည်

သင့်ရဲ့ Pikachu ဓာတ်ပုံတွေကို ပိုမိုကြည့်ကောင်းအောင် လုပ်နိုင်မယ့် နည်းပညာတစ်ခုကတော့ မကြာခင် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

Niantic မှ Pokémon Go အတွက် နည်းပညာအသစ်တစ်ခုကို ဖော်ပြလိုက်ပါတယ် အဲ့တာကိုတော့ "Go snapshot" လို့ အမည်ပေးထားပြီး၊ အဆိုပါ နည်းပညာသစ်ဟာ ဂိမ်းထဲမှ ဓာတ်ပုံတွေရဲ့ စွမ်းရည်ကို တိုးတက်စေမှာပါ။၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ပွဲထွက်လာခဲ့တဲ့ AR+ နည်းပညာပေါ်မှာ အခြေပြုထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Pokémon Go ကစားသူတွေဟာ ပိုမိုလက်တွေ့ဆန်တဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်တော့မှာဖြစ်ပြီး၊ လျှပ်တစ်ပျက်ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံနည်းပညာသစ်က သင့်ရဲ့ pokémon အကောင်လေးတွေကို ပိုမိုကြည့်ကောင်းအောင် ပြုလုပ်ပေးမှာပါ။

သင့်ရဲ့ အိတ်ထဲမှ pokémon တစ်ကောင်ကို ရွေးချယ်လိုက်ပြီး အဲ့ဒီမှာပဲ camera ပုံလေး ရှိပါလိမ့်မယ်၊ ပြီးတာနဲ့ snapshot tool ကို သွားရောက်ရွေးချယ် ရိုက်ကူးရမှာဖြစ်ပြီး၊ Pokémon တစ်ကောင်ကို ဖမ်းယူချင်တယ် ဆိုရင်တော့ သင့်ရဲ့ pokéball ကို ပစ်လွှတ်လိုက်ရုံပါပဲ။ AR နည်းပညာပေါ်မှာ အခြေပြုထားတဲ့အတွက် သင့်အနေနဲ့ Squirtle ကို ရှုထောင့်မျိုးစုံမှ ကြည့်ရှုဖမ်းဆီးနိုင်မှာပါ။

Niantic မှ game designer လော်ရာဝါနာ (Laura Warner) မှ "ကစားသူတွေဟာ အံ့သြဖွယ်ဓာတ်ပုံတွေကို နည်းပညာသစ်နဲ့ လွယ်လင့်တကူ ရိုက်ကူးနိုင်မှာပါ " လို့ ဆိုထားပါတယ်။ဒါ့အပြင် သူမက "ကျမတို့ ဓာတ်ပုံတွေကို အလွယ်တကူ ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးရမယ်ဆိုတာ နားလည်သဘောပေါက်ပါတယ်၊ ဒါကြောင့် သင်တို့ ဖမ်းမိထားတဲ့ pokémon အကောင်လေးတွေကို ဘယ်အချိန် ဘယ်နေရာပဲဖြစ်ဖြစ် လက်တွေ့ဆန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်သွားမှာ ဖြစ်ပါတယ်" လို့ ထပ်မံရှင်းပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်က Niantic ဟာ Pokémon Go AR+ နည်းပညာကို Android ဆီ ယူဆောင်လာခဲ့ပြီး အဆိုပါနည်းပညာမှတဆင့် ပိုမိုလက်တွေ့ကျနိုင်မယ့် animation တွေကို တီထွင်ကြံဆခဲ့ကြတာပါ။အဆိုပါ နည်းပညာမှာ pokémon တစ်ကောင်ချင်းစီရဲ့ ပုံသဏ္ဍာန်တွေကို ပိုမိုတိကျ ဆန်းသစ်လာစေခဲ့ပြီး၊ ဥပမာ Charmander မီးတောက်အမြီးရဲ့ အရိပ်ပုံပန်းသဏ္ဍန်တွေဟာ ပိုမိုတိကျလက်တွေ့ဆန်လာတာကို တွေ့ရပါတယ်။ AR+ နည်းပညာပေါ်မှာ အခြေပြုထားတဲ့ snapshot mode မှာလည်း သင့် pokémon လေးတွေရဲ့ ဓာတ်ပုံတွေကို ပိုမိုကြည့်ကောင်းစေမှာပါ။

ဒါ့အပြင် ဝါနာ မှ "ဂိမ်းထဲမှာ အခြေခံကင်မရာ မပါဝင်ပါဘူး ထို့အတွက် အဆိုပါ နည်းပညာကို အသုံးပြုပြီး pokémon လေးတွေကို လက်တွေ့ဆန်အောင် ပြုလုပ်ပေးတာပါ" ၊ "ကျမတို့အတွက် အရေးကြီးတဲ့အချက်က pokémon လေးတွေကို သင်တို့အတွက် အကောင်းဆုံး အဖော်မွန်၊ သင်တို့အတွက် အစိတ်အပိုင်းလေးတစ်ခု ဖြစ်လာစေဖို့ပါပဲ" ၊ "ဒါကြောင့် ကျမတို့အတွက် ရိုးရှင်းတဲ့ camera app မလိုအပ်ပါဘူး၊ ကျမတို့က သင်တို့နဲ့ pokémon လေးတွေကို ပိုမိုနီးစပ်သွားအောင် ပြုလုပ်ပေးချင်တာပါ" လို့ ပြောကြားပါတယ်။

ကစားသူတွေ ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေဟာ စမတ်ဖုန်းရဲ့ camera roll ထဲမှာ သိမ်းဆည်းသွားမှာဖြစ်ပြီး သင့်အနေနဲ့ အလိုရှိရာ လူမှုကွန်ရက်တွေမှာ မျှဝေသွားနိုင်မှာပါ။

Niantic ကတော့ မကြာခင်မှာ အဆိုပါ လျှပ်တစ်ပျက်ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံနည်းပညာသစ် (snapshot tool) ကို iOS နဲ့ Android အတွက် ထုတ်လုပ်ပေးသွားတော့မှာပါ။

Damien
Ref - theverge
ဖေဖော်ဝါရီ - ၁၃

( Zawgyi )

သင့္ရဲ႕ Pikachu ဓာတ္ပုံေတြကို ပိုမိုၾကည့္ေကာင္းေအာင္ လုပ္ႏိုင္မယ့္ နည္းပညာတစ္ခုကေတာ့ မၾကာခင္ ေပၚထြက္လာေတာ့မွာ ျဖစ္ပါတယ္။

Niantic မွ Pokémon Go အတြက္ နည္းပညာအသစ္တစ္ခုကို ေဖာ္ျပလိုက္ပါတယ္ အဲ့တာကိုေတာ့ "Go snapshot" လို႔ အမည္ေပးထားၿပီး၊ အဆိုပါ နည္းပညာသစ္ဟာ ဂိမ္းထဲမွ ဓာတ္ပုံေတြရဲ႕ စြမ္းရည္ကို တိုးတက္ေစမွာပါ။၂၀၁၇ ခုႏွစ္ ေႏွာင္းပိုင္းမွာ ပြဲထြက္လာခဲ့တဲ့ AR+ နည္းပညာေပၚမွာ အေျချပဳထားတာလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ Pokémon Go ကစားသူေတြဟာ ပိုမိုလက္ေတြ႕ဆန္တဲ့ ဓာတ္ပုံမ်ားကို ႐ိုက္ကူးႏိုင္ေတာ့မွာျဖစ္ၿပီး၊ လွ်ပ္တစ္ပ်က္႐ိုက္ကူးႏိုင္တဲ့ ဓာတ္ပုံနည္းပညာသစ္က သင့္ရဲ႕ pokémon အေကာင္ေလးေတြကို ပိုမိုၾကည့္ေကာင္းေအာင္ ျပဳလုပ္ေပးမွာပါ။

သင့္ရဲ႕ အိတ္ထဲမွ pokémon တစ္ေကာင္ကို ေ႐ြးခ်ယ္လိုက္ၿပီး အဲ့ဒီမွာပဲ camera ပုံေလး ရွိပါလိမ့္မယ္၊ ၿပီးတာနဲ႔ snapshot tool ကို သြားေရာက္ေ႐ြးခ်ယ္ ႐ိုက္ကူးရမွာျဖစ္ၿပီး၊ Pokémon တစ္ေကာင္ကို ဖမ္းယူခ်င္တယ္ ဆိုရင္ေတာ့ သင့္ရဲ႕ pokéball ကို ပစ္လႊတ္လိုက္႐ုံပါပဲ။ AR နည္းပညာေပၚမွာ အေျချပဳထားတဲ့အတြက္ သင့္အေနနဲ႔ Squirtle ကို ရႈေထာင့္မ်ိဳးစုံမွ ၾကည့္ရႈဖမ္းဆီးႏိုင္မွာပါ။

Niantic မွ game designer ေလာ္ရာဝါနာ (Laura Warner) မွ "ကစားသူေတြဟာ အံ့ၾသဖြယ္ဓာတ္ပုံေတြကို နည္းပညာသစ္နဲ႔ လြယ္လင့္တကူ ႐ိုက္ကူးႏိုင္မွာပါ " လို႔ ဆိုထားပါတယ္။ဒါ့အျပင္ သူမက "က်မတို႔ ဓာတ္ပုံေတြကို အလြယ္တကူ ႐ိုက္ကူးႏိုင္ေအာင္ ျပဳလုပ္ေပးရမယ္ဆိုတာ နားလည္သေဘာေပါက္ပါတယ္၊ ဒါေၾကာင့္ သင္တို႔ ဖမ္းမိထားတဲ့ pokémon အေကာင္ေလးေတြကို ဘယ္အခ်ိန္ ဘယ္ေနရာပဲျဖစ္ျဖစ္ လက္ေတြ႕ဆန္တဲ့ ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္သြားမွာ ျဖစ္ပါတယ္" လို႔ ထပ္မံရွင္းျပထားပါတယ္။

လြန္ခဲ့တဲ့ႏွစ္က Niantic ဟာ Pokémon Go AR+ နည္းပညာကို Android ဆီ ယူေဆာင္လာခဲ့ၿပီး အဆိုပါနည္းပညာမွတဆင့္ ပိုမိုလက္ေတြ႕က်ႏိုင္မယ့္ animation ေတြကို တီထြင္ႀကံဆခဲ့ၾကတာပါ။အဆိုပါ နည္းပညာမွာ pokémon တစ္ေကာင္ခ်င္းစီရဲ႕ ပုံသ႑ာန္ေတြကို ပိုမိုတိက် ဆန္းသစ္လာေစခဲ့ၿပီး၊ ဥပမာ Charmander မီးေတာက္အၿမီးရဲ႕ အရိပ္ပုံပန္းသ႑န္ေတြဟာ ပိုမိုတိက်လက္ေတြ႕ဆန္လာတာကို ေတြ႕ရပါတယ္။ AR+ နည္းပညာေပၚမွာ အေျချပဳထားတဲ့ snapshot mode မွာလည္း သင့္ pokémon ေလးေတြရဲ႕ ဓာတ္ပုံေတြကို ပိုမိုၾကည့္ေကာင္းေစမွာပါ။

ဒါ့အျပင္ ဝါနာ မွ "ဂိမ္းထဲမွာ အေျခခံကင္မရာ မပါဝင္ပါဘူး ထို႔အတြက္ အဆိုပါ နည္းပညာကို အသုံးျပဳၿပီး pokémon ေလးေတြကို လက္ေတြ႕ဆန္ေအာင္ ျပဳလုပ္ေပးတာပါ" ၊ "က်မတို႔အတြက္ အေရးႀကီးတဲ့အခ်က္က pokémon ေလးေတြကို သင္တို႔အတြက္ အေကာင္းဆုံး အေဖာ္မြန္၊ သင္တို႔အတြက္ အစိတ္အပိုင္းေလးတစ္ခု ျဖစ္လာေစဖို႔ပါပဲ" ၊ "ဒါေၾကာင့္ က်မတို႔အတြက္ ႐ိုးရွင္းတဲ့ camera app မလိုအပ္ပါဘူး၊ က်မတို႔က သင္တို႔နဲ႔ pokémon ေလးေတြကို ပိုမိုနီးစပ္သြားေအာင္ ျပဳလုပ္ေပးခ်င္တာပါ" လို႔ ေျပာၾကားပါတယ္။

ကစားသူေတြ ႐ိုက္ကူးလိုက္တဲ့ ဓာတ္ပုံေတြဟာ စမတ္ဖုန္းရဲ႕ camera roll ထဲမွာ သိမ္းဆည္းသြားမွာျဖစ္ၿပီး သင့္အေနနဲ႔ အလိုရွိရာ လူမႈကြန္ရက္ေတြမွာ မွ်ေဝသြားႏိုင္မွာပါ။

Niantic ကေတာ့ မၾကာခင္မွာ အဆိုပါ လွ်ပ္တစ္ပ်က္႐ိုက္ကူးႏိုင္တဲ့ ဓာတ္ပုံနည္းပညာသစ္ (snapshot tool) ကို iOS နဲ႔ Android အတြက္ ထုတ္လုပ္ေပးသြားေတာ့မွာပါ။

Damien
Ref - theverge
ေဖေဖာ္ဝါရီ - ၁၃