【 နည်းပညာ 】 ROG Phone 4 ရဲ့ ကြော်ငြာပုံရိပ်တွေကို စတင်ထုတ်ဖော်ပြသပြီ

【 နည်းပညာ 】 ROG Phone 4 ရဲ့ ကြော်ငြာပုံရိပ်တွေကို စတင်ထုတ်ဖော်ပြသပြီ

Xiaomi ရဲ့ Gaming အမှတ်တံဆိပ် Black Shark 4 စမတ်ဖုန်းကို လာမယ့်ရက်ပိုင်းအတွင်းမှာ မိတ်ဆက်တော့မယ်လို့ ကြေညာခဲ့ပြီးနောက် Asus ကုမ္ပဏီဘက်ကလည်း ၎င်းရဲ့ နာမည်ကျော် မျိုးဆက်သစ် ဂိမ်းအသားပေးဖုန်း ROG Phone 4 ရဲ့ ကြော်ငြာပုံရိပ် စတင်ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါတယ်။

ROG Phone မှသည် ROG Phone 2, ROG Phone 3 တို့အထိ ဂိမ်းအသားပေး စမတ်ဖုန်းတွေကြား အမြဲထိပ်တန်းနေရာကို ရယူနိုင်ခဲ့ပြီး၊ ROG Phone 4 နဲ့အတူ ဂိမ်းအသားပေး စမတ်ဖုန်းဈေးကွက်ကို Asus အနေနဲ့ ကိုင်လှုပ်လာဦးမှာလည်းဖြစ်ပါတယ်။

Asus ကတော့ တရုတ်လူမှုကွန်ယက် Weibo မှာ ROG Phone 4 ရဲ့ ပထမဆုံးကြေညာပုံရိပ်ကို ဖော်ပြပြီး၊ ပြိုင်ဘက်တွေဖြစ်တဲ့ Xiaomi ရဲ့ Black Shark, ZTE ရဲ့ Nubia, Vivo ရဲ့ IQOO တို့လို Gaming အမှတ်တံဆိပ်တွေကို ၎င်းအနေနဲ့ ဂိမ်းအသားပေး စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးနေရာရယူဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

ROG Phone 4 ရဲ့ ကြော်ငြာဓာတ်ပုံအရ ဘယ်လိုဒီဇိုင်းသွင်ပြင် အဆင်မြှင့်တင်မှုတွေနဲ့ မိတ်ဆက်လာမလဲ‌ဆိုတာ ခန့်မှန်းလို့မရသေးပါဘူး။ကြော်ငြာပုံရိပ်အရ ဘေးဘောင်တွေ ပါးလာဖို့ရှိနေပြီး၊ ယခင် ROG ဖုန်းတွေထက် မျက်နှာပြင်ပိုကျယ်ပြန့်လာဖွယ်လည်း ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ Gaming အမှတ်တံဆိပ်တွေဖြစ်တဲ့ Asus ROG, Xiaomi Black Shark နဲ့ ZTE Nubia တို့မှ မျိုးဆက်သစ် ဂိမ်းအသားပေး စမတ်ဖုန်းတွေမိတ်ဆက်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေပါတယ်။

Damien

( Zawgyi )

Xiaomi ရဲ႕ Gaming အမွတ္တံဆိပ္ Black Shark 4 စမတ္ဖုန္းကို လာမယ့္ရက္ပိုင္းအတြင္းမွာ မိတ္ဆက္ေတာ့မယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ Asus ကုမၸဏီဘက္ကလည္း ၎ရဲ႕ နာမည္ေက်ာ္ မ်ိဳးဆက္သစ္ ဂိမ္းအသားေပးဖုန္း ROG Phone 4 ရဲ႕ ေၾကာ္ျငာပုံရိပ္ စတင္ထုတ္ေဖာ္ျပသလိုက္ၿပီျဖစ္ပါတယ္။

ROG Phone မွသည္ ROG Phone 2, ROG Phone 3 တို႔အထိ ဂိမ္းအသားေပး စမတ္ဖုန္းေတြၾကား အၿမဲထိပ္တန္းေနရာကို ရယူႏိုင္ခဲ့ၿပီး၊ ROG Phone 4 နဲ႔အတူ ဂိမ္းအသားေပး စမတ္ဖုန္းေဈးကြက္ကို Asus အေနနဲ႔ ကိုင္လႈပ္လာဦးမွာလည္းျဖစ္ပါတယ္။

Asus ကေတာ့ တ႐ုတ္လူမႈကြန္ယက္ Weibo မွာ ROG Phone 4 ရဲ႕ ပထမဆုံးေၾကညာပုံရိပ္ကို ေဖာ္ျပၿပီး၊ ၿပိဳင္ဘက္ေတြျဖစ္တဲ့ Xiaomi ရဲ႕ Black Shark, ZTE ရဲ႕ Nubia, Vivo ရဲ႕ IQOO တို႔လို Gaming အမွတ္တံဆိပ္ေတြကို ၎အေနနဲ႔ ဂိမ္းအသားေပး စမတ္ဖုန္းေဈးကြက္မွာ ထိပ္ဆုံးေနရာရယူဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း အသိေပးလိုက္ပါတယ္။

ROG Phone 4 ရဲ႕ ေၾကာ္ျငာဓာတ္ပုံအရ ဘယ္လိုဒီဇိုင္းသြင္ျပင္ အဆင္ျမႇင့္တင္မႈေတြနဲ႔ မိတ္ဆက္လာမလဲ‌ဆိုတာ ခန႔္မွန္းလို႔မရေသးပါဘူး။ေၾကာ္ျငာပုံရိပ္အရ ေဘးေဘာင္ေတြ ပါးလာဖို႔ရွိေနၿပီး၊ ယခင္ ROG ဖုန္းေတြထက္ မ်က္ႏွာျပင္ပိုက်ယ္ျပန႔္လာဖြယ္လည္း ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Gaming အမွတ္တံဆိပ္ေတြျဖစ္တဲ့ Asus ROG, Xiaomi Black Shark နဲ႔ ZTE Nubia တို႔မွ မ်ိဳးဆက္သစ္ ဂိမ္းအသားေပး စမတ္ဖုန္းေတြမိတ္ဆက္ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနပါတယ္။

Damien