【 နည်းပညာ 】 Samsung မှ 5G modems များကို စမ်းသပ်တီထွင်နေပြီ

【 နည်းပညာ 】 Samsung မှ 5G modems များကို စမ်းသပ်တီထွင်နေပြီ

Samsung ကတော့ 5G network အသုံးပြုနိုင်မယ့် modems တွေကို စမ်းသပ်နေပြီလို့ ဖော်ပြလိုက်ပါတယ်။

Exynos 5G modems တွေဟာ စမတ်ဖုန်း သုံးစွဲသူတွေထံကို 5G မြန်နှုန်းကို ယူဆောင်ပေးလာတော့မှာ ဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။

နောက်ဆုံးပေါ် စမတ်ဖုန်းတွေအတွက်လည်း chips အသစ်တွေကို ထုတ်လုပ်ပြီးပြီလို့ ပြောကြားခဲ့ပေမယ့် iPhone တွေအတွက်တော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

Chips အသစ်တွေကို ထုတ်လုပ်ပြီး နောက်ထွက်လာမယ့် 5G စမတ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး၊ Exynos modem 5100, Exynos RF 5500, Exynos SM5800 models chips တွေဟာ 5G network ကို ထောက်ပံ့ပေးမယ်လို့လည်း Samsung မှ ရှင်းပြခဲ့ပါတယ်။

Qualcomm, Huawei နဲ့ အခြားသော ကုမ္ပဏီတွေဟာလဲ 5G network ထောက်ပံ့ပေးနိုင်မယ့် chips ပြားတွေကို အပြိုင်အဆိုင် စမ်းသပ်နေကြပြီ ဖြစ်တဲ့အပြင် ယခုအခါမှာ Samsung လည်း အဆိုပါ 5G chips ပြား ထုတ်လုပ်တဲ့ ပြိုင်ပွဲထဲ ဝင်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

နောင်ထွက်ရှိလာမယ့် စမတ်ဖုန်းတွေမှာ မည်သည့် ကုမ္ပဏီက 5G ထောက်ပံ့နိုင်မယ့် chips ပြားတွေ တပ်ဆင်ထုတ်လုပ်ပေးနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien

( Zawgyi )

Samsung ကေတာ့ 5G network အသုံးျပဳႏိုင္မယ့္ modems ေတြကို စမ္းသပ္ေနၿပီလို႔ ေဖာ္ျပလိုက္ပါတယ္။

Exynos 5G modems ေတြဟာ စမတ္ဖုန္း သုံးစြဲသူေတြထံကို 5G ျမန္ႏႈန္းကို ယူေဆာင္ေပးလာေတာ့မွာ ျဖစ္တယ္လို႔လည္း ဆိုလိုက္ပါတယ္။

ေနာက္ဆုံးေပၚ စမတ္ဖုန္းေတြအတြက္လည္း chips အသစ္ေတြကို ထုတ္လုပ္ၿပီးၿပီလို႔ ေျပာၾကားခဲ့ေပမယ့္ iPhone ေတြအတြက္ေတာ့ မပါဝင္ဘူးလို႔ ဆိုပါတယ္။

Chips အသစ္ေတြကို ထုတ္လုပ္ၿပီး ေနာက္ထြက္လာမယ့္ 5G စမတ္ဖုန္းေတြမွာ ထည့္သြင္းအသုံးျပဳသြားမွာျဖစ္ၿပီး၊ Exynos modem 5100, Exynos RF 5500, Exynos SM5800 models chips ေတြဟာ 5G network ကို ေထာက္ပံ့ေပးမယ္လို႔လည္း Samsung မွ ရွင္းျပခဲ့ပါတယ္။

Qualcomm, Huawei နဲ႔ အျခားေသာ ကုမၸဏီေတြဟာလဲ 5G network ေထာက္ပံ့ေပးႏိုင္မယ့္ chips ျပားေတြကို အၿပိဳင္အဆိုင္ စမ္းသပ္ေနၾကၿပီ ျဖစ္တဲ့အျပင္ ယခုအခါမွာ Samsung လည္း အဆိုပါ 5G chips ျပား ထုတ္လုပ္တဲ့ ၿပိဳင္ပြဲထဲ ဝင္ေရာက္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။

ေနာင္ထြက္ရွိလာမယ့္ စမတ္ဖုန္းေတြမွာ မည္သည့္ ကုမၸဏီက 5G ေထာက္ပံ့ႏိုင္မယ့္ chips ျပားေတြ တပ္ဆင္ထုတ္လုပ္ေပးႏိုင္မလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien