【 နည်းပညာ 】Apple မှ ဝန်ထမ်းများအတွက် နှာခေါင်းစည်းထုတ်လုပ်

【  နည်းပညာ  】Apple မှ ဝန်ထမ်းများအတွက် နှာခေါင်းစည်းထုတ်လုပ်

Covid-19 ကူးစက်ရောဂါကို ကာကွယ်ရန်အလို့ငှာ iPhone, iPad တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Apple မှ ၎င်းရဲ့ ဝန်ထမ်းများအတွက် Mask (နှာခေါင်းစည်း) တွေကို ဒီဇိုင်းဆွဲ ထုတ်လုပ်သွား မယ်လို့ ဆိုပါတယ်။

အဆိုပါနှာခေါင်းစည်းတွေကို Apple Design Team ကနေ ဒီဇိုင်းဆွဲပေးထားပြီး Apple Face Mask နဲ့ Apple Clear Mask ဆိုပြီး နှစ်မျိုးထုတ်လုပ်ပေးသွားမယ်လို့ သိရပါတယ်။

Apple Face Mask ကို iPhone, iPad တွေကို ဒီဇိုင်းဆွဲပေးတဲ့ Apple ရဲ့ Engineering and Industrial Design teams မှ ဒီဇိုင်းဆွဲထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။အဆိုပါ Face Mask ကို အမှုန်အမွှားတွေ စစ်ထုတ်ပေးနိုင်မယ့် အလွှာသုံးလွှာနဲ့ ပြုလုပ်ထားပြီး၊ ငါးကြိမ်အထိ ဆေးကြော အသုံးပြုနိုင်မယ်လို့ Apple က ဆိုပါတယ်။ဝတ်ဆင်သူရဲ့ နှာခေါင်းနဲ့ မေးစေ့ နေရာ တွေကို အပြည့်အဝကာကွယ်နိုင်အောင် ဒီဇိုင်းဆွဲထားပြီး၊ နားတွင်ချိတ်တဲ့ Face Mask ကြိုးကို အတိုးအလျှော့ ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

Apple ရဲ့ နှာခေါင်းစည်း နောက်ထပ်တစ်မျိုးကတော့ Clear Mask ပါ။ဖောက်ထွင်းမြင်နိုင်တဲ့ ဒီဇိုင်းပုံစံနဲ့ ထုတ်လုပ်လာမှာဖြစ်ပြီး၊ အကြားအာရုံချို့တဲ့သူများအတွက် ရည်ရွယ်ထုတ်လုပ် ခြင်းလည်း ဖြစ်ပါတယ်။အဆိုပါ Clear Mask ကို ဝါရှင်တန်အခြေစိုက် ဆွံ့အနားမကြား တက္ကသိုလ် ဖြစ်တဲ့ Gallaudet University နဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး၊ စတိုးသုံးခုက ဝန်ထမ်းတွေနဲ့ စမ်းသပ်ခဲ့ပြီးဖြစ်တယ်လို့ Apple မှ ဆိုပါတယ်။

Apple အနေနဲ့  နှာ‌ခေါင်းစည်းတွေကို လာမယ့်နှစ်ပတ်အတွင်းမှာ ဝန်ထမ်းတွေဆီကို ပို့ဆောင် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Damien

 

(  Zawgyi  )

 

 Covid-19 ကူးစက္ေရာဂါကို ကာကြယ္ရန္အလို႔ငွာ iPhone, iPad ေတြ ထုတ္လုပ္တဲ့ ကုမၸဏီႀကီး Apple မွ ၎ရဲ႕ ဝန္ထမ္းမ်ားအတြက္ Mask (ႏွာေခါင္းစည္း) ေတြကို ဒီဇိုင္းဆြဲ ထုတ္လုပ္သြား မယ္လို႔ ဆိုပါတယ္။

အဆိုပါႏွာေခါင္းစည္းေတြကို Apple Design Team ကေန ဒီဇိုင္းဆြဲေပးထားၿပီး Apple Face Mask နဲ႔ Apple Clear Mask ဆိုၿပီး ႏွစ္မ်ိဳးထုတ္လုပ္ေပးသြားမယ္လို႔ သိရပါတယ္။

Apple Face Mask ကို iPhone, iPad ေတြကို ဒီဇိုင္းဆြဲေပးတဲ့ Apple ရဲ႕ Engineering and Industrial Design teams မွ ဒီဇိုင္းဆြဲထုတ္လုပ္ေပးသြားမွာျဖစ္ပါတယ္။အဆိုပါ Face Mask ကို အမႈန္အမႊားေတြ စစ္ထုတ္ေပးႏိုင္မယ့္ အလႊာသုံးလႊာနဲ႔ ျပဳလုပ္ထားၿပီး၊ ငါးႀကိမ္အထိ ေဆးေၾကာ အသုံးျပဳႏိုင္မယ္လို႔ Apple က ဆိုပါတယ္။ဝတ္ဆင္သူရဲ႕ ႏွာေခါင္းနဲ႔ ေမးေစ့ ေနရာ ေတြကို အျပည့္အဝကာကြယ္ႏိုင္ေအာင္ ဒီဇိုင္းဆြဲထားၿပီး၊ နားတြင္ခ်ိတ္တဲ့ Face Mask ႀကိဳးကို အတိုးအေလွ်ာ့ ျပဳလုပ္ႏိုင္မွာလည္း ျဖစ္ပါတယ္။

Apple ရဲ႕ ႏွာေခါင္းစည္း ေနာက္ထပ္တစ္မ်ိဳးကေတာ့ Clear Mask ပါ။ေဖာက္ထြင္းျမင္ႏိုင္တဲ့ ဒီဇိုင္းပုံစံနဲ႔ ထုတ္လုပ္လာမွာျဖစ္ၿပီး၊ အၾကားအာ႐ုံခ်ိဳ႕တဲ့သူမ်ားအတြက္ ရည္႐ြယ္ထုတ္လုပ္ ျခင္းလည္း ျဖစ္ပါတယ္။အဆိုပါ Clear Mask ကို ဝါရွင္တန္အေျခစိုက္ ဆြံ႕အနားမၾကား တကၠသိုလ္ ျဖစ္တဲ့ Gallaudet University နဲ႔ ပူးေပါင္းထုတ္လုပ္ထားတာျဖစ္ၿပီး၊ စတိုးသုံးခုက ဝန္ထမ္းေတြနဲ႔ စမ္းသပ္ခဲ့ၿပီးျဖစ္တယ္လို႔ Apple မွ ဆိုပါတယ္။

Apple အေနနဲ႔  ႏွာ‌ေခါင္းစည္းေတြကို လာမယ့္ႏွစ္ပတ္အတြင္းမွာ ဝန္ထမ္းေတြဆီကို ပို႔ေဆာင္ ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Damien