【 နည်းပညာ 】Gamer တွေ ရွေးချယ်ဝယ်ယူသင့်တဲ့ Xiaomi Black Shark 2

 【 နည်းပညာ 】Gamer တွေ ရွေးချယ်ဝယ်ယူသင့်တဲ့ Xiaomi Black Shark 2

ယခုတစ်ခါမှာတော့ Xiaomi ရဲ့ နောက်ဆုံးထွက် gaming ဖုန်းဖြစ်တဲ့ Black Shark 2 အကြောင်းကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Xiaomi ရဲ့ Black Shark ထွက်ကတည်းက အားပေးမှု အများအပြား ရရှိခဲ့တဲ့အတွက် Black Shark 2 ကို ထပ်မံထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၉ခုနှစ် မတ်လမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး 6.39-inches 1080x2340 resolution ရှိတဲ့ AMOLED မျက်နှာပြင်ကို တပ်ဆင်ထားပြီး၊ 81.7% ratio အထိ မျက်နှာပြင်နေရာယူထားမှာပါ။နောက်ဘက်မှာ 48MP (wide) နဲ့ 12MP (telephoto) ကင်မရာနှစ်လုံးကိုလည်း တပ်ဆင်ထားတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပြီး၊ ရှေ့ဘက် selfie ကင်မရာကတော့ 20MP ဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon 855 နဲ့ တပ်ဆင်မောင်းနှင်ထားတဲ့အတွက် game တွေကိုလည်း အဆင်ပြေပြေဆော့နိုင်မှာ ဖြစ်ပါတယ်။လက်ဗွေအာရုံခံကိရိယာကိုတော့ မျက်နှာပြင်အောက်ခြေမှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ဘက်ထရီကတော့ gaming ဖုန်း ဖြစ်တာနဲ့အညီ 4000mAh ထည့်သွင်းပေးထားပြီး၊ မြန်နှုန်းမြှင့် အားသွင်းစနစ်လည်း ပါဝင်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ လက်ရှိ ပြည်တွင်းမှာ 8/128 GB version ကို ၆သိန်းခွဲကျော်ခန့်နဲ့ 8/256 GB version ကို ၇သိန်းခွဲခန့် ရောင်းချပေးနေပြီး၊ စမတ်ဖုန်းနဲ့ game အသားပေး ဆော့မယ် ဆိုရင်တော့ Xiaomi ရဲ့ Black Shark 2 ဟာ အသင့်တော်ဆုံး gaming စမတ်ဖုန်း ဖြစ်ပါတယ်။

Damien

(   Zawgyi  )

 ယခုတစ္ခါမွာေတာ့ Xiaomi ရဲ႕ ေနာက္ဆုံးထြက္ gaming ဖုန္းျဖစ္တဲ့ Black Shark 2 အေၾကာင္းကို မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။

Xiaomi ရဲ႕ Black Shark ထြက္ကတည္းက အားေပးမႈ အမ်ားအျပား ရရွိခဲ့တဲ့အတြက္ Black Shark 2 ကို ထပ္မံထုတ္လုပ္ခဲ့တာလည္း ျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္ မတ္လမွာ မိတ္ဆက္ခဲ့တာျဖစ္ၿပီး 6.39-inches 1080x2340 resolution ရွိတဲ့ AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ထားၿပီး၊ 81.7% ratio အထိ မ်က္ႏွာျပင္ေနရာယူထားမွာပါ။ေနာက္ဘက္မွာ 48MP (wide) နဲ႔ 12MP (telephoto) ကင္မရာႏွစ္လုံးကိုလည္း တပ္ဆင္ထားတဲ့အတြက္ အရည္အေသြးျမင့္မားတဲ့ ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္မွာ ျဖစ္ၿပီး၊ ေရွ႕ဘက္ selfie ကင္မရာကေတာ့ 20MP ျဖစ္ပါတယ္။ Qualcomm ရဲ႕ Snapdragon 855 နဲ႔ တပ္ဆင္ေမာင္းႏွင္ထားတဲ့အတြက္ game ေတြကိုလည္း အဆင္ေျပေျပေဆာ့ႏိုင္မွာ ျဖစ္ပါတယ္။လက္ေဗြအာ႐ုံခံကိရိယာကိုေတာ့ မ်က္ႏွာျပင္ေအာက္ေျခမွာ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ဘက္ထရီကေတာ့ gaming ဖုန္း ျဖစ္တာနဲ႔အညီ 4000mAh ထည့္သြင္းေပးထားၿပီး၊ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္လည္း ပါဝင္ပါတယ္။

ေဈးႏႈန္းအေနနဲ႔ကေတာ့ လက္ရွိ ျပည္တြင္းမွာ 8/128 GB version ကို ၆သိန္းခြဲေက်ာ္ခန႔္နဲ႔ 8/256 GB version ကို ၇သိန္းခြဲခန႔္ ေရာင္းခ်ေပးေနၿပီး၊ စမတ္ဖုန္းနဲ႔ game အသားေပး ေဆာ့မယ္ ဆိုရင္ေတာ့ Xiaomi ရဲ႕ Black Shark 2 ဟာ အသင့္ေတာ္ဆုံး gaming စမတ္ဖုန္း ျဖစ္ပါတယ္။

Damien