【 နည်းပညာ 】Huawei ရဲ့စမတ်ထုတ်ကုန်သစ်နှစ်မျိုး

【  နည်းပညာ  】Huawei ရဲ့စမတ်ထုတ်ကုန်သစ်နှစ်မျိုး

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei မှ စမတ်ထုတ်ကုန်သစ်နှစ်မျိုးအဖြစ် Huawei Watch GT2 Pro (စမတ်နာရီ) နဲ့ FreeBuds Pro (ကြိုးမဲ့နားကြပ်) တွေကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

စမတ်နာရီမှာ Classic နဲ့ Sport ဆိုပြီး အမျိုးအစားနှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်သလို ကြိုးမဲ့နားကြပ်မှာတော့ ပြင်ပဆူညံသံဖျောက်ပေးနိုင်မယ့် နည်းပညာပါဝင်လာပြီလို့ ဆိုပါတယ်။

Huawei Watch GT2 Pro ရဲ့ ကိုယ်ထည်ကို တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပြီး၊ အပွန်းအစင်းဒဏ်ခံနိုင်မယ့် Sapphire Glass မှန်ကို အသုံးပြုထားတာ မြင်တွေ့ရပါတယ်။ ၁.၃၉ လက်မ အရွယ်အစားရှိ မျက်နှာပြင်အဝိုင်းဖြစ်ပြီး၊ ထိန်းချုပ်ခလုတ်နှစ်ခု ပါဝင်မှာဖြစ်ပါတယ်။အားကစားနည်း အမျိုးပေါင်း ၁၀၀ ကျော်ကို‌ စောင့်ကြည့်အကဲဖြတ်နိုင်အောင် ထောက်ပံ့ပေးထားပြီး၊ သွေးတွင်း အောက်စီဂျင်တိုင်းတာမှုနဲ့ စိတ်ဖိစီးမှုကို အကဲဖြတ်စနစ်တို့လည်း ပါဝင်လာခဲ့ ပါတယ်။ပုံမှန်အသုံးပြုမယ်ဆိုရင် ၁၄ ရက်အသုံးခံပြီး၊ GPS စနစ် ပါဝင်လာတဲ့ GPS ဖွင့်ထားမယ်ဆိုရင်တော့ နာရီ ၃၀ အသုံးခံမယ်လို့ Huawei မှ ဆိုထားပါတယ်။ Huawei Watch GT2 Pro မှာ မြန်နှုန်းမြှင့် အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး ၅ မိနစ်အားသွင်းရုံနဲ့ ၁၀ နာရီအသုံးခံမယ်လို့ သိရပါတယ်။ Huawei Watch GT2 Pro ကို Huawei ရဲ့ ကိုယ်ပိုင် liteOS ကို အသုံးပြုပေးထားပါတယ်။

Huawei ရဲ့ ကြိုးမဲ့နားကြပ်သစ် FreeBuds Pro ကတော့ Huawei ထုတ်ဖူးခဲ့သမျှ ကြိုးမဲ့နားကြပ်တွေထဲ အကောင်းဆုံးဖြစ်လာခဲ့ပါပြီ။ ANC စနစ် ပြင်ပဆူညံသံ လျှော့ချပေးမယ့် နည်းပညာပါဝင်လာပြီး၊ ကိုယ်တိုင်လည်း ချိန်ညှိနိုင်မယ်လို့ ဆိုပါတယ်။ဖုန်းပြောရန် မိုက်ကရိုဖုန်း ၃ လုံးပါဝင်ပြီး၊ နားကြပ်‌ဘေးကို ထိတွေ့စနစ်နဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ဘက်ထရီဘူးနဲ့အတူ အသုံးပြုမယ်ဆိုရင် ANC ဖွင့်ထားရင် နာရီ ၂၀၊ ANC မဖွင့်ပဲ သီချင်းပဲနားထောင်မယ်ဆို နာရီ ၃၀ အသုံးခံမယ်လို့ သိရှိရပါတယ်။

Huawei မှ စမတ်နာရီသစ်ကို စက်တင်ဘာလကုန်ပိုင်းနဲ့ ကြိုးမဲ့နားကြပ်သစ်ကိုတော့ အောက်တိုဘာလမှာ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

Damien

 

(  Zawgyi  )

 

 တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei မွ စမတ္ထုတ္ကုန္သစ္ႏွစ္မ်ိဳးအျဖစ္ Huawei Watch GT2 Pro (စမတ္နာရီ) နဲ႔ FreeBuds Pro (ႀကိဳးမဲ့နားၾကပ္) ေတြကို မိတ္ဆက္လိုက္တယ္လို႔ သိရပါတယ္။

စမတ္နာရီမွာ Classic နဲ႔ Sport ဆိုၿပီး အမ်ိဳးအစားႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာျဖစ္သလို ႀကိဳးမဲ့နားၾကပ္မွာေတာ့ ျပင္ပဆူညံသံေဖ်ာက္ေပးႏိုင္မယ့္ နည္းပညာပါဝင္လာၿပီလို႔ ဆိုပါတယ္။

Huawei Watch GT2 Pro ရဲ႕ ကိုယ္ထည္ကို တိုက္ေတနီယမ္နဲ႔ တည္ေဆာက္ထားၿပီး၊ အပြန္းအစင္းဒဏ္ခံႏိုင္မယ့္ Sapphire Glass မွန္ကို အသုံးျပဳထားတာ ျမင္ေတြ႕ရပါတယ္။ ၁.၃၉ လက္မ အ႐ြယ္အစားရွိ မ်က္ႏွာျပင္အဝိုင္းျဖစ္ၿပီး၊ ထိန္းခ်ဳပ္ခလုတ္ႏွစ္ခု ပါဝင္မွာျဖစ္ပါတယ္။အားကစားနည္း အမ်ိဳးေပါင္း ၁၀၀ ေက်ာ္ကို‌ ေစာင့္ၾကည့္အကဲျဖတ္ႏိုင္ေအာင္ ေထာက္ပံ့ေပးထားၿပီး၊ ေသြးတြင္း ေအာက္စီဂ်င္တိုင္းတာမႈနဲ႔ စိတ္ဖိစီးမႈကို အကဲျဖတ္စနစ္တို႔လည္း ပါဝင္လာခဲ့ ပါတယ္။ပုံမွန္အသုံးျပဳမယ္ဆိုရင္ ၁၄ ရက္အသုံးခံၿပီး၊ GPS စနစ္ ပါဝင္လာတဲ့ GPS ဖြင့္ထားမယ္ဆိုရင္ေတာ့ နာရီ ၃၀ အသုံးခံမယ္လို႔ Huawei မွ ဆိုထားပါတယ္။ Huawei Watch GT2 Pro မွာ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားၿပီး ၅ မိနစ္အားသြင္း႐ုံနဲ႔ ၁၀ နာရီအသုံးခံမယ္လို႔ သိရပါတယ္။ Huawei Watch GT2 Pro ကို Huawei ရဲ႕ ကိုယ္ပိုင္ liteOS ကို အသုံးျပဳေပးထားပါတယ္။

Huawei ရဲ႕ ႀကိဳးမဲ့နားၾကပ္သစ္ FreeBuds Pro ကေတာ့ Huawei ထုတ္ဖူးခဲ့သမွ် ႀကိဳးမဲ့နားၾကပ္ေတြထဲ အေကာင္းဆုံးျဖစ္လာခဲ့ပါၿပီ။ ANC စနစ္ ျပင္ပဆူညံသံ ေလွ်ာ့ခ်ေပးမယ့္ နည္းပညာပါဝင္လာၿပီး၊ ကိုယ္တိုင္လည္း ခ်ိန္ညႇိႏိုင္မယ္လို႔ ဆိုပါတယ္။ဖုန္းေျပာရန္ မိုက္က႐ိုဖုန္း ၃ လုံးပါဝင္ၿပီး၊ နားၾကပ္‌ေဘးကို ထိေတြ႕စနစ္နဲ႔ ထိန္းခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။ဘက္ထရီဘူးနဲ႔အတူ အသုံးျပဳမယ္ဆိုရင္ ANC ဖြင့္ထားရင္ နာရီ ၂၀၊ ANC မဖြင့္ပဲ သီခ်င္းပဲနားေထာင္မယ္ဆို နာရီ ၃၀ အသုံးခံမယ္လို႔ သိရွိရပါတယ္။

Huawei မွ စမတ္နာရီသစ္ကို စက္တင္ဘာလကုန္ပိုင္းနဲ႔ ႀကိဳးမဲ့နားၾကပ္သစ္ကိုေတာ့ ေအာက္တိုဘာလမွာ ေရာင္းခ်သြားမယ္လို႔ ေၾကညာထားပါတယ္။

Damien