【 နည်းပညာ 】Samsung မှ ထပ်မံမိတ်ဆက်သွားမယ့် ကြိုးမဲ့နားကြပ်သစ်

【  နည်းပညာ  】Samsung မှ ထပ်မံမိတ်ဆက်သွားမယ့် ကြိုးမဲ့နားကြပ်သစ်

ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ကတော့ အသစ်ထပ်မံမိတ်ဆက်သွားမယ့် ကြိုးမဲ့ နားကြပ်သစ်ကို အာရုံစိုက် လုပ်ဆောင်နေလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါကြိုးမဲ့နားကြပ်သစ်ကို Galaxy Buds X လို့ အမည်ပေးသွားဖွယ်ရှိပြီး၊ ၎င်းနားကြပ်သစ်ရဲ့ သတင်းအတော်များများလည်း ထွက်ပေါ်လာလျက် ရှိပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ $140 မြန်မာငွေ ၂၀၀,၀၀၀ ဝန်းကျင်ခန့် ကျသင့်ဖွယ် ရှိပြီး၊ Buds X က ယခင်ထွက်ရှိခဲ့တဲ့ Galaxy Buds ကြိုးမဲ့နားကြပ်မျိုးဆက်ကို အစားထိုးနေရာ ယူ‌သွားတော့မယ့်ပုံပါပဲ။ပေါက်ကြားလာခဲ့တဲ့ Buds X ဓာတ်ပုံတွေမှာ ဒီဇိုင်းပုံစံကအစ ယခင်နားကြပ်တွေနဲ့ လုံးဝတူညီတော့မှာမဟုတ်ပဲ၊ ‌ပိုမိုသေးငယ်လာမယ့်ပုံစံပါပဲ။ ပေါက်ကြား လာတဲ့ ပုံရိပ်တွေအရ Buds X ဟာ ပဲစေ့ပုံသဏ္ဍာန်ရှိပြီး၊ နားအတွင်းထည့်သွင်းရာမှာ အံဝင်ခွင်ကျဖြစ်နေမယ့် ဒီဇိုင်းပုံစံမျိုးကို မြင်တွေ့ရပါတယ်။

အသစ်ထပ်မံထွက်ရှိလာမယ့် Galaxy Buds X မှာ active noice cancellation ပြင်ပဆူညံသံ တွေ လျှော့ချပေးမယ့် နည်းပညာပါဝင်လာမှာဖြစ်ပြီး၊ Apple ရဲ့ AirPods Pro နဲ့ Pixel Buds 2 တို့အတွက် အကောင်းဆုံးပြိုင်ဘက် ဖြစ်လာဖွယ်ရှိနေပါတယ်။

Samsung ဘက်ကတော့ Galaxy Buds X ကြိုးမဲ့နားကြပ်ကို ထင်ထားတာထက် စောမိတ်ဆက် သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )






Damien