【 အနုပညာသတင်း 】မိန်းမတွေရဲ့ဘဝကို ကိုယ်ချင်းစာတတ်လာတဲ့ လူရွှင်တော် ကြာစိ

【 အနုပညာသတင်း 】မိန်းမတွေရဲ့ဘဝကို ကိုယ်ချင်းစာတတ်လာတဲ့ လူရွှင်တော် ကြာစိ

လူရွှင်တော် ကြာစိဟာ သူ့အနေနဲ့ မိန်းမလို ခဏခဏဝတ်စားဆင်ယင်ကာ ရိုက်ကူးဖြစ်နေတာကြောင့် မိန်းမတွေရဲ့ဘဝကို ကိုယ်ချင်းစာတတ်လာတယ်လို့ ဆိုပါတယ်။
 
“မိန်းကလေးလို ဝတ်တော့မှ မိန်းမတွေကို ကိုယ်ချင်းစာလာတယ်၊ ကျွန်တော်တို့ဆိုရင် အသက်ရှူတွေကြပ်ပြီး မွန်းကြပ်နေတယ်၊ နေရတာ အင်မတန်မှ ခက်ပါတယ်၊ သူတို့အစား ကိုယ်ချင်းစာမိတယ်၊ ကျွန်တော်တောင် ဝတ်ရတာ ရင်ဘတ်မှာတော်တော်ကြီး ကြပ်နေတာ အသက်ရှူလည်း ကြပ်နေရော၊ အစတုန်းက  စာနာစိတ် မရှိခဲ့ဘူး အခုမှစာနာတတ်လာတယ်၊ ရိုက်ကွင်းမှာ ယောကျ်ားလေးတွေဆိုရင် ဒီအခန်းပြီးလို့ နောက်တစ်ခန်း ရိုက်တော့မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ ချက်ချင်းလဲလိုက်လို့ရတယ်၊ မိန်းကလေးတွေကျတော့ အဝတ်အစား၊ မျက်နှာ၊ ဆံပင် အကုန်လုံး ပြင်ရတဲ့အခါကျတော့ အလုပ်လည်းရှုပ်ပါတယ်၊ ပူနေတဲ့အချိန်တွေမှာလည်း အင်မတန်မှ ပင်ပန်းတယ်၊ ကျွန်တော်က မိန်းကလေးလို ပြင်ဆင်တာ ကျွမ်းကျင်တာမဟုတ်ဘူး၊ ကျွန်တော့်ကို မိန်းမလိုပဲ မြင်လားမသိပါဘူး၊ မိန်းမလိုဝတ်ပြီးရိုက်ပေးပါဆိုလို့ ရိုက်ဖြစ်တာပါ၊ မိန်းမလို ဝတ်ရတာများလို့ ယောကျ်ားစိတ်ပျောက်ပြီး မိန်းမစိတ် ပေါက်သလိုလို ဖြစ်နေပြီ၊ မိတ်ကပ်တွေဘာတွေကျတော့ ကိုယ့်မျက်နှာနဲ့ လိုက်တဲ့ ကိုယ့်မိတ်ကပ်နဲ့ကိုယ်ပဲ ပြင်တယ်၊ တစ်ချို့တွေကျတော့ ကိုယ့်မျက်နှာအသားနဲ့အဆင်မပြေရင် ပြာတက်လာတာတို့ဘာတို့ ရှိတတ် တာကြောင့်နော်၊ ပြင်ပေးမယ့်သူတွေလည်း ကျေးဇူးတင်တယ်၊ ကိုယ့်ဟာကိုယ်ပြင်ရင်းနဲ့ ပြင်တတ်လာတယ်၊ ကျရာဇာတ်ရုပ်မှာတော့ အဆင်ပြေအောင်လို့ လုပ်ရတာပေါ့”လို့ ၎င်းက ရှင်းပြပါတယ်။
 
လက်ရှိမှာလည်း ဒါရိုက်တာ ပြည်ဟိန်းသီဟရဲ့ “အွန်လိုင်းဆိုရင် ကြောက်ပါပြီဗျ”လို့နာမည်ရတဲ့ ပြဇာတ်လေး အတွက် ပြဇာတ်ကတာတွေရှိသလို မိန်းမလိုဝတ်ဆင်ကာ ရိုက်ကူးဖို့လည်း လက်ခံထားတာတွေရှိနေသေးတယ် လို့ သိရပါတယ်။
 
 “အခု ၂၀၂၁ မှာ အကုန်လုံးက ကောင်းသွားပါပြီ၊ ရှေ့ဆက်ပြီး ကောင်းတာထက် ကောင်းသွားအောင် နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတာတွေနဲ့အညီ Mask လေးတွေတပ်ပါ၊ လက်တွေကိုလည်းဆေးပါ၊ အဲ့လိုသတ်မှတ် ချက်တွေကို လိုက်နာပြီးနေလိုက်ရင် ခဏတာအတွင်းမှာ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ကြီးက ရောက်တော့ မှာပါ၊ ဒါကြောင့်မို့ အားလုံးပဲ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ လုပ်ငန်းတွေပြန်လည် လည်ပတ်ပြီး မိသားစုနဲ့အတူ အပန်းဖြေခရီးတွေထွက်ရင်း ကမ္ဘာကြီးပုံမှန်ပြန်လည် လည်ပတ်ကာ သွားလာနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ”လို့ ၎င်းက နှစ်သစ်ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။  
 
မင်းခေတ်လင်း
(ဓာတ်ပုံ- ကြာစိ) 
 
(  Zawgyi  )
 
 
“မိန်းကလေးလို ဝတ်တော့မှ မိန်းမတွေကို ကိုယ်ချင်းစာလာတယ်၊ ကျွန်တော်တို့ဆိုရင် အသက်ရှူတွေကြပ်ပြီး မွန်းကြပ်နေတယ်၊ နေရတာ အင်မတန်မှ ခက်ပါတယ်၊ သူတို့အစား ကိုယ်ချင်းစာမိတယ်၊ ကျွန်တော်တောင် ဝတ်ရတာ ရင်ဘတ်မှာတော်တော်ကြီး ကြပ်နေတာ အသက်ရှူလည်း ကြပ်နေရော၊ အစတုန်းက  စာနာစိတ် မရှိခဲ့ဘူး အခုမှစာနာတတ်လာတယ်၊ ရိုက်ကွင်းမှာ ယောက်ျားလေးတွေဆိုရင် ဒီအခန်းပြီးလို့ နောက်တစ်ခန်း ရိုက်တော့မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ ချက်ချင်းလဲလိုက်လို့ရတယ်၊ မိန်းကလေးတွေကျတော့ အဝတ်အစား၊ မျက်နှာ၊ ဆံပင် အကုန်လုံး ပြင်ရတဲ့အခါကျတော့ အလုပ်လည်းရှုပ်ပါတယ်၊ ပူနေတဲ့အချိန်တွေမှာလည်း အင်မတန်မှ ပင်ပန်းတယ်၊ ကျွန်တော်က မိန်းကလေးလို ပြင်ဆင်တာ ကျွမ်းကျင်တာမဟုတ်ဘူး၊ ကျွန်တော့်ကို မိန်းမလိုပဲ မြင်လားမသိပါဘူး၊ မိန်းမလိုဝတ်ပြီးရိုက်ပေးပါဆိုလို့ ရိုက်ဖြစ်တာပါ၊ မိန်းမလို ဝတ်ရတာများလို့ ယောက်ျားစိတ်ပျောက်ပြီး မိန်းမစိတ် ပေါက်သလိုလို ဖြစ်နေပြီ၊ မိတ်ကပ်တွေဘာတွေကျတော့ ကိုယ့်မျက်နှာနဲ့ လိုက်တဲ့ ကိုယ့်မိတ်ကပ်နဲ့ကိုယ်ပဲ ပြင်တယ်၊ တစ်ချို့တွေကျတော့ ကိုယ့်မျက်နှာအသားနဲ့အဆင်မပြေရင် ပြာတက်လာတာတို့ဘာတို့ ရှိတတ် တာကြောင့်နော်၊ ပြင်ပေးမယ့်သူတွေလည်း ကျေးဇူးတင်တယ်၊ ကိုယ့်ဟာကိုယ်ပြင်ရင်းနဲ့ ပြင်တတ်လာတယ်၊ ကျရာဇာတ်ရုပ်မှာတော့ အဆင်ပြေအောင်လို့ လုပ်ရတာပေါ့”လို့ ၎င်းက ရှင်းပြပါတယ်။
 
 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ- ကြာစိ)