【 အနုပညာ 】လာမယ့်အပတ်ထဲ အွန်လိုင်းဖျော်ဖြေပွဲပြုလုပ်ဖို့ပြင်ဆင်နေတဲ့ မိုရီဆာကီဝင်း

【  အနုပညာ  】လာမယ့်အပတ်ထဲ အွန်လိုင်းဖျော်ဖြေပွဲပြုလုပ်ဖို့ပြင်ဆင်နေတဲ့ မိုရီဆာကီဝင်း

လာမယ့် အပတ်ဒီဇင်ဘာ ၂၂ ရက်လောက်မှာ ပြည်တွင်းက ပရိသတ်တွေအတွက် အွန်လိုင်းဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
 
သူဟာ တေးသီချင်းပိုင်းသာမက သရုပ်ဆောင်ပိုင်းကိုလည်း ပါဝင်လုပ်ကိုင်လာသူဖြစ်သလို မြန်မာမိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ဦးလည်းဖြစ်သလို ပြည်ပမှာအနေများပေမယ့် ပြည်တွင်းက ကြော်ငြာတွေမှာ ပါဝင်ခွင့်ရသူတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။
 
 “ကျွန်တော်ချစ်ရတဲ့ ပရိသတ်များ အတွက် အထူး Online Live Stream ပွဲလေးကို စီစဉ်ထားပါတယ်။ ဒီဖျော်ဖြေပွဲဟာ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် ပထမဆုံး ဖျော်ဖြေခွင့်ရတဲ့ ပွဲလည်းဖြစ်ပါတယ်၊ ကျွန်တော်ဟာ ပြည်ပမှာနေထိုင်တာ များပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်ပါ၊ ကိုယ့်မြန်မာပရိသတ်တွေအတွက်ကိုပဲ စဉ်းစားမိပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။
 
သူ့ရဲ့ပွဲဟာ ပထမဆုံးအကြိမ် Online Live Stream ပွဲလေးဖြစ်သလို မြန်မာပရိသတ်တွေကို ခရစ္စမတ် လက်ဆောင် အနေနဲ့ကျင်းပတဲ့ပွဲလည်းဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ပျော်ရွှင်မှုတွေ၊ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အစီအစဉ်တွေနဲ့အတူ၊ အထူးလက်ဆောင်လေးတွေလည်း ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
 
 “ဒီဖျော်ဖြေပွဲ လေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၇နာရီခွဲမှာ စတင်ဖျော်ဖြေသွားမယ်၊ အွန်လိုင်း ကနေတဆင့် လက်မှတ်ဝယ်ယူပြီးတော့ ကြည့်ရမယ်၊ လက်မှတ်တစ်စောင်ကို ငွေကျပ် ၅၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်၊ အခုလို လက်မှတ် ဝယ်ယူထားတဲ့ ပရိသတ်တွေ အနေနဲ့ အကြောင်းကြောင်းကြောင့် ဒီဇင်ဘာ ၂၂ ရက်ပွဲကို မကြည့်လိုက်ရဘူးဆိုရင် နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၂၃ ရက် ည ၁၁ နာရီလောက်အထိ ကြည့်ရှုခွင့်ရအောင် စီစဉ်ပေးမှာပါ၊ အားပေးကြည့်ရှုကြပါဦးလို့လည်း ပြောချင်ပါတယ်” လို့ ၎င်းက ဆက်လက် ရှင်းပြပါတယ်။
 
သူဟာ ဂျပန်နိုင်ငံမှာ အနေများသူတစ်ယောက်လည်း ဖြစ်သလို မြန်မာနိုင်ငံကို မကြာခဏပြန်လာလေ့ရှိပြီး မြန်မာနိုင်ငံက ကြော်ငြာလုပ်ငန်းတွေမှာသာမကဘဲ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်ခွင့်ရလာသူ တစ်ဦးလည်းဖြစ်သလို တေးသီချင်းတွေကိုလည်း ပိုင်နိုင်စွာသီဆိုနိုင်တဲ့ မြန်မာအမျိုးသမီး ပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
 မင်းခေတ်လင်း
(ဓာတ်ပုံ- Morisaki Win)
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ 
 
(  Zawgyi  )
 
 လာမယ့္ အပတ္ဒီဇင္ဘာ ၂၂ ရက္ေလာက္မွာ ျပည္တြင္းက ပရိသတ္ေတြအတြက္ အြန္လိုင္းေဖ်ာ္ေျဖပြဲတစ္ခုကို ျပဳလုပ္ဖို႔ ျပင္ဆင္ထားတယ္လို႔ မိုရီဆာကီဝင္းက ေျပာပါတယ္။
 
သူဟာ ေတးသီခ်င္းပိုင္းသာမက သ႐ုပ္ေဆာင္ပိုင္းကိုလည္း ပါဝင္လုပ္ကိုင္လာသူျဖစ္သလို ျမန္မာမိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားသူတစ္ဦးလည္းျဖစ္သလို ျပည္ပမွာအေနမ်ားေပမယ့္ ျပည္တြင္းက ေၾကာ္ျငာေတြမွာ ပါဝင္ခြင့္ရသူတစ္ဦးလည္းျဖစ္လာခဲ့ပါတယ္။
 
 “ကြၽန္ေတာ္ခ်စ္ရတဲ့ ပရိသတ္မ်ား အတြက္ အထူး Online Live Stream ပြဲေလးကို စီစဥ္ထားပါတယ္။ ဒီေဖ်ာ္ေျဖပြဲဟာ ျမန္မာႏိုင္ငံက ပရိသတ္ေတြအတြက္ ပထမဆုံး ေဖ်ာ္ေျဖခြင့္ရတဲ့ ပြဲလည္းျဖစ္ပါတယ္၊ ကြၽန္ေတာ္ဟာ ျပည္ပမွာေနထိုင္တာ မ်ားေပမယ့္ ျမန္မာႏိုင္ငံသားတစ္ေယာက္ပါ၊ ကိုယ့္ျမန္မာပရိသတ္ေတြအတြက္ကိုပဲ စဥ္းစားမိပါတယ္”လို႔ ၎က ရွင္းျပပါတယ္။
 
သူ႔ရဲ႕ပြဲဟာ ပထမဆုံးအႀကိမ္ Online Live Stream ပြဲေလးျဖစ္သလို ျမန္မာပရိသတ္ေတြကို ခရစၥမတ္ လက္ေဆာင္ အေနနဲ႔က်င္းပတဲ့ပြဲလည္းျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ ေပ်ာ္႐ႊင္မႈေတြ၊ စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့ အစီအစဥ္ေတြနဲ႔အတူ၊ အထူးလက္ေဆာင္ေလးေတြလည္း ေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။
 
 “ဒီေဖ်ာ္ေျဖပြဲ ေလးကို ဒီဇင္ဘာလ ၂၂ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၇နာရီခြဲမွာ စတင္ေဖ်ာ္ေျဖသြားမယ္၊ အြန္လိုင္း ကေနတဆင့္ လက္မွတ္ဝယ္ယူၿပီးေတာ့ ၾကည့္ရမယ္၊ လက္မွတ္တစ္ေစာင္ကို ေငြက်ပ္ ၅၀၀၀ က်သင့္မွာ ျဖစ္ပါတယ္၊ အခုလို လက္မွတ္ ဝယ္ယူထားတဲ့ ပရိသတ္ေတြ အေနနဲ႔ အေၾကာင္းေၾကာင္းေၾကာင့္ ဒီဇင္ဘာ ၂၂ ရက္ပြဲကို မၾကည့္လိုက္ရဘူးဆိုရင္ ေနာက္တစ္ရက္ျဖစ္တဲ့ ဒီဇင္ဘာလ ၂၃ ရက္ ည ၁၁ နာရီေလာက္အထိ ၾကည့္ရႈခြင့္ရေအာင္ စီစဥ္ေပးမွာပါ၊ အားေပးၾကည့္ရႈၾကပါဦးလို႔လည္း ေျပာခ်င္ပါတယ္” လို႔ ၎က ဆက္လက္ ရွင္းျပပါတယ္။
 
သူဟာ ဂ်ပန္ႏိုင္ငံမွာ အေနမ်ားသူတစ္ေယာက္လည္း ျဖစ္သလို ျမန္မာႏိုင္ငံကို မၾကာခဏျပန္လာေလ့ရွိၿပီး ျမန္မာႏိုင္ငံက ေၾကာ္ျငာလုပ္ငန္းေတြမွာသာမကဘဲ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲမွာလည္း ပါဝင္ခြင့္ရလာသူ တစ္ဦးလည္းျဖစ္သလို ေတးသီခ်င္းေတြကိုလည္း ပိုင္ႏိုင္စြာသီဆိုႏိုင္တဲ့ ျမန္မာအမ်ိဳးသမီး ပရိသတ္ေတြရဲ႕ အသည္းစြဲ အႏုပညာရွင္တစ္ဦးလည္း ျဖစ္တယ္လို႔ သိရပါတယ္။
 
 မင္းေခတ္လင္း 
(ဓာတ္ပုံ- Morisaki Win)
ရန္ကုန္၊ ဒီဇင္ဘာ ၁၃