【 အနုပညာ 】သီချင်းပေါက်ချိန်မှာ COVID နဲ့ ကြုံနေရတယ်ဆိုတဲ့ တေးသံရှင် မိဖူး

【  အနုပညာ 】သီချင်းပေါက်ချိန်မှာ COVID နဲ့ ကြုံနေရတယ်ဆိုတဲ့ တေးသံရှင် မိဖူး

လူငယ်တွေရဲ့ကြားမှာ ရေပန်းစားလာတဲ့ “ကြွေ”လို့ နာမည်ရတဲ့ သီချင်းရဲ့ တေးသံရှင် မိဖူးဟာ အခုလို သီချင်း ပေါက်ချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် COVID ကာလနဲ့ ကြုံနေရတယ်လို့ ပြောကြားပါတယ်။

“မိဖူးက အတွဲသီချင်းတွေမှာ လူသိများတယ်၊ အရင်တုန်းက အတွဲသီချင်းတစ်ချို့မှာလည်း သိကြတယ်၊ “ကြွေ” လိုမျိုး မိဖူး ဆိုမှန်းသာ မသိကြတာ၊ “အတ္တချစ်ခြင်း”ဆိုရင် တော်တော် များများကသိကြတယ်၊ “ကလေးဆိုးလေး” ဆိုလည်း အဲ့အတိုင်းပဲ။ မိဖူးက အတွဲသီချင်းလေး တွေနဲ့ အကျိုးပေးတယ်လို့ ပြောလို့ရမလားပဲ၊ မိဖူးက COVID နဲ့ အကျိုးပေးတယ်ခေါ်မလားပဲ၊ အခုလိုသီချင်းပေါက်ချိန်မှာ COVID ဖြစ်တယ်၊ COVID နဲ့ အကျိုးပေးသွားသလိုဖြစ်တယ်၊ နောက်တစ်ပုဒ် ထပ်ပေါက်တော့လည်း COVID Second Wave ဖြစ်တယ်၊ ဒီ COVID သာ မရှိရင် တော်တော့်ကို ပျော်ဖို့ကောင်းမှာပါ၊ ဖျော်ဖြေပွဲကြီးတွေလည်း လုပ်ဖြစ် မှာပေါ့နော်၊ အခုတော့ ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်”လို့ ၎င်းက ရှင်းပြပါတယ်။

တက်သစ်စ မျိုးဆက်သစ်တေးသံရှင်တွေထဲမှာ အခုနောက်ပိုင်း လူသိများလာတဲ့ တေးသံရှင် မိဖူးဟာ ရွှေ FM က ပေးတဲ့ Popular Award ကို “ကြွေ”လို့နာမည်ရတဲ့ သီချင်းနဲ့ ဆုရရှိထား သူလည်းဖြစ်သလို သူရရှိတဲ့ ဆုနဲ့ ပတ်သက်လို့ အလှူအတန်းတွေလည်း လုပ်သွားဖို့ ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

“ဘယ်တုန်းကမှလည်း ဆုရမယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ဒီသီချင်းက အရမ်းကြီးပေါက် မယ်လို့လည်း မျှော်လင့် ထားတာလည်းမဟုတ်ဘူး၊ TikTok လေးဆော့ပြီး ကလေးတွေရဲ့ ပါးစပ်ထဲကို ရောက်တဲ့အတွက် အရမ်းကို ပျော်ခဲ့ရပါတယ်၊ အဲ့သီချင်းမှာ ပင်ပန်းခံပြီးတော့ လုပ်ထားရတာ လုပ်ရကျိုးလည်းနပ်တယ်၊ ဆုရတဲ့ပိုက်ဆံထဲက အဖေအမေကိုလည်း ပေးမယ်၊ အလှူလုပ်ဖို့လည်းရှိတယ်၊ ဒါက ကိုယ်တကယ် တန်ဖိုးထားတဲ့ဆုလေ၊ ဒါကြောင့်လည်း ကြွေနဲ့ ပတ်သက်တဲ့ သူတွေလည်းကုသိုလ်ရစေချင်တယ်၊ ရွှေ FM က သူတွေကိုလည်း မိဖူးကြောင့် ကုသိုလ်ရစေချင်တယ်”လို့လည်း ၎င်းက ဆိုပါတယ်။

ဆက်လက်ပြီးလည်း သူမကို အားပေးဖို့ ဖိတ်ခေါ်ထားသလို ပရိသတ်တွေရဲ့ ရင်ဘတ်နဲ့ ထပ်တူ ကျစေမယ်လို့ ယူဆရတဲ့ Single Song တွေကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ ၁၄

 

(  Zawgyi  )

 

 လူငယ္ေတြရဲ႕ၾကားမွာ ေရပန္းစားလာတဲ့ “ေႂကြ”လို႔ နာမည္ရတဲ့ သီခ်င္းရဲ႕ ေတးသံရွင္ မိဖူးဟာ အခုလို သီခ်င္း ေပါက္ခ်ိန္ဟာ တိုက္တိုက္ဆိုင္ဆိုင္ COVID ကာလနဲ႔ ႀကဳံေနရတယ္လို႔ ေျပာၾကားပါတယ္။

“မိဖူးက အတြဲသီခ်င္းေတြမွာ လူသိမ်ားတယ္၊ အရင္တုန္းက အတြဲသီခ်င္းတစ္ခ်ိဳ႕မွာလည္း သိၾကတယ္၊ “ေႂကြ” လိုမ်ိဳး မိဖူး ဆိုမွန္းသာ မသိၾကတာ၊ “အတၱခ်စ္ျခင္း”ဆိုရင္ ေတာ္ေတာ္ မ်ားမ်ားကသိၾကတယ္၊ “ကေလးဆိုးေလး” ဆိုလည္း အဲ့အတိုင္းပဲ။ မိဖူးက အတြဲသီခ်င္းေလး ေတြနဲ႔ အက်ိဳးေပးတယ္လို႔ ေျပာလို႔ရမလားပဲ၊ မိဖူးက COVID နဲ႔ အက်ိဳးေပးတယ္ေခၚမလားပဲ၊ အခုလိုသီခ်င္းေပါက္ခ်ိန္မွာ COVID ျဖစ္တယ္၊ COVID နဲ႔ အက်ိဳးေပးသြားသလိုျဖစ္တယ္၊ ေနာက္တစ္ပုဒ္ ထပ္ေပါက္ေတာ့လည္း COVID Second Wave ျဖစ္တယ္၊ ဒီ COVID သာ မရွိရင္ ေတာ္ေတာ့္ကို ေပ်ာ္ဖို႔ေကာင္းမွာပါ၊ ေဖ်ာ္ေျဖပြဲႀကီးေတြလည္း လုပ္ျဖစ္ မွာေပါ့ေနာ္၊ အခုေတာ့ ဘာမွလုပ္လို႔မရဘူးျဖစ္ေနတယ္”လို႔ ၎က ရွင္းျပပါတယ္။

တက္သစ္စ မ်ိဳးဆက္သစ္ေတးသံရွင္ေတြထဲမွာ အခုေနာက္ပိုင္း လူသိမ်ားလာတဲ့ ေတးသံရွင္ မိဖူးဟာ ေ႐ႊ FM က ေပးတဲ့ Popular Award ကို “ေႂကြ”လို႔နာမည္ရတဲ့ သီခ်င္းနဲ႔ ဆုရရွိထား သူလည္းျဖစ္သလို သူရရွိတဲ့ ဆုနဲ႔ ပတ္သက္လို႔ အလႉအတန္းေတြလည္း လုပ္သြားဖို႔ ျပင္ဆင္ ထားတယ္လို႔ သိရပါတယ္။

“ဘယ္တုန္းကမွလည္း ဆုရမယ္လို႔ မေမွ်ာ္လင့္ခဲ့ဘူး၊ ဒီသီခ်င္းက အရမ္းႀကီးေပါက္ မယ္လို႔လည္း ေမွ်ာ္လင့္ ထားတာလည္းမဟုတ္ဘူး၊ TikTok ေလးေဆာ့ၿပီး ကေလးေတြရဲ႕ ပါးစပ္ထဲကို ေရာက္တဲ့အတြက္ အရမ္းကို ေပ်ာ္ခဲ့ရပါတယ္၊ အဲ့သီခ်င္းမွာ ပင္ပန္းခံၿပီးေတာ့ လုပ္ထားရတာ လုပ္ရက်ိဳးလည္းနပ္တယ္၊ ဆုရတဲ့ပိုက္ဆံထဲက အေဖအေမကိုလည္း ေပးမယ္၊ အလႉလုပ္ဖို႔လည္းရွိတယ္၊ ဒါက ကိုယ္တကယ္ တန္ဖိုးထားတဲ့ဆုေလ၊ ဒါေၾကာင့္လည္း ေႂကြနဲ႔ ပတ္သက္တဲ့ သူေတြလည္းကုသိုလ္ရေစခ်င္တယ္၊ ေ႐ႊ FM က သူေတြကိုလည္း မိဖူးေၾကာင့္ ကုသိုလ္ရေစခ်င္တယ္”လို႔လည္း ၎က ဆိုပါတယ္။

ဆက္လက္ၿပီးလည္း သူမကို အားေပးဖို႔ ဖိတ္ေခၚထားသလို ပရိသတ္ေတြရဲ႕ ရင္ဘတ္နဲ႔ ထပ္တူ က်ေစမယ္လို႔ ယူဆရတဲ့ Single Song ေတြကိုလည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ ၁၄