【 အနုပညာ 】အနုပညာတစ်ဖက် ပရဟိတတစ်ဖက် လုပ်ဆောင်သွားမယ့် သရုပ်ဆောင် ဝေလု

【  အနုပညာ 】အနုပညာတစ်ဖက် ပရဟိတတစ်ဖက် လုပ်ဆောင်သွားမယ့် သရုပ်ဆောင် ဝေလု

ပြည်တွင်းက Free to Air ရုပ်သံလိုင်းတစ်ခုမှာ ပြသနေတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ”လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲ မှာ ဦးထွန်းသက်အဖြစ်သရုပ်ဆောင်နေတဲ့ ဝေလု ဟာ အနုပညာအလုပ်တွေနဲ့အတူ ပရဟိတ အလုပ်တွေ ကိုလည်း ဆက်လက်လုပ်ကိုင်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
 
သူဟာ မျက်စိအတုလှူဒါန်းကူညီတာတွေအပြင် Wheel Chair လှူတာတွေ၊ လေမှုတ်မွေ့ယာ လှူဒါန်းပေး တာတွေ၊ သူ့ကိုအကူအညီတောင်းလာ သူတွေကို တတ်နိုင်သလောက် လှူဒါန်းတာတွေကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
 
 “ဒီလိုအလှူလေး စတင် ဖြစ်ခဲ့တာက နယ်မှာဇာတ်ကားသွားရိုက်တဲ့ရွာမှာ ကော်ဖီမစ်တွေ၊ ကြက်ဥတွေ ရောင်းတဲ့ကလေးက ကျွန်တော့်လည်း အရမ်းလည်းချစ်တယ်၊ သူနဲ့ခင်မင်ပြီး ကူညီခဲ့တာကနေ စတင်ခဲ့တာပါ၊ ကျွန်တော်က ပရဟိတလုပ်နေတာမဟုတ်ဘူး၊ ဖောင်ဒေးရှင်းထောင်တာလည်းမဟုတ်ဘူး၊ ကျွန်တော်က တခြားသူတွေရဲ့ လိုအပ်တာလေးကို ဖြည့်ဆည်းပေးနေတာ၊ ကျွန်တော်ကျန်းမာနေရင်ကူညီမယ်၊ ကျွန်တော့်လက်ထဲမှာ ပိုက်ဆံရှိနေရင် ကူညီမှာပဲ၊ အလှူရှင်တွေ ပံ့ပိုးတာ အကူအညီပေးတာတွေရှိရင်လည်း ကျွန်တော်လုပ်နေမှာပဲ၊ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော် အသက်ရှင်နေသရွေ့ ကူညီနေမှာပဲ၊ ကားရိုက် တွေလည်း ပါးတဲ့အချိန်မှာ ကူညီဖြစ်ခဲ့တယ်၊ ကျွန်တော့်ကို ကိုယ့်လောကထဲမှာပဲ တိုက်ခိုက်မှုတွေလည်း အများကြီးခံရတယ်၊ ဒီကောင် စောက်ပိုတွေလုပ်နေတယ်တို့၊ နာမည်ကြီးချင်လို့တို့ အစုံပဲလေ၊ ကိုယ့်လောကသားတွေထဲမှာ လှောင်ပြောင် ကြတာ၊ ဒါကလည်း ကျွန်တော်တို့လူမျိုးတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိသလို ဖြစ်နေပြီ၊ ကောင်းတာလုပ်ရင် ပြောချင်ကြတယ်၊ ကျွန်တော်ကတော့ ကိုယ်လုပ်ချင်တဲ့ဟာကို တစိုက်မတ်မတ်နဲ့လုပ်နေတာဖြစ်ပါတယ်”လို့ ၎င်းက ရှင်းပြပါတယ်။
 
လက်ရှိကာလအထိ မျက်စိတုလှူဒါန်းကူညီခဲ့သူ ၂၀၀ နီးပါးရှိခဲ့သလို Wheel Chair ၁၄ လုံးလှူပြီးသွားပြီး ဆက်လက် လှူဒါန်းဖို့ Wheel Chair တွေ ပြင်ဆင်ထားပေမယ့် ကိုယ်တိုင်သွားရောက်ချင်သလို COVID ကာလလည်း ဖြစ်တဲ့အတွက် Wheel Chair လှူဒါန်းတာ ခေတ္တဆိုင်းထားပေမယ့် မကြာခင်လှူဒါန်းပေးသွားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
 
 “ကျွန်တော်ဝါသနာပါတဲ့ ဒီ အနုပညာအလုပ်ကိုလည်း လုပ်နေမှာပဲ၊ အဲ့ဒီလို လုပ်နေရင်းနဲ့ ကျွန်တော့်လက်ထဲ ပိုက်ဆံရှိရင်ရှိသလို တစ်ဖက်ကလည်း အကူအညီတောင်းတဲ့သူတွေကို လှူနေဦးမှာပါပဲ၊ ကျွန်တော်ပြောရဲပါတယ်၊ ကျွန်တော်အသက်ရှင်နေသရွေ့ကူညီနေဦးမယ်၊ ဒါအသေအချာပဲ”လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေအတွက် ဆက်လက်ရိုက်ကူးဖို့အစီအစဉ်တွေလည်း ရှိသလို ယခုအခါ COVID ကာလဖြစ်နေတာကြောင့် အိမ်မှာနေရင်းလိုအပ်တဲ့ပြင်ဆင်မှုတွေကို လုပ်ဆောင်နေရ တယ်လို့ သိရပါတယ်။
 
မင်းခေတ်လင်း
(ဓာတ်ပုံ- ဝေလု)
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ 
 
(  Zawgyi  )
 
 ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းတစ္ခုမွာ ျပသေနတဲ့ “မမွီဝဲနဲ႔ကင္းေအာင္ေန”လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲ မွာ ဦးထြန္းသက္အျဖစ္သ႐ုပ္ေဆာင္ေနတဲ့ ေဝလု ဟာ အႏုပညာအလုပ္ေတြနဲ႔အတူ ပရဟိတ အလုပ္ေတြ ကိုလည္း ဆက္လက္လုပ္ကိုင္သြားဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။
 
သူဟာ မ်က္စိအတုလႉဒါန္းကူညီတာေတြအျပင္ Wheel Chair လႉတာေတြ၊ ေလမႈတ္ေမြ႕ယာ လႉဒါန္းေပး တာေတြ၊ သူ႔ကိုအကူအညီေတာင္းလာ သူေတြကို တတ္ႏိုင္သေလာက္ လႉဒါန္းတာေတြကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။
 
 “ဒီလိုအလႉေလး စတင္ ျဖစ္ခဲ့တာက နယ္မွာဇာတ္ကားသြား႐ိုက္တဲ့႐ြာမွာ ေကာ္ဖီမစ္ေတြ၊ ၾကက္ဥေတြ ေရာင္းတဲ့ကေလးက ကြၽန္ေတာ့္လည္း အရမ္းလည္းခ်စ္တယ္၊ သူနဲ႔ခင္မင္ၿပီး ကူညီခဲ့တာကေန စတင္ခဲ့တာပါ၊ ကြၽန္ေတာ္က ပရဟိတလုပ္ေနတာမဟုတ္ဘူး၊ ေဖာင္ေဒးရွင္းေထာင္တာလည္းမဟုတ္ဘူး၊ ကြၽန္ေတာ္က တျခားသူေတြရဲ႕ လိုအပ္တာေလးကို ျဖည့္ဆည္းေပးေနတာ၊ ကြၽန္ေတာ္က်န္းမာေနရင္ကူညီမယ္၊ ကြၽန္ေတာ့္လက္ထဲမွာ ပိုက္ဆံရွိေနရင္ ကူညီမွာပဲ၊ အလႉရွင္ေတြ ပံ့ပိုးတာ အကူအညီေပးတာေတြရွိရင္လည္း ကြၽန္ေတာ္လုပ္ေနမွာပဲ၊ ေရွ႕ဆက္ၿပီးေတာ့လည္း ကြၽန္ေတာ္ အသက္ရွင္ေနသေ႐ြ႕ ကူညီေနမွာပဲ၊ ကား႐ိုက္ ေတြလည္း ပါးတဲ့အခ်ိန္မွာ ကူညီျဖစ္ခဲ့တယ္၊ ကြၽန္ေတာ့္ကို ကိုယ့္ေလာကထဲမွာပဲ တိုက္ခိုက္မႈေတြလည္း အမ်ားႀကီးခံရတယ္၊ ဒီေကာင္ ေစာက္ပိုေတြလုပ္ေနတယ္တို႔၊ နာမည္ႀကီးခ်င္လို႔တို႔ အစုံပဲေလ၊ ကိုယ့္ေလာကသားေတြထဲမွာ ေလွာင္ေျပာင္ ၾကတာ၊ ဒါကလည္း ကြၽန္ေတာ္တို႔လူမ်ိဳးေတြမွာ ျဖစ္ေလ့ျဖစ္ထ ရွိသလို ျဖစ္ေနၿပီ၊ ေကာင္းတာလုပ္ရင္ ေျပာခ်င္ၾကတယ္၊ ကြၽန္ေတာ္ကေတာ့ ကိုယ္လုပ္ခ်င္တဲ့ဟာကို တစိုက္မတ္မတ္နဲ႔လုပ္ေနတာျဖစ္ပါတယ္”လို႔ ၎က ရွင္းျပပါတယ္။
 
လက္ရွိကာလအထိ မ်က္စိတုလႉဒါန္းကူညီခဲ့သူ ၂၀၀ နီးပါးရွိခဲ့သလို Wheel Chair ၁၄ လုံးလႉၿပီးသြားၿပီး ဆက္လက္ လႉဒါန္းဖို႔ Wheel Chair ေတြ ျပင္ဆင္ထားေပမယ့္ ကိုယ္တိုင္သြားေရာက္ခ်င္သလို COVID ကာလလည္း ျဖစ္တဲ့အတြက္ Wheel Chair လႉဒါန္းတာ ေခတၱဆိုင္းထားေပမယ့္ မၾကာခင္လႉဒါန္းေပးသြားဖို႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။
 
 “ကြၽန္ေတာ္ဝါသနာပါတဲ့ ဒီ အႏုပညာအလုပ္ကိုလည္း လုပ္ေနမွာပဲ၊ အဲ့ဒီလို လုပ္ေနရင္းနဲ႔ ကြၽန္ေတာ့္လက္ထဲ ပိုက္ဆံရွိရင္ရွိသလို တစ္ဖက္ကလည္း အကူအညီေတာင္းတဲ့သူေတြကို လႉေနဦးမွာပါပဲ၊ ကြၽန္ေတာ္ေျပာရဲပါတယ္၊ ကြၽန္ေတာ္အသက္ရွင္ေနသေ႐ြ႕ကူညီေနဦးမယ္၊ ဒါအေသအခ်ာပဲ”လို႔ သူက ဆက္လက္ရွင္းျပခဲ့ပါတယ္။ ႐ုပ္သံဇာတ္လမ္းတြဲေတြအတြက္ ဆက္လက္႐ိုက္ကူးဖို႔အစီအစဥ္ေတြလည္း ရွိသလို ယခုအခါ COVID ကာလျဖစ္ေနတာေၾကာင့္ အိမ္မွာေနရင္းလိုအပ္တဲ့ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနရ တယ္လို႔ သိရပါတယ္။
 
မင္းေခတ္လင္း 
(ဓာတ္ပုံ- ေဝလု)
ရန္ကုန္၊ ဒီဇင္ဘာ ၂၃