【 အနုပညာ 】“အနာဂတ်”လို့နာမည်ပေးထားတဲ့ တေး Album အတွက်ပြင်ဆင်နေတဲ့ ဟန်နေတာ

【  အနုပညာ  】“အနာဂတ်”လို့နာမည်ပေးထားတဲ့ တေး Album အတွက်ပြင်ဆင်နေတဲ့ ဟန်နေတာ

တေးသံရှင် ဟန်နေတာဟာ အခုလိုကာလမှာ “အနာဂတ်”လို့နာမည်ပေးထားတဲ့ တေး Album အတွက်ပြင်ဆင်နေတယ်လို့ ပြောလာပါတယ်။

“ဒီဟာက ကျွန်တော့်ရဲ့ Second Solo Album ပါပဲ၊ သီချင်းတွေကို ကျစ်ကျစ်လစ်လစ်နဲ့ ကောင်းကောင်း မွန်မွန်လေး၊ အချိတ်အဆက်မိမိလေး ခံစားမိအောင် စီစဉ်ထားတယ်၊ အဲ့ဒီထဲမှာ ၁၀ ပုဒ်လောက်တော့ ပါလိမ့်မယ်၊ သီချင်းအမျိုးအစားကိုတော့ အသေးစိတ်တွေကို ကျွန်တော် မပြောချင်သေးဘူး ပရိသတ်ကို Surprise ထားဦးမယ်၊ ကျွန်တော်တို့ ထွက်တဲ့ သီချင်းတွေက ဆိုနေကြအတိုင်း မဟုတ်တာကို သတိထားမိမှာပါ”လို့ သူက ရှင်းပြပါတယ်။

သူဟာ “မိုးမခအိပ်မက်ခရမ်းပြာ”လို့နာမည်ရတဲ့ တေးသီချင်းနဲ့ ပရိသတ်လက်ခံအားပေးမှုတွေကို အခိုင်အမာ ရရှိခဲ့သူဖြစ်သလို ပထမအခွေမှာ တည်ထားပြီးသားဖြစ်တဲ့သီချင်းကိုစိတ်ကြိုက်တီးခတ်လုပ်ဆောင်ခဲ့ပြီး အခု ပြင်ဆင်နေတဲ့ ဒုတိယအခွေမှာတော့ ဂီတအမျိုးအစားတွေကို စုံအောင်ခံစားနိုင်မယ့်အပြင် ရသစုံဖြစ်လာမယ်လို့ သိရပါတယ်။

 “တကယ်တော့ Show ပွဲတွေမှာဆိုဖို့ ပြင်ဆင်ထားတဲ့သီချင်းတွေကို စုစုစည်းစည်းလည်း ဖြစ်အောင် စီစဉ်ခဲ့တာပါ၊ မှတ်တမ်းလေးတစ်ခုလည်း ဖြစ်မှာပါ”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

 သူဟာ သရုပ်ဆောင် ခင်ဝင့်ဝါရဲ့ မွေးနေ့အတွက် ပုံတူပန်းချီကားကို လက်ဆောင်အဖြစ်ပေးခဲ့သူလည်း ဖြစ်သလို အားပေးသူ ပရိသတ်များစွာလည်း ရရှိလာသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ဟန်နေတာ)
ရန်ကုန်၊ ဒီဇင်ဘာ ၄

 

( Zawgyi  )

 

 

 ေတးသံရွင္ ဟန္ေနတာဟာ အခုလိုကာလမွာ “အနာဂတ္”လို႔နာမည္ေပးထားတဲ့ ေတး Album အတြက္ျပင္ဆင္ေနတယ္လို႔ ေျပာလာပါတယ္။

“ဒီဟာက ကြၽန္ေတာ့္ရဲ႕ Second Solo Album ပါပဲ၊ သီခ်င္းေတြကို က်စ္က်စ္လစ္လစ္နဲ႔ ေကာင္းေကာင္း မြန္မြန္ေလး၊ အခ်ိတ္အဆက္မိမိေလး ခံစားမိေအာင္ စီစဥ္ထားတယ္၊ အဲ့ဒီထဲမွာ ၁၀ ပုဒ္ေလာက္ေတာ့ ပါလိမ့္မယ္၊ သီခ်င္းအမ်ိဳးအစားကိုေတာ့ အေသးစိတ္ေတြကို ကြၽန္ေတာ္ မေျပာခ်င္ေသးဘူး ပရိသတ္ကို Surprise ထားဦးမယ္၊ ကြၽန္ေတာ္တို႔ ထြက္တဲ့ သီခ်င္းေတြက ဆိုေနၾကအတိုင္း မဟုတ္တာကို သတိထားမိမွာပါ”လို႔ သူက ရွင္းျပပါတယ္။

သူဟာ “မိုးမခအိပ္မက္ခရမ္းျပာ”လို႔နာမည္ရတဲ့ ေတးသီခ်င္းနဲ႔ ပရိသတ္လက္ခံအားေပးမႈေတြကို အခိုင္အမာ ရရွိခဲ့သူျဖစ္သလို ပထမအေခြမွာ တည္ထားၿပီးသားျဖစ္တဲ့သီခ်င္းကိုစိတ္ႀကိဳက္တီးခတ္လုပ္ေဆာင္ခဲ့ၿပီး အခု ျပင္ဆင္ေနတဲ့ ဒုတိယအေခြမွာေတာ့ ဂီတအမ်ိဳးအစားေတြကို စုံေအာင္ခံစားႏိုင္မယ့္အျပင္ ရသစုံျဖစ္လာမယ္လို႔ သိရပါတယ္။

 “တကယ္ေတာ့ Show ပြဲေတြမွာဆိုဖို႔ ျပင္ဆင္ထားတဲ့သီခ်င္းေတြကို စုစုစည္းစည္းလည္း ျဖစ္ေအာင္ စီစဥ္ခဲ့တာပါ၊ မွတ္တမ္းေလးတစ္ခုလည္း ျဖစ္မွာပါ”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

 သူဟာ သ႐ုပ္ေဆာင္ ခင္ဝင့္ဝါရဲ႕ ေမြးေန႔အတြက္ ပုံတူပန္းခ်ီကားကို လက္ေဆာင္အျဖစ္ေပးခဲ့သူလည္း ျဖစ္သလို အားေပးသူ ပရိသတ္မ်ားစြာလည္း ရရွိလာသူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ဟန္ေနတာ)
ရန္ကုန္၊ ဒီဇင္ဘာ ၄