【 အနုပညာ 】 ကမ္ဘာကျော် ဆုပေးပွဲတွေကို မတက်ပဲ သူငယ်ချင်းအတွက် ကမ်းခြေကိုရောက်နေတဲ့ ဆလီနာဂိုးမက်ဇ်

【 အနုပညာ 】 ကမ္ဘာကျော် ဆုပေးပွဲတွေကို မတက်ပဲ သူငယ်ချင်းအတွက် ကမ်းခြေကိုရောက်နေတဲ့ ဆလီနာဂိုးမက်ဇ်

ဂရမ်မီဆုပေးပွဲ၊ BAFTAS နဲ့ နယူးယောက် ဖက်ရှင်ပွဲတွေဟာ ဒီရက်ပိုင်းအတွင်းမှာ ကျင်းပခဲ့တဲ့အတွက် နာမည်ကျော် အနုပညာရှင်တွေအတွက်တော့ အရမ်းကို အလုပ်များတဲ့ ရက်ပိုင်းပါပဲ။

ဒါပေမဲ့ နာမည်ကျော်တွေထဲက ဆလီနာဂိုးမက်ဇ် ကတော့ သူ့သူငယ်ချင်း ကော်နီဘယ်ရီ မင်္ဂလာမဆောင်မီ တစ်ကိုယ်တည်းဘ၀ နှုတ်ဆက်ပွဲကို ကျင်းပပေးဖို့အတွက် ပွဲတွေနဲ့ဝေးရာ ကမ်းခြေကို ရောက်ရှိလို့နေပါတယ်။

သူမဟာ သြဂုတ်လမှာ ကျရောက်ခဲ့တဲ့ ကော်နီဘယ်ရီ မွေးနေ့တုန်းကလဲ သူမ Instagram မှာ “နင်ဟာ မယုံကြည်နိုင်လောက်အောင် ကောင်းလွန်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။နင့်ဘဝရဲ့ အခက်အခဲတွေ ရင်ဆိုင်ရာမှာ မယုံကြည်နိုင်လောက်အောင်တော်ပြီး တင့်တယ်လှတယ်။
ကိစ္စသေးသေးလေးကလည်း မင်းကို စိတ်လှုပ်ရှားစေတယ်။သူများတွေ မင်းကိုယ်သင်းနံ့က မွှေးလိုက်တာလို့ပြောရင် မင်းက မင်းရေမွှေးတွေကို လက်ဆောင်ပေးတတ်သူ ဖြစ်တယ်။မင်းက အရမ်းကို ဟာသဉာဏ်ရွှင်သူလည်း ဖြစ်တယ်။မင်းယုံကြည်ရာကို ဘယ်တော့မှာ မယိုင်လဲအောင်နေတယ်။ချစ်တတ်တဲ့ အစ်မတစ်ယောက်၊ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ သမီးကောင်းတစ်ယောက် ဖြစ်တယ်” ဟု ရေးသားခဲ့ဖူးပါတယ်။

TT
ဖေဖော်ဝါရီ - ၁၃

( Zawgyi )

ဂရမ္မီဆုေပးပြဲ၊ BAFTAS နဲ႔ နယူးေယာက္ ဖက္ရွင္ပြဲေတြဟာ ဒီရက္ပိုင္းအတြင္းမွာ က်င္းပခဲ့တဲ့အတြက္ နာမည္ေက်ာ္ အႏုပညာရွင္ေတြအတြက္ေတာ့ အရမ္းကို အလုပ္မ်ားတဲ့ ရက္ပိုင္းပါပဲ။

ဒါေပမဲ့ နာမည္ေက်ာ္ေတြထဲက ဆလီနာဂိုးမက္ဇ္ ကေတာ့ သူ႔သူငယ္ခ်င္း ေကာ္နီဘယ္ရီ မဂၤလာမေဆာင္မီ တစ္ကိုယ္တည္းဘ၀ ႏႈတ္ဆက္ပြဲကို က်င္းပေပးဖို႔အတြက္ ပြဲေတြနဲ႔ေဝးရာ ကမ္းေျခကို ေရာက္ရွိလို႔ေနပါတယ္။

သူမဟာ ၾသဂုတ္လမွာ က်ေရာက္ခဲ့တဲ့ ေကာ္နီဘယ္ရီ ေမြးေန႔တုန္းကလဲ သူမ Instagram မွာ “နင္ဟာ မယုံၾကည္ႏိုင္ေလာက္ေအာင္ ေကာင္းလြန္းတဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္တယ္။နင့္ဘဝရဲ႕ အခက္အခဲေတြ ရင္ဆိုင္ရာမွာ မယုံၾကည္ႏိုင္ေလာက္ေအာင္ေတာ္ၿပီး တင့္တယ္လွတယ္။
ကိစၥေသးေသးေလးကလည္း မင္းကို စိတ္လႈပ္ရွားေစတယ္။သူမ်ားေတြ မင္းကိုယ္သင္းနံ႔က ေမႊးလိုက္တာလို႔ေျပာရင္ မင္းက မင္းေရေမႊးေတြကို လက္ေဆာင္ေပးတတ္သူ ျဖစ္တယ္။မင္းက အရမ္းကို ဟာသဉာဏ္႐ႊင္သူလည္း ျဖစ္တယ္။မင္းယုံၾကည္ရာကို ဘယ္ေတာ့မွာ မယိုင္လဲေအာင္ေနတယ္။ခ်စ္တတ္တဲ့ အစ္မတစ္ေယာက္၊ သူငယ္ခ်င္းေကာင္းတစ္ေယာက္နဲ႔ သမီးေကာင္းတစ္ေယာက္ ျဖစ္တယ္” ဟု ေရးသားခဲ့ဖူးပါတယ္။

TT
ေဖေဖာ္ဝါရီ - ၁၃