【 အနုပညာ 】 တွဲနေတယ်လို့ သတင်းတွေထွက်နေတဲ့ ကူးကူး နဲ့ မေချန်စူး

【 အနုပညာ 】 တွဲနေတယ်လို့ သတင်းတွေထွက်နေတဲ့ ကူးကူး နဲ့ မေချန်စူး

နတ်ဓားသူရဲကောင်းဇာတ်ကားမှာ လီရှောင်းယောင် လင်အော့ ဇာတ်ရုပ်ဖြင့် ပရိတ်သတ်အချစ်တွေကို အပိုင်သိမ်းပိုက်ထားတဲ့ သူတို့နစ်ယောက်ကတော့ ယခုတွဲနေပြီလို့ သတင်းတွေထွက်နေပါတယ်။

လင်အော့ (ခ) ကူးကူး နာမည်အရင်းကတော့ လျိုရိဖေး ဖြစ်ပြီး ယခင်နစ်ပိုင်းအတွင်းမှာတော့ ဂျွန်စော နဲ့ ချစ်ကြိုးသွယ်ခဲ့ပါသေးတယ်။

လီရှောင်းယောင်း (ခ) မေချန်စူး ရဲ့ နာမည်အရင်းကတော့ ဟူကော ဖြစ်ပြီး သူ့အချစ်ရေးကတော့ အမြဲတစ်ကိုယ်တည်းသမားပါ။သူတို့နစ်ဦးဟာ ရုပ်ရှင်ရိုက်ကွင်းမှာပဲ စတင်သိရှိပြီး ၁၀ နှစ်ကြာလို့ နှစ်ဦးလုံး လူလွတ်တွေဖြစ်နေရင် လက်ထပ်ကြမယ်လို့ ယခင်ကပြောခဲ့ဖူးပါတယ်။ယခု အင်တာနက်အသုံးပြုသူတစ်ဦးက ဟူကော က သူပြောခဲ့ဖူးတဲ့အတိုင်း ၁၀ နှစ်ရှိပြီ ဖြစ်တဲ့အတွက် သူတို့နှစ်ဦး အခုတော့တွဲနေကြပါပြီလို့ သတင်းတွေလွှင့်ခဲ့ပါတယ်။

ဒီသတင်း မှန်၊ မမှန်ကတော့ စောင့်ကြည့်ရဦးမှာပါ။

TT
ဖေဖော်ဝါရီ - ၁၁

( Zawgyi )

နတ္ဓားသူရဲေကာင္းဇာတ္ကားမွာ လီေရွာင္းေယာင္ လင္ေအာ့ ဇာတ္႐ုပ္ျဖင့္ ပရိတ္သတ္အခ်စ္ေတြကို အပိုင္သိမ္းပိုက္ထားတဲ့ သူတို႔နစ္ေယာက္ကေတာ့ ယခုတြဲေနၿပီလို႔ သတင္းေတြထြက္ေနပါတယ္။

လင္ေအာ့ (ခ) ကူးကူး နာမည္အရင္းကေတာ့ လ်ိဳရိေဖး ျဖစ္ၿပီး ယခင္နစ္ပိုင္းအတြင္းမွာေတာ့ ဂြၽန္ေစာ နဲ႔ ခ်စ္ႀကိဳးသြယ္ခဲ့ပါေသးတယ္။

လီေရွာင္းေယာင္း (ခ) ေမခ်န္စူး ရဲ႕ နာမည္အရင္းကေတာ့ ဟူေကာ ျဖစ္ၿပီး သူ႔အခ်စ္ေရးကေတာ့ အၿမဲတစ္ကိုယ္တည္းသမားပါ။သူတို႔နစ္ဦးဟာ ႐ုပ္ရွင္႐ိုက္ကြင္းမွာပဲ စတင္သိရွိၿပီး ၁၀ ႏွစ္ၾကာလို႔ ႏွစ္ဦးလုံး လူလြတ္ေတြျဖစ္ေနရင္ လက္ထပ္ၾကမယ္လို႔ ယခင္ကေျပာခဲ့ဖူးပါတယ္။ယခု အင္တာနက္အသုံးျပဳသူတစ္ဦးက ဟူေကာ က သူေျပာခဲ့ဖူးတဲ့အတိုင္း ၁၀ ႏွစ္ရွိၿပီ ျဖစ္တဲ့အတြက္ သူတို႔ႏွစ္ဦး အခုေတာ့တြဲေနၾကပါၿပီလို႔ သတင္းေတြလႊင့္ခဲ့ပါတယ္။

ဒီသတင္း မွန္၊ မမွန္ကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

TT
ေဖေဖာ္ဝါရီ - ၁၁