【 အနုပညာ 】 လက်ထပ်လိုက်ပြီဖြစ်တဲ့ မလန်ဒါလန်းဘက်

【 အနုပညာ 】 လက်ထပ်လိုက်ပြီဖြစ်တဲ့ မလန်ဒါလန်းဘက်

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ မလန်ဒါလန်းဘက် ဟာ သူမလက်ထပ်လိုက်ပြီဖြစ်ကြောင်း Instagram ကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။

“ချစ်သူများနေ့ရဲ့ အငွေ့အသက်တွေ လွှမ်းမိုးနေတာကြောင့် ကျွန်မသတင်းတစ်ခု မျှဝေချင်ပါတယ်။ကျွန်မဘဝရဲ့ အချစ်ကို ရှာဖွေတွေ့ရှိခဲ့သလို ကျွန်မတို့ဟာလည်း လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်။ကျွန်မနှလုံးသားမှာ အချစ်တွေနဲ့ ပြည့်နက်နေပါတယ်။ကျွန်မကိုချစ်ပေးတဲ့အတွက် ကျေးဇူးပါ ဘရမ်းဒင်း မကော့ဖလင်း” ဟု ရေးသားခဲ့ပါတယ်။

ဒီသတင်းက လူတော်တော်များများကို အံ့အားသင့်စေခဲ့ပါတယ်။သူမရဲ့ လူမှုကွန်ယက် ဘရမ်းဒင်း မကော့ဖလင်း အကြောင်း အရိပ်အယောင်လေးတောင် မတင်ဖူးတဲ့အတွက် ဘယ်သူမှလည်း မထင်ထားခဲ့ပါဘူး။သူမခင်ပွန်းက ရဲဝန်ထမ်းတစ်ယောက်ပါ ဒါပေမဲ့ ရဲတပ်ဖွဲ့ထဲ မဝင်ခင်ကတော့ သူဟာ မော်ဒယ်တစ်ယောက်ပါ။

TT
ဖေဖော်ဝါရီ - ၁၉

( Zawgyi )




TT
ဖေဖော်ဝါရီ - ၁၉