【 အနုပညာ 】 Line Walker ဇာတ်ကားသမိုင်း

【 အနုပညာ 】 Line Walker ဇာတ်ကားသမိုင်း

ခုတလော မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးနေတဲ့ Line Walker 2 ဇာတ်ကား လာရောက်ရိုက်ကူးနေတာ ပရိတ်သတ်တွေ စိတ်ဝင်တစားဖြစ်နေပါတယ်။ဒီ Line Walker ဟာ ရုပ်ရှင်ဇာတ်ကားလဲ ရှိသလို အပိုင်း - ၃၀ ကျော်ရှိတဲ့ ဇာတ်လမ်းတွဲ (၂) တွဲလည်း ရှိပါတယ်။

ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကားတွေရဲ့ ဇာတ်လမ်းကတော့ သိပ်မတူပေမဲ့ ဇာတ်အိမ်တည်ဆောက်ပုံနဲ့ ရိုက်ကူးပုံကတော့ သိပ်မကွာလှပါဘူး။ဇာတ်လမ်းတွဲရိုက်ကူးပြီးမှ ရုပ်ရှင်ကားတွေကိုရိုက်တာ ဖြစ်ပါတယ်။

ပထမဦးဆုံး Line Walker ဇာတ်လမ်းတွဲကို ၂၀၁၄ ခုနှစ်မှာ သြဂုတ်လလောက်မှာ စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ကိုရီးယားဇာတ်လမ်းတွဲတွေ အရှိန်ပြင်းပြင်းနဲ့ ဈေးကွက်ကို စိုးမိုးထားချိန်မှာ ဒီဇာတ်လမ်းက ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ ကြည့်ရူနှုန်းနဲ့ အပြိုင်ကြဲနိုင်ခဲ့ပါတယ်။အင်တာနက်မှာတင် ကြည့်ရူနှုန်းဦးရေ သန်း ၁၀၀ ကျော်ခဲ့ပြီး စုစုပေါင်းကြည့်ရှုနန်း ၂.၄ ဘီလျံအထိ တက်ခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲကြောင့် အဓိကသရုပ်ဆောင် ၅ ဦးဟာလည်း မီဒီယာမှာ ဖော်ပြခံရနှုန်း Top 20 ကို ဝင်ခဲ့ပါတယ်။TVB Annicersary Awards ရဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်ရဲ့ အကောင်းဆုံး အာရှရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ တတိယနေရာကိုလည်း ယူနိုင်ခဲ့ပါတယ်။Line Walker 2 ဇာတ်လမ်းတွဲကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး စတင်ထုတ်လွှင့်ပြသသည့် ၁၄ နာရီအတွင်း ကြည့်ရူသူ သန်းနဲ့ချီရှိခဲ့ကာ တစ်လအတွင်းမှာတွင် အင်တာနက်မှ ကြည့်ရူသူ စုစုပေါင်း ၁.၉ ဘီလျံထိ ရရှိခဲ့ပါတယ်။

 

Chinese box office မှာ ယွမ်ငွေ ၆၀၆.၂ သန်းထိ ရရှိခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှာတော့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၉၂.၃ သန်းထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Line Walker 2 ဇာတ်လမ်းတွဲရဲ့ အဓိကရိုက်ကူးခဲ့တဲ့ နေရာကတော့ ဟောင်ကောင်၊ ဆန်းကျင့်မြို့နဲ့ ထိုင်းနိုင်ငံတို့မှာပဲ ဖြစ်ပါတယ်။ရုပ်ရှင်ကားတွေဖြစ်တဲ့ Line Walker ကိုတော့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ စတင်ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရဲဖက်မှ သူလျှိုဖြစ်သူ အားသင်း ဟာ လျို့ဝှက်မက်ဆေ့တစ်ခုရပြီး ဒုစရိုက်ဂိုဏ်းတစ်ခုကို လိုက်လံစုံစမ်းရာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်ရဲ့ ဘယ်လက်ရုံး အားလန် နှင့် ညာလက်ရုံး ကျံချင်သခင်လေး တို့ဟာ ရဲတပ်ဖွဲ့က လွှတ်ထားပြီး တပ်ဖွဲ့နှင့် အဆက်အသွယ်ပြတ်သွားခဲ့တဲ့ သူလျှိုဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။သူတို့ ၂ ဦးဟာ ညီအစ်ကိုရင်းပမာ ချစ်ခင်ကြပြီး သူတို့ ၂ ဦးထဲက တစ်ဦး သူလျှိုဆိုတာ ပေါ်သွားချိန်မှာတော့ သူတို့အချင်းချင်းကြားက ယုံကြည်မှုဟာ စိန်ခေါ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး အသက်အန္တရာယ်နှင့်လည်း ကြုံတွေ့လာရပါတယ်။သူလျှိုတွေကို အဓိကဆက်သွယ်သူ ရဲမှူး Q နှင့် အားသင်း ဟာလည်း အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

TT
ဖေဖော်ဝါရီ - ၁၈

( Zawgyi )

ခုတေလာ ျမန္မာႏိုင္ငံမွာ လာေရာက္႐ိုက္ကူးေနတဲ့ Line Walker 2 ဇာတ္ကား လာေရာက္႐ိုက္ကူးေနတာ ပရိတ္သတ္ေတြ စိတ္ဝင္တစားျဖစ္ေနပါတယ္။ဒီ Line Walker ဟာ ႐ုပ္ရွင္ဇာတ္ကားလဲ ရွိသလို အပိုင္း - ၃၀ ေက်ာ္ရွိတဲ့ ဇာတ္လမ္းတြဲ (၂) တြဲလည္း ရွိပါတယ္။

ဇာတ္လမ္းတြဲနဲ႔ ႐ုပ္ရွင္ကားေတြရဲ႕ ဇာတ္လမ္းကေတာ့ သိပ္မတူေပမဲ့ ဇာတ္အိမ္တည္ေဆာက္ပုံနဲ႔ ႐ိုက္ကူးပုံကေတာ့ သိပ္မကြာလွပါဘူး။ဇာတ္လမ္းတြဲ႐ိုက္ကူးၿပီးမွ ႐ုပ္ရွင္ကားေတြကို႐ိုက္တာ ျဖစ္ပါတယ္။

ပထမဦးဆုံး Line Walker ဇာတ္လမ္းတြဲကို ၂၀၁၄ ခုႏွစ္မွာ ၾသဂုတ္လေလာက္မွာ စတင္ထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္။ကိုရီးယားဇာတ္လမ္းတြဲေတြ အရွိန္ျပင္းျပင္းနဲ႔ ေဈးကြက္ကို စိုးမိုးထားခ်ိန္မွာ ဒီဇာတ္လမ္းက ကိုရီးယားဇာတ္လမ္းတြဲေတြရဲ႕ ၾကည့္႐ူႏႈန္းနဲ႔ အၿပိဳင္ႀကဲႏိုင္ခဲ့ပါတယ္။အင္တာနက္မွာတင္ ၾကည့္႐ူႏႈန္းဦးေရ သန္း ၁၀၀ ေက်ာ္ခဲ့ၿပီး စုစုေပါင္းၾကည့္ရႈနန္း ၂.၄ ဘီလ်ံအထိ တက္ခဲ့ပါတယ္။ဒီဇာတ္လမ္းတြဲေၾကာင့္ အဓိကသ႐ုပ္ေဆာင္ ၅ ဦးဟာလည္း မီဒီယာမွာ ေဖာ္ျပခံရႏႈန္း Top 20 ကို ဝင္ခဲ့ပါတယ္။TVB Annicersary Awards ရဲ႕ အေကာင္းဆုံး ဇာတ္လမ္းတြဲဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။၂၀၁၅ ခုႏွစ္ရဲ႕ အေကာင္းဆုံး အာရွ႐ုပ္ရွင္ဇာတ္လမ္းတြဲရဲ႕ တတိယေနရာကိုလည္း ယူႏိုင္ခဲ့ပါတယ္။Line Walker 2 ဇာတ္လမ္းတြဲကို ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွာ စတင္ထုတ္လႊင့္ျပသခဲ့ၿပီး စတင္ထုတ္လႊင့္ျပသသည့္ ၁၄ နာရီအတြင္း ၾကည့္႐ူသူ သန္းနဲ႔ခ်ီရွိခဲ့ကာ တစ္လအတြင္းမွာတြင္ အင္တာနက္မွ ၾကည့္႐ူသူ စုစုေပါင္း ၁.၉ ဘီလ်ံထိ ရရွိခဲ့ပါတယ္။

Chinese box office မွာ ယြမ္ေငြ ၆၀၆.၂ သန္းထိ ရရွိခဲ့ၿပီး၊ ကမာၻတစ္ဝွမ္းမွာေတာ့ ဝင္ေငြ အေမရိကန္ ေဒၚလာ ၉၂.၃ သန္းထိ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

Line Walker 2 ဇာတ္လမ္းတြဲရဲ႕ အဓိက႐ိုက္ကူးခဲ့တဲ့ ေနရာကေတာ့ ေဟာင္ေကာင္၊ ဆန္းက်င့္ၿမိဳ႕နဲ႔ ထိုင္းႏိုင္ငံတို႔မွာပဲ ျဖစ္ပါတယ္။႐ုပ္ရွင္ကားေတြျဖစ္တဲ့ Line Walker ကိုေတာ့ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွာ စတင္႐ုံတင္ျပသခဲ့တာျဖစ္ပါတယ္။ဇာတ္လမ္းကေတာ့ ရဲဖက္မွ သူလွ်ိဳျဖစ္သူ အားသင္း ဟာ လ်ိဳ႕ဝွက္မက္ေဆ့တစ္ခုရၿပီး ဒုစ႐ိုက္ဂိုဏ္းတစ္ခုကို လိုက္လံစုံစမ္းရာ ဒုစ႐ိုက္ဂိုဏ္း ေခါင္းေဆာင္ရဲ႕ ဘယ္လက္႐ုံး အားလန္ ႏွင့္ ညာလက္႐ုံး က်ံခ်င္သခင္ေလး တို႔ဟာ ရဲတပ္ဖြဲ႕က လႊတ္ထားၿပီး တပ္ဖြဲ႕ႏွင့္ အဆက္အသြယ္ျပတ္သြားခဲ့တဲ့ သူလွ်ိဳျဖစ္ေနေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။သူတို႔ ၂ ဦးဟာ ညီအစ္ကိုရင္းပမာ ခ်စ္ခင္ၾကၿပီး သူတို႔ ၂ ဦးထဲက တစ္ဦး သူလွ်ိဳဆိုတာ ေပၚသြားခ်ိန္မွာေတာ့ သူတို႔အခ်င္းခ်င္းၾကားက ယုံၾကည္မႈဟာ စိန္ေခၚမႈႏွင့္ ႀကဳံေတြ႕ခဲ့ရၿပီး အသက္အႏၲရာယ္ႏွင့္လည္း ႀကဳံေတြ႕လာရပါတယ္။သူလွ်ိဳေတြကို အဓိကဆက္သြယ္သူ ရဲမႉး Q ႏွင့္ အားသင္း ဟာလည္း အႏၲရာယ္အမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ခဲ့ရပါတယ္။

TT
ေဖေဖာ္ဝါရီ - ၁၈