COVID ကာလထဲ ရိုက်တဲ့ ကြော်ငြာလေးတွေနဲ့ အဆင်ပြေနေတဲ့ ကိုပေါက်

COVID ကာလထဲ ရိုက်တဲ့ ကြော်ငြာလေးတွေနဲ့ အဆင်ပြေနေတဲ့ ကိုပေါက်

 

အခုလို COVID ကာလထဲမှာ သရုပ်ဆောင်/ဒါရိုက်တာ ကိုပေါက်ဟာ ကြော်ငြာလေးတွေကို အထိုက်အလျောက် ပြန်လည်ရိုက်ကူးလာရတယ်လို့ သိရပါတယ်။

 

“စိုက်ပျိုးရေးထွက်ကုန်နဲ့ပတ်သက်တဲ့ ကြော်ငြာလေးတွေပါ၊ ကျွန်တော်တို့ကြော်ငြာက လူလေး တစ်ယောက် နှစ်ယောက်လောက်နဲ့ ရိုက်ကြတာဆိုတော့ လူစုလူဝေးဖြစ်တာမျိုးလည်းမရှိဘူးလေ၊ ကိုယ့်ဟာကိုယ် မိသားစုနဲ့ TikTok ရိုက်သလိုမျိုးပေါ့၊ ဒါကလည်း အခုနောက်ပိုင်းကျမှပါ၊ ရုပ်ရှင်ကားကြီးတွေ ရိုက်တာကျတော့ လောလောဆယ် ခွင့်မပြုသေးဘူး၊ သူကလည်း လူအများကြီးသုံးရတာလေ၊ တစ်ယောက် နှစ်ယောက်လောက်နဲ့ သွားလုပ်လို့မရဘူးလေ” လို့လည်း သရုပ်ဆောင်/ ဒါရိုက်တာ ကိုပေါက် က ရှင်းပြပါတယ်။

 

သူဟာ သရုပ်ဆောင်အလုပ်သာမကဘဲ ဒါရိုက်တာအဖြစ် တာဝန်ယူလုပ်ကိုင်ကာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့သူလည်းဖြစ်သလို အခုနောက်ပိုင်းမှာ ဇာတ်ညွှန်းရေးသားတာတွေကို လုပ်ကိုင်နေပြီး COVID ကာလ ထဲမှာ ပရိသတ်ကို ရယ်မောပျော်ရွှင်စေဖို့ TikTok များစွာကို ရိုက်ကူးကာ လူမှုကွန်ရက်ကနေ ဖြန့်ချီလုပ်ဆောင် လျက်ရှိတယ်လို့ သိရပါတယ်။

 

“ဒါကလည်း ဒီကာလမှာက စိုးရိမ်သောကတွေ၊ စီးပွားရေးအဆင်မပြေတာတွေ၊ ခရီးသွားလာလည်ပတ်တာမျိုး မလုပ်ရတော့ စိတ်ညစ်တာမျိုးမဖြစ်ရအောင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနိုင်ဖို့ ဒီလို TikTok လေးတွေ ကစားပြီးတော့ ပရိသတ်တွေကိုပျော်ရွှင်စေဖို့ ရည်ရွယ်တာပါ၊ ကျွန်တော့်ဗီဒီယို လေးတွေကြည့်ရင်း ပြုံးမိမယ်၊ ပျော်ရွှင်မိမယ်ဆိုရင် ကျွန်တော်လည်း ဝမ်းသာကျေနပ်ဖြစ်ရတယ်၊ ဒီလိုကာလမှာ သောကစိတ်တွေကို ဖြေဖျောက်ပေးနိုင်တဲ့အတွက် ကုသိုလ်လည်းရတယ်လေ” လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။

 

လက်ရှိကာလဟာ သီးနှံပေါ်ချိန်လည်းဖြစ်သလို သီးနှံဖျက်ပိုးမွှားတွေလည်း ကျရောက်တတ်တာကြောင့် စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ပတ်သက်တဲ့ ကြော်ငြာတွေကိုလုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခံရတာတွေလည်းရှိတာကြောင့် အကူအညီပေးရင်း လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

 

မင်းခေတ်လင်း

ရန်ကုန်၊ ဇန်နဝါရီ - ၁၀

 

( Zawgyi )

 

အခုလို COVID ကာလထဲမွာ သ႐ုပ္ေဆာင္/ဒါ႐ိုက္တာ ကိုေပါက္ဟာ ေၾကာ္ျငာေလးေတြကို အထိုက္အေလ်ာက္ ျပန္လည္႐ိုက္ကူးလာရတယ္လို႔ သိရပါတယ္။

 

“စိုက္ပ်ိဳးေရးထြက္ကုန္နဲ႔ပတ္သက္တဲ့ ေၾကာ္ျငာေလးေတြပါ၊ ကြၽန္ေတာ္တို႔ေၾကာ္ျငာက လူေလး တစ္ေယာက္ ႏွစ္ေယာက္ေလာက္နဲ႔ ႐ိုက္ၾကတာဆိုေတာ့ လူစုလူေဝးျဖစ္တာမ်ိဳးလည္းမရွိဘူးေလ၊ ကိုယ့္ဟာကိုယ္ မိသားစုနဲ႔ TikTok ႐ိုက္သလိုမ်ိဳးေပါ့၊ ဒါကလည္း အခုေနာက္ပိုင္းက်မွပါ၊ ႐ုပ္ရွင္ကားႀကီးေတြ ႐ိုက္တာက်ေတာ့ ေလာေလာဆယ္ ခြင့္မျပဳေသးဘူး၊ သူကလည္း လူအမ်ားႀကီးသုံးရတာေလ၊ တစ္ေယာက္ ႏွစ္ေယာက္ေလာက္နဲ႔ သြားလုပ္လို႔မရဘူးေလ” လို႔လည္း သ႐ုပ္ေဆာင္/ ဒါ႐ိုက္တာ ကိုေပါက္ က ရွင္းျပပါတယ္။

 

သူဟာ သ႐ုပ္ေဆာင္အလုပ္သာမကဘဲ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူလုပ္ကိုင္ကာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ႐ိုက္ကူးခဲ့သူလည္းျဖစ္သလို အခုေနာက္ပိုင္းမွာ ဇာတ္ၫႊန္းေရးသားတာေတြကို လုပ္ကိုင္ေနၿပီး COVID ကာလ ထဲမွာ ပရိသတ္ကို ရယ္ေမာေပ်ာ္႐ႊင္ေစဖို႔ TikTok မ်ားစြာကို ႐ိုက္ကူးကာ လူမႈကြန္ရက္ကေန ျဖန႔္ခ်ီလုပ္ေဆာင္ လ်က္ရွိတယ္လို႔ သိရပါတယ္။

 

“ဒါကလည္း ဒီကာလမွာက စိုးရိမ္ေသာကေတြ၊ စီးပြားေရးအဆင္မေျပတာေတြ၊ ခရီးသြားလာလည္ပတ္တာမ်ိဳး မလုပ္ရေတာ့ စိတ္ညစ္တာမ်ိဳးမျဖစ္ရေအာင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ရယ္ေမာႏိုင္ဖို႔ ဒီလို TikTok ေလးေတြ ကစားၿပီးေတာ့ ပရိသတ္ေတြကိုေပ်ာ္႐ႊင္ေစဖို႔ ရည္႐ြယ္တာပါ၊ ကြၽန္ေတာ့္ဗီဒီယို ေလးေတြၾကည့္ရင္း ၿပဳံးမိမယ္၊ ေပ်ာ္႐ႊင္မိမယ္ဆိုရင္ ကြၽန္ေတာ္လည္း ဝမ္းသာေက်နပ္ျဖစ္ရတယ္၊ ဒီလိုကာလမွာ ေသာကစိတ္ေတြကို ေျဖေဖ်ာက္ေပးႏိုင္တဲ့အတြက္ ကုသိုလ္လည္းရတယ္ေလ” လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။

 

လက္ရွိကာလဟာ သီးႏွံေပၚခ်ိန္လည္းျဖစ္သလို သီးႏွံဖ်က္ပိုးမႊားေတြလည္း က်ေရာက္တတ္တာေၾကာင့္ စိုက္ပ်ိဳးေရးသုံးပစၥည္းေတြနဲ႔ပတ္သက္တဲ့ ေၾကာ္ျငာေတြကိုလုပ္ေဆာင္ေပးဖို႔ ကမ္းလွမ္းခံရတာေတြလည္းရွိတာေၾကာင့္ အကူအညီေပးရင္း လုပ္ေဆာင္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ 

 

မင္းေခတ္လင္း

ရန္ကုန္၊ ဇန္နဝါရီ - ၁၀