COVID ကာလအတွင်း အွန်လိုင်းဈေးရောင်းမှု ထင်မှတ်မထားလောက်အောင် ရောင်းခဲ့ရတယ်ဆိုတဲ့ ထင်သစ္စာ

COVID ကာလအတွင်း အွန်လိုင်းဈေးရောင်းမှု ထင်မှတ်မထားလောက်အောင် ရောင်းခဲ့ရတယ်ဆိုတဲ့ ထင်သစ္စာ

ပညာရေးတစ်ဖက်နဲ့ အနုပညာလောကထဲ ရံဖန်ရံခါလုပ်ဆောင်လေ့ရှိခဲ့တဲ့ ထင်သစ္စာဟာ အခုလို COVID ကာလထဲမှာ အွန်လိုင်းကနေ ဈေးရောင်းတာတွေ လုပ်ဆောင်တဲ့အခါ ထင်မှတ်မထားလောက်အောင် ရောင်းချရတယ်လို့ ပြောကြားခဲ့ပါတယ်။

COVID ပထမလှိုင်းကာလအတွင်း အိမ်မှာ အိပ်လိုက်စားလိုက်နဲ့ နေခဲ့ပေမယ့် အခုလို ဒုတိယလှိုင်းကာလထဲ စီးပွားရေးတစ်ရပ်အနေနဲ့ အွန်လိုင်းကနေ Skin Care ရောင်းတာတွေ၊ မာလာရှမ်းကောရောင်းတာတွေကို လုပ်ဆောင်ခဲ့ပြီး တော်တာ်လေးရောင်းချရတဲ့အနေအထားမျိုး ကြုံခဲ့တယ်လို့ သိရပါတယ်။

“မာလာရှမ်းကော ကလည်း ရောင်းရသလို Skin Care ကလည်း တော်တော်လေးရောင်းရတယ်၊ တစ်ခါ Live လွှင့်ရင် ၁၀ သိန်း၊ ၁၅ သိန်းဖိုးလောက် ရောင်းရတယ်၊ “ထင်” တို့ ထင်ထားတာထက် ပိုပြီးတော့ရောင်းရတော့ အရမ်းကိုဝမ်းသာစရာကောင်းတယ်၊ “ထင်” အဲ့လောက်အထိတောင် မမျှော်မှန်းထားဘူး၊ ရောင်းရတယ်ရှင့်၊ အဲ့လိုရောင်းလိုက်တော့ ဘာဖြစ်လဲဆိုတော့ လူတွေအကြောင်းကို ပိုသိသွားတယ်၊ တစ်ချို့ကျတော့ မှာလို့သွားပို့တဲ့အခါ အိမ်နားရောက်မှ ဖုန်းမကိုင်တော့တာတို့၊ တစ်ချို့ကျတော့လည်း ဖုန်းတွေအတင်းခေါ်တာ၊ မှာတာမဟုတ်ဘဲနဲ့ ဖုန်းတွေအတင်းဆက်တာ ကြုံရတယ်၊ အရင်တုန်းကဆိုရင် အဲ့ဒါမျိုးကြုံရင် လုံးဝကိုသည်းမခံတတ်ဘူး၊ ဒါပေမဲ့ အခုကအလုပ်လုပ်နေပြီဆိုတော့ အများကြီးကိုသည်းခံပြီးတော့လုပ်တယ်၊ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်၊ ၁၀ တန်းပြီးသွားရင် “ထင်” က Banking ဘက်ကိုသွားမှာဆိုတော့ Bussiness ဘက်ကို ပိုစိတ်ဝင်စားတယ်၊ အခုကတည်းက ဒီလိုလုပ်တော့ အလုပ်အကြောင်းကိုလည်း ပိုပြီးနားလည်လာပြီ ရင့်ကျက်လာပြီလို့ ထင်တယ်ပေါ့၊ အခု COVID ကြီး မြန်မြန်ပြီးစေချင်နေပါပြီ၊ ဒါမှလည်း ကျောင်းသွားတက်ပြီးတော့ ပြန်လာတဲ့အခါ အနုပညာအလုပ်တွေကို မြန်မြန်လုပ်လို့ရမှာလေ။အခုလောလောဆယ်မှာတော့ အနုပညာလှုပ်ရှားမှုက သိပ်ပြီးတော့များများစားစားမရှိသေးပါဘူး၊ သရုပ်ဆောင်ဘက်က ဝါသနာတော့ပါပေမယ့် အခုက COVID ကာလလည်းဆိုတော့ အခုအချိန်မှာ အနုပညာလှုပ်ရှားမှုဆိုရင် ဓာတ်ပုံရိုက်တာတွေ အင်တာဗျူးဖြေပေးတာလေးတွေလောက်ပဲရှိမယ်လေ၊ အနုပညာဆိုတာကလည်း ကိုယ်က စန်းရှိဦးမှလေ၊ ဒါကြောင့်လည်း Bussiness ဘက်မှာလည်း မလစ်ဟင်းအောင်လို့ တစ်ခုတည်းသာနေတာမျိုးမဟုတ်ဘဲ နှစ်ခုလုံးလုပ်နိုင်အောင်လို့တော့ ကြိုးစားနေတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူမဟာ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးလည်းဖြစ်သလို COVID ပြီးတဲ့အခါ စီးပွားရေးနဲ့ဆိုင်တဲ့ ဘာသာရပ်ကို စင်ကာပူနိုင်ငံမှာ သွားပြီးတက်ရောက်နိုင်ဖို့ မျှော်မှန်းထားကြောင်း၊ စီးပွားရေးပိုင်းကို စိတ်ဝင်စားသူတစ်ဦးလည်းဖြစ်သလို အခုကတည်းက စီးပွားရေးကိုလေ့လာရင်း အွန်လိုင်းကနေ ဈေးရောင်းချတာတွေ၊ စာရင်းများကိုင်တွယ် လုပ်ကိုင်တာတွေနဲ့ လက်တွေ့အတွေ့အကြုံကို သင်ယူနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၂၂

( Zawgyi )

ပညာေရးတစ္ဖက္နဲ႔ အႏုပညာေလာကထဲ ရံဖန္ရံခါလုပ္ေဆာင္ေလ့ရွိခဲ့တဲ့ ထင္သစၥာဟာ အခုလို COVID ကာလထဲမွာ အြန္လိုင္းကေန ေဈးေရာင္းတာေတြ လုပ္ေဆာင္တဲ့အခါ ထင္မွတ္မထားေလာက္ေအာင္ ေရာင္းခ်ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

COVID ပထမလႈိင္းကာလအတြင္း အိမ္မွာ အိပ္လိုက္စားလိုက္နဲ႔ ေနခဲ့ေပမယ့္ အခုလို ဒုတိယလႈိင္းကာလထဲ စီးပြားေရးတစ္ရပ္အေနနဲ႔ အြန္လိုင္းကေန Skin Care ေရာင္းတာေတြ၊ မာလာရွမ္းေကာေရာင္းတာေတြကို လုပ္ေဆာင္ခဲ့ၿပီး ေတာ္တာ္ေလးေရာင္းခ်ရတဲ့အေနအထားမ်ိဳး ႀကဳံခဲ့တယ္လို႔ သိရပါတယ္။

“မာလာရွမ္းေကာ ကလည္း ေရာင္းရသလို Skin Care ကလည္း ေတာ္ေတာ္ေလးေရာင္းရတယ္၊ တစ္ခါ Live လႊင့္ရင္ ၁၀ သိန္း၊ ၁၅ သိန္းဖိုးေလာက္ ေရာင္းရတယ္၊ “ထင္” တို႔ ထင္ထားတာထက္ ပိုၿပီးေတာ့ေရာင္းရေတာ့ အရမ္းကိုဝမ္းသာစရာေကာင္းတယ္၊ “ထင္” အဲ့ေလာက္အထိေတာင္ မေမွ်ာ္မွန္းထားဘူး၊ ေရာင္းရတယ္ရွင့္၊ အဲ့လိုေရာင္းလိုက္ေတာ့ ဘာျဖစ္လဲဆိုေတာ့ လူေတြအေၾကာင္းကို ပိုသိသြားတယ္၊ တစ္ခ်ိဳ႕က်ေတာ့ မွာလို႔သြားပို႔တဲ့အခါ အိမ္နားေရာက္မွ ဖုန္းမကိုင္ေတာ့တာတို႔၊ တစ္ခ်ိဳ႕က်ေတာ့လည္း ဖုန္းေတြအတင္းေခၚတာ၊ မွာတာမဟုတ္ဘဲနဲ႔ ဖုန္းေတြအတင္းဆက္တာ ႀကဳံရတယ္၊ အရင္တုန္းကဆိုရင္ အဲ့ဒါမ်ိဳးႀကဳံရင္ လုံးဝကိုသည္းမခံတတ္ဘူး၊ ဒါေပမဲ့ အခုကအလုပ္လုပ္ေနၿပီဆိုေတာ့ အမ်ားႀကီးကိုသည္းခံၿပီးေတာ့လုပ္တယ္၊ အေတြ႕အႀကဳံေတြလည္း အမ်ားႀကီးရပါတယ္၊ ၁၀ တန္းၿပီးသြားရင္ “ထင္” က Banking ဘက္ကိုသြားမွာဆိုေတာ့ Bussiness ဘက္ကို ပိုစိတ္ဝင္စားတယ္၊ အခုကတည္းက ဒီလိုလုပ္ေတာ့ အလုပ္အေၾကာင္းကိုလည္း ပိုၿပီးနားလည္လာၿပီ ရင့္က်က္လာၿပီလို႔ ထင္တယ္ေပါ့၊ အခု COVID ႀကီး ျမန္ျမန္ၿပီးေစခ်င္ေနပါၿပီ၊ ဒါမွလည္း ေက်ာင္းသြားတက္ၿပီးေတာ့ ျပန္လာတဲ့အခါ အႏုပညာအလုပ္ေတြကို ျမန္ျမန္လုပ္လို႔ရမွာေလ။အခုေလာေလာဆယ္မွာေတာ့ အႏုပညာလႈပ္ရွားမႈက သိပ္ၿပီးေတာ့မ်ားမ်ားစားစားမရွိေသးပါဘူး၊ သ႐ုပ္ေဆာင္ဘက္က ဝါသနာေတာ့ပါေပမယ့္ အခုက COVID ကာလလည္းဆိုေတာ့ အခုအခ်ိန္မွာ အႏုပညာလႈပ္ရွားမႈဆိုရင္ ဓာတ္ပုံ႐ိုက္တာေတြ အင္တာဗ်ဴးေျဖေပးတာေလးေတြေလာက္ပဲရွိမယ္ေလ၊ အႏုပညာဆိုတာကလည္း ကိုယ္က စန္းရွိဦးမွေလ၊ ဒါေၾကာင့္လည္း Bussiness ဘက္မွာလည္း မလစ္ဟင္းေအာင္လို႔ တစ္ခုတည္းသာေနတာမ်ိဳးမဟုတ္ဘဲ ႏွစ္ခုလုံးလုပ္ႏိုင္ေအာင္လို႔ေတာ့ ႀကိဳးစားေနတယ္” လို႔ ၎က ရွင္းျပပါတယ္။

သူမဟာ သ႐ုပ္ေဆာင္ ခင္ဇာျခည္ေက်ာ္ရဲ႕ သမီးလည္းျဖစ္သလို COVID ၿပီးတဲ့အခါ စီးပြားေရးနဲ႔ဆိုင္တဲ့ ဘာသာရပ္ကို စင္ကာပူႏိုင္ငံမွာ သြားၿပီးတက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားေၾကာင္း၊ စီးပြားေရးပိုင္းကို စိတ္ဝင္စားသူတစ္ဦးလည္းျဖစ္သလို အခုကတည္းက စီးပြားေရးကိုေလ့လာရင္း အြန္လိုင္းကေန ေဈးေရာင္းခ်တာေတြ၊ စာရင္းမ်ားကိုင္တြယ္ လုပ္ကိုင္တာေတြနဲ႔ လက္ေတြ႕အေတြ႕အႀကဳံကို သင္ယူေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ - ၂၂