COVID ကြောင့် တိုင်းရင်းသားသီချင်းတွေလုပ်ဖို့ အချိန်ပိုရတယ်ဆိုတဲ့ တေးသံရှင် သြရသ

COVID ကြောင့် တိုင်းရင်းသားသီချင်းတွေလုပ်ဖို့ အချိန်ပိုရတယ်ဆိုတဲ့ တေးသံရှင် သြရသ

တိုင်းရင်းသားတေးသီချင်းတွေကို ရေးစပ်လုပ်ကိုင်နေတဲ့ တေးသံရှင် သြရသဟာ COVID ကြောင့် အချိန်ပိုရသလိုဖြစ်ခဲ့ပြီး အားစိုက်လုပ်ကိုင်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။“ရှမ်းသီချင်းပြီး သွားပြီး အခုကရင်သီချင်းထပ်လုပ်နေတယ်၊ မွန်သီချင်းလိုမျိုး အားပေးနိုင်ဖို့ မျှော်လင့် ပါတယ်၊ မွန်သီချင်းကိုလည်း ဝိုင်းပြီးအားပေးခဲ့ကြတဲ့ မွန်တိုင်းရင်းသားတွေကို ကျေးဇူးအင်မတန် တင်ပါ တယ်၊ ဆက်ပြီး တော့လည်း တိုင်းရင်းသား အမျိုးအစားစုံအောင်လို့ သီချင်းတွေကို ထပ်လုပ် သွား ဦးမှာပါ၊ အခုလို COVID ဖြစ်တော့ တခြားအလုပ်တွေထက် အိမ်မှာနေရင်း ဒီဟာကို ပိုလုပ်ဖြစ်တယ်၊ အဆိုးထဲက အကောင်းတစ်ခုပေ့ါ”လို့ တေးသံရှင် သြရသက ရှင်းပြပါတယ်။

သူ့အပေါ်ကိုဝေဖန်တိုက်ခိုက်မှုတွေများခဲ့ပေမယ့် မေတ္တာတရားနဲ့သာရင်ဆိုင်ခဲ့သလို လောကဓံ ဟာ အတွေ့ အကြုံကောင်းတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ လက်ရှိကာလမှာလည်း မြန်မာနိုင်ငံ မှာကြုံနေရတဲ့ ကပ်ရောဂါဘေး အမြန်ဆုံးပျောက်ကင်းဖို့ ဆုတောင်းကာ ကျန်းမာရေး သတ်မှတ် ချက်တွေကို လိုက်နာရင်း မဖြစ်မနေမှသာ အပြင်သွားပြီး အချိန်အများစုကိုတော့ နေအိမ်ထဲမှာပဲ နေထိုင်ဖြစ်တယ်လို့ သိရပါတယ်။

“ဘဝမှာလည်း အဆိုးဆုံးတွေလည်း ကြုံခဲ့ပြီးပြီ၊ ဒါတွေကလည်း လူကြီးတွေပြောသလို အတွေ့အကြုံကောင်း တွေပေါ့၊ လူကြီးသူမတွေပြောတဲ့စကားသိပ်မှန်တာ၊ တစ်ချို့အတွေ့အကြုံ ဆိုတာ ကိုယ်ကိုယ်တိုင် လဲကျမတတ် ခံစားပြီးမှရခဲ့တာပါ၊ အခုလိုအချိန်မှာ အလုပ်အကိုင် အခက်အခဲဖြစ်တာတွေ၊ စားဝတ်နေရေး အခက်အခဲ ဖြစ်တာတွေရှိပေမယ့် အားတင်းထားကြပါ၊ တစ်ချိန်ချိန်မှာ ဒီကပ်ရောဂါဆိုးကို အတူတူကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 တိုင္းရင္းသားေတးသီခ်င္းေတြကို ေရးစပ္လုပ္ကိုင္ေနတဲ့ ေတးသံရွင္ ၾသရသဟာ COVID ေၾကာင့္ အခ်ိန္ပိုရသလိုျဖစ္ခဲ့ၿပီး အားစိုက္လုပ္ကိုင္ျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။“ရွမ္းသီခ်င္းၿပီး သြားၿပီး အခုကရင္သီခ်င္းထပ္လုပ္ေနတယ္၊ မြန္သီခ်င္းလိုမ်ိဳး အားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ ပါတယ္၊ မြန္သီခ်င္းကိုလည္း ဝိုင္းၿပီးအားေပးခဲ့ၾကတဲ့ မြန္တိုင္းရင္းသားေတြကို ေက်းဇူးအင္မတန္ တင္ပါ တယ္၊ ဆက္ၿပီး ေတာ့လည္း တိုင္းရင္းသား အမ်ိဳးအစားစုံေအာင္လို႔ သီခ်င္းေတြကို ထပ္လုပ္ သြား ဦးမွာပါ၊ အခုလို COVID ျဖစ္ေတာ့ တျခားအလုပ္ေတြထက္ အိမ္မွာေနရင္း ဒီဟာကို ပိုလုပ္ျဖစ္တယ္၊ အဆိုးထဲက အေကာင္းတစ္ခုေပ့ါ”လို႔ ေတးသံရွင္ ၾသရသက ရွင္းျပပါတယ္။

သူ႔အေပၚကိုေဝဖန္တိုက္ခိုက္မႈေတြမ်ားခဲ့ေပမယ့္ ေမတၱာတရားနဲ႔သာရင္ဆိုင္ခဲ့သလို ေလာကဓံ ဟာ အေတြ႕ အႀကဳံေကာင္းေတြ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ လက္ရွိကာလမွာလည္း ျမန္မာႏိုင္ငံ မွာႀကဳံေနရတဲ့ ကပ္ေရာဂါေဘး အျမန္ဆုံးေပ်ာက္ကင္းဖို႔ ဆုေတာင္းကာ က်န္းမာေရး သတ္မွတ္ ခ်က္ေတြကို လိုက္နာရင္း မျဖစ္မေနမွသာ အျပင္သြားၿပီး အခ်ိန္အမ်ားစုကိုေတာ့ ေနအိမ္ထဲမွာပဲ ေနထိုင္ျဖစ္တယ္လို႔ သိရပါတယ္။

“ဘဝမွာလည္း အဆိုးဆုံးေတြလည္း ႀကဳံခဲ့ၿပီးၿပီ၊ ဒါေတြကလည္း လူႀကီးေတြေျပာသလို အေတြ႕အႀကဳံေကာင္း ေတြေပါ့၊ လူႀကီးသူမေတြေျပာတဲ့စကားသိပ္မွန္တာ၊ တစ္ခ်ိဳ႕အေတြ႕အႀကဳံ ဆိုတာ ကိုယ္ကိုယ္တိုင္ လဲက်မတတ္ ခံစားၿပီးမွရခဲ့တာပါ၊ အခုလိုအခ်ိန္မွာ အလုပ္အကိုင္ အခက္အခဲျဖစ္တာေတြ၊ စားဝတ္ေနေရး အခက္အခဲ ျဖစ္တာေတြရွိေပမယ့္ အားတင္းထားၾကပါ၊ တစ္ခ်ိန္ခ်ိန္မွာ ဒီကပ္ေရာဂါဆိုးကို အတူတူေက်ာ္လႊားႏိုင္မယ္လို႔ ယုံၾကည္ပါတယ္”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း