COVID ကြောင့် အပြင်မထွက်ရဲဖြစ်နေတဲ့ သရုပ်ဆောင် မိုးဒီ

COVID ကြောင့် အပြင်မထွက်ရဲဖြစ်နေတဲ့ သရုပ်ဆောင် မိုးဒီ

သရုပ်ဆောင် မိုးဒီဟာ နဂိုကတည်းကလည်း ကျန်းမာရေးချို့တဲ့သော အခြေအနေမျိုး ရှိနေ တာကြောင့် အခုလို ကာလမှာ အပြင်မထွက်ရဲဖြစ်နေပြီး အိမ်ထဲမှာပဲ နေထိုင်နေတယ်လို့ သိရပါ တယ်။

“သေမှာတော့မကြောက်ပါဘူး၊ ဒါပေမဲ့မသေချင်သေးဘူး၊ ကုသိုလ်ကောင်းမှုတွေ လုပ်ချင်သေး တယ်၊ နှလုံးသွေးကြောကျဉ်းတယ်၊ သွေးတိုးရှိတယ်၊ ဆီးချိုရှိတယ်၊ ဒါကြောင့် အိမ်အပြင်ဘက် မထွက်ရဘူး၊ ကလေးတွေကလည်း ပေးမထွက်ဘူး၊ အခု COVID က အဲ့ဒီရောဂါသုံးမျိုးရှိတဲ့ သူဆိုရင် ကုမရဘူးလို့ ပြောကြတယ်၊ ကူးမိရင် အသက်ပါ ပါသွားမှာလေ၊ ဒါကြောင့်လည်း အိမ်ထဲမှာပဲ ဘုရားရှိခိုး၊ ပုတီးစိပ်၊ နေနေရတယ်၊ အောက်စီဂျင်လည်း အနားမှာ ထားနေရတယ်” လို့ သရုပ်ဆောင် မိုးဒီက ပြောပါတယ်။

အခုလိုနေအိမ်ထဲမှာပဲ နေရတဲ့အပြင် ကျန်းမာရေးမကောင်းတာကြောင့် ဆေးဝါးပစ္စည်းတွေကို ဝယ်ယူ သောက်ဆုံးကြရတဲ့အတွက် ကုန်ကျစရိတ်လည်းကြီးမြင့်ကာ အခက်အခဲတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာ ကျောက်ကပ်တစ်လုံးတည်းနဲ့ နေထိုင်ရသူလည်း ဖြစ်တာကြောင့် ကျန်းမာရေးအတွက် အလေးထားနေထိုင်ရသူလည်းဖြစ်ပါတယ်။

 “အခုက ဘယ်လောက် ကြာဦးမယ်မသိဘူး၊ ဒါကြီးက ဘယ်သူမှလည်းသေချာမပြောနိုင်ဘူးလေ၊ ဆေးဖိုးတွေကလည်းကုန်လိုက်တာမှ တစ်လကို အနည်းဆုံး ၃ သိန်းလောက်ရှိတယ်၊ အခုက ကျောက်ကပ်က တစ်လုံးတည်းရှိတာ၊ တစ်လုံးက ထုတ်ထား ရတယ်လေ၊ အခုတစ်လုံးတောင်မှ မကောင်းတော့ဘူးဆိုရင် သိန်း ၁၀၀၀ လောက် ကုန်မယ်လို့ပြောတယ်၊ အဲ့ဒီလိုကုန်ရင်တော့ သေပြီပေ့ါ၊ ဘယ်လိုလုပ်တတ်နိုင်မှာလဲ၊ အခုတောင်မှ ပိုက်ဆံလေး နည်းနည်းလေး လိုက်နိုင်နေ လို့ အသက်ရှင်နေတာ”လို့ သူက ရှင်းပြပါတယ်။

အိမ်ထဲမှာနေထိုင်ရင်း နေ့တိုင်းသတင်းတွေကြည့်ကာ ရောဂါပျောက်ကင်းသွားဖို့ ဆုတောင်းနေရ ပြီး ပုတီးစိပ် တရားထိုင်တာတွေအပြင် ပျင်းလာပါက ရုပ်သံလိုင်းတွေကနေပြသတဲ့ ရှေးတုန်းက ရုပ်ရှင်ကားတွေကိုလည်း မလွတ်တမ်းကြည့်ဖြစ်တယ်လို့ သိရပါတယ်။ “ဒီရောဂါကြီး ပြီးချင်ပြီ၊ အခုလောလောဆယ်တော့ နယ်စပ်က ဝင်လာမယ့် နောက်ထပ်လူတွေ၊ ပြည်ပက ပြန်လာတဲ့ သူတွေနဲ့ ဘယ်လိုဖြစ်ဦးမယ်မသိဘူး၊ ဒါမပြီးမချင်း ဘာမှလည်း လုပ်ကိုင်စားသောက်လို့ အဆင်မပြေဘူး”လို့ သူက ဆက်လက်ပြောကြားပါတယ်။

သူဟာ အနုပညာ လောကမှာ ပရိသတ်နှစ်သက်အားပေးမှုများပြားတဲ့သူတစ်ဦးလည်းဖြစ်ပြီး COVID မတိုင်ခင် အချိန် ကတည်းက ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို နားထားတဲ့ အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၃

(  Zawgyi  )

 သ႐ုပ္ေဆာင္ မိုးဒီဟာ နဂိုကတည္းကလည္း က်န္းမာေရးခ်ိဳ႕တဲ့ေသာ အေျခအေနမ်ိဳး ရွိေန တာေၾကာင့္ အခုလို ကာလမွာ အျပင္မထြက္ရဲျဖစ္ေနၿပီး အိမ္ထဲမွာပဲ ေနထိုင္ေနတယ္လို႔ သိရပါ တယ္။

“ေသမွာေတာ့မေၾကာက္ပါဘူး၊ ဒါေပမဲ့မေသခ်င္ေသးဘူး၊ ကုသိုလ္ေကာင္းမႈေတြ လုပ္ခ်င္ေသး တယ္၊ ႏွလုံးေသြးေၾကာက်ဥ္းတယ္၊ ေသြးတိုးရွိတယ္၊ ဆီးခ်ိဳရွိတယ္၊ ဒါေၾကာင့္ အိမ္အျပင္ဘက္ မထြက္ရဘူး၊ ကေလးေတြကလည္း ေပးမထြက္ဘူး၊ အခု COVID က အဲ့ဒီေရာဂါသုံးမ်ိဳးရွိတဲ့ သူဆိုရင္ ကုမရဘူးလို႔ ေျပာၾကတယ္၊ ကူးမိရင္ အသက္ပါ ပါသြားမွာေလ၊ ဒါေၾကာင့္လည္း အိမ္ထဲမွာပဲ ဘုရားရွိခိုး၊ ပုတီးစိပ္၊ ေနေနရတယ္၊ ေအာက္စီဂ်င္လည္း အနားမွာ ထားေနရတယ္” လို႔ သ႐ုပ္ေဆာင္ မိုးဒီက ေျပာပါတယ္။

အခုလိုေနအိမ္ထဲမွာပဲ ေနရတဲ့အျပင္ က်န္းမာေရးမေကာင္းတာေၾကာင့္ ေဆးဝါးပစၥည္းေတြကို ဝယ္ယူ ေသာက္ဆုံးၾကရတဲ့အတြက္ ကုန္က်စရိတ္လည္းႀကီးျမင့္ကာ အခက္အခဲေတြလည္း ႀကဳံေနရတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူဟာ ေက်ာက္ကပ္တစ္လုံးတည္းနဲ႔ ေနထိုင္ရသူလည္း ျဖစ္တာေၾကာင့္ က်န္းမာေရးအတြက္ အေလးထားေနထိုင္ရသူလည္းျဖစ္ပါတယ္။

 “အခုက ဘယ္ေလာက္ ၾကာဦးမယ္မသိဘူး၊ ဒါႀကီးက ဘယ္သူမွလည္းေသခ်ာမေျပာႏိုင္ဘူးေလ၊ ေဆးဖိုးေတြကလည္းကုန္လိုက္တာမွ တစ္လကို အနည္းဆုံး ၃ သိန္းေလာက္ရွိတယ္၊ အခုက ေက်ာက္ကပ္က တစ္လုံးတည္းရွိတာ၊ တစ္လုံးက ထုတ္ထား ရတယ္ေလ၊ အခုတစ္လုံးေတာင္မွ မေကာင္းေတာ့ဘူးဆိုရင္ သိန္း ၁၀၀၀ ေလာက္ ကုန္မယ္လို႔ေျပာတယ္၊ အဲ့ဒီလိုကုန္ရင္ေတာ့ ေသၿပီေပ့ါ၊ ဘယ္လိုလုပ္တတ္ႏိုင္မွာလဲ၊ အခုေတာင္မွ ပိုက္ဆံေလး နည္းနည္းေလး လိုက္ႏိုင္ေန လို႔ အသက္ရွင္ေနတာ”လို႔ သူက ရွင္းျပပါတယ္။

အိမ္ထဲမွာေနထိုင္ရင္း ေန႔တိုင္းသတင္းေတြၾကည့္ကာ ေရာဂါေပ်ာက္ကင္းသြားဖို႔ ဆုေတာင္းေနရ ၿပီး ပုတီးစိပ္ တရားထိုင္တာေတြအျပင္ ပ်င္းလာပါက ႐ုပ္သံလိုင္းေတြကေနျပသတဲ့ ေရွးတုန္းက ႐ုပ္ရွင္ကားေတြကိုလည္း မလြတ္တမ္းၾကည့္ျဖစ္တယ္လို႔ သိရပါတယ္။ “ဒီေရာဂါႀကီး ၿပီးခ်င္ၿပီ၊ အခုေလာေလာဆယ္ေတာ့ နယ္စပ္က ဝင္လာမယ့္ ေနာက္ထပ္လူေတြ၊ ျပည္ပက ျပန္လာတဲ့ သူေတြနဲ႔ ဘယ္လိုျဖစ္ဦးမယ္မသိဘူး၊ ဒါမၿပီးမခ်င္း ဘာမွလည္း လုပ္ကိုင္စားေသာက္လို႔ အဆင္မေျပဘူး”လို႔ သူက ဆက္လက္ေျပာၾကားပါတယ္။

သူဟာ အႏုပညာ ေလာကမွာ ပရိသတ္ႏွစ္သက္အားေပးမႈမ်ားျပားတဲ့သူတစ္ဦးလည္းျဖစ္ၿပီး COVID မတိုင္ခင္ အခ်ိန္ ကတည္းက က်န္းမာေရးေၾကာင့္ အႏုပညာအလုပ္ေတြကို နားထားတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၃