Delivery စနစ်နဲ့ ထောပတ်ထမင်းရောင်းနေတဲ့ သရုပ်ဆောင် ညီနန္ဒ

Delivery စနစ်နဲ့ ထောပတ်ထမင်းရောင်းနေတဲ့ သရုပ်ဆောင် ညီနန္ဒ

အနုပညာအလုပ်တွေအားနေတဲ့ အခုလိုကာလမှာ သရုပ်ဆောင် ညီနန္ဒဟာ Delivery စနစ်နဲ့ ထောပတ်ထမင်း ရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 

အစ်ကို ထောပတ်ထမင်းရောင်းတော ဟုတ်ပါတယ်၊ ယောက်ဖက သင်ပေးထားတဲ့ ချက်နည်းတွေထဲက ချက်စားရင်းနဲ့ အခုလိုကာလလေးမှာ ကိုယ်လည်းအလုပ်ကနားနေတော့ ဘယ်ဟာလေး ချက်ရောင်းရမလဲ လို့ စမ်းချက်ရင်းနဲ့ ထောပတ်ထမင်းရောင်းဖို့ဖြစ်လာခဲ့တာပါ၊ အွန်လိုင်းကနေပဲမှာမှာ ဖုန်းဆက်ပြီးတောပဲမှာမှာ အစ်ကိုတို့ကအိမ်တိုင်ရာရောက် လိုက်ပို့ပြီးရောင်းပေးနေပါတယ်၊ အစ်ကိုရယ် ကိုယ့်အမျိုးသမီးရယ်၊ ယောက်ဖရယ် ပေါင်းပြီးတော့ အခုရောင်းတယ်၊ တော်တော်လေးလည်း ရောင်းရတယ်ပေ့ါလို့ သရုပ်ဆောင် ညီနန္ဒက ပြောပါတယ်။ 

 

ရန်ကုန်မြို့ထဲက မြို့နယ်အစုံကို လိုက်လံပို့ဆောင်ကာ ရောင်းချပေးနေရပြီး ရောဂါကာကွယ်ရေး အတွက်လည်းလိုအပ်တဲ့အစီအမံတွေနဲ့ ပြင်ဆင်ပြီးသွားလာနေတယ်လို့ သိရပါတယ်။

 

အကျိုးအမြတ်ဆိုတာထက် ရောင်းနေရတာကိုလည်း ပျော်တယ်လေ၊ ဒီအချိန်မှာ ဒီအတိုင်း နေနေရတာထက်စာရင် အလုပ်ကလေးပုံမှန်လုပ်နေရတော့ ဝင်ငွေလည်းရတယ်၊ မပျင်းဘူးပေါ့နော်၊ ဒီအချိန်မှာ ရောဂါကာကွယ်ရေးကအရေးကြီးပါတယ်၊ ဒါကြောင့်လည်း အလေးထားတာပါ၊ ငွေရှင်းပေးလိုက်တဲ့ ပိုက်ဆံ တွေဆိုရင်လည်း အကုန်လုံးကို အိတ်ထဲမှာစုပြီးထည့်ထားတယ်၊ ပြီးရင်းပိုးသတ်ဆေးဖြန်းပြီးမှ ပြန်လည် သုံးစွဲပါတယ်၊ Delivery ပို့ပြီးသွားရင်လည်း တစ်ကိုယ်လုံးကို ပိုးသတ်ဆေးဖြန်းပြီးမှ ကားပေါ်ကိုပြန်တက်တယ်၊ ဒါကလည်း ကိုယ်တစ်ယောက်ချင်းဂရုစိုက်တယ်ဆိုတာထက် ကိုယ့် Customer ကိုလည်း ဂရုစိုက်ပြီးသား အခြေအနေမျိုး ဖြစ်သွားပါတယ်၊ပိုးသတ်ဆေးဆိုတာလေ ဖြန်းရလွန်းလို့ ကိုယ့်ကိုယ်ကိုတောင် ပိုးသတ်ဆေး အဆိပ်သင့်တာတွေ ဘာတွေဖြစ်မှာကြောက်ရတယ်လို့ သူက ရှင်းပြပါတယ်။

 

အခုဖြစ်နေတဲ့ COVID 19 ကပ်ရောဂါဘေးဆိုးကြီးလည်း အမြန်ပျောက်စေချင်ကြောင်း၊ မိမိကိုယ်တိုင် တစ်ဦးစီတိုင်းက ရောဂါမကူးစက်အောင် နေထိုင်လုပ်ကိုင်ရင်းနဲ့ တက်ညီလက်ညီလုပ်ဆောင်သွားဖို့လည်း လိုအပ်တယ်လို့သူကအကြံပြုပြောကြားခဲ့ပါတယ်။ 

 

မင်းခေတ်လင်း

ရန်ကုန်၊ မေ - 

 

( Zawgyi )

 

အႏုပညာအလုပ္ေတြအားေနတဲ့ အခုလိုကာလမွာ သ႐ုပ္ေဆာင္ ညီနႏၵဟာ Delivery စနစ္နဲ႔ ေထာပတ္ထမင္း ေရာင္းတဲ့အလုပ္ကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

 
“အစ္ကို ေထာပတ္ထမင္းေရာင္းေတာ ဟုတ္ပါတယ္၊ ေယာက္ဖက သင္ေပးထားတဲ့ ခ်က္နည္းေတြထဲက ခ်က္စားရင္းနဲ႔ အခုလိုကာလေလးမွာ ကိုယ္လည္းအလုပ္ကနားေနေတာ့ ဘယ္ဟာေလး ခ်က္ေရာင္းရမလဲ လို႔ စမ္းခ်က္ရင္းနဲ႔ ေထာပတ္ထမင္းေရာင္းဖို႔ျဖစ္လာခဲ့တာပါ၊ အြန္လိုင္းကေနပဲမွာမွာ ဖုန္းဆက္ၿပီးေတာပဲမွာမွာ အစ္ကိုတို႔ကအိမ္တိုင္ရာေရာက္ လိုက္ပို႔ၿပီးေရာင္းေပးေနပါတယ္၊ အစ္ကိုရယ္ ကိုယ့္အမ်ိဳးသမီးရယ္၊ ေယာက္ဖရယ္ ေပါင္းၿပီးေတာ့ အခုေရာင္းတယ္၊ ေတာ္ေတာ္ေလးလည္း ေရာင္းရတယ္ေပ့ါ”လို႔ သ႐ုပ္ေဆာင္ ညီနႏၵက ေျပာပါတယ္။ 
 
ရန္ကုန္ၿမိဳ႕ထဲက ၿမိဳ႕နယ္အစုံကို လိုက္လံပို႔ေဆာင္ကာ ေရာင္းခ်ေပးေနရၿပီး ေရာဂါကာကြယ္ေရး အတြက္လည္းလိုအပ္တဲ့အစီအမံေတြနဲ႔ ျပင္ဆင္ၿပီးသြားလာေနတယ္လို႔ သိရပါတယ္။
 
“အက်ိဳးအျမတ္ဆိုတာထက္ ေရာင္းေနရတာကိုလည္း ေပ်ာ္တယ္ေလ၊ ဒီအခ်ိန္မွာ ဒီအတိုင္း ေနေနရတာထက္စာရင္ အလုပ္ကေလးပုံမွန္လုပ္ေနရေတာ့ ဝင္ေငြလည္းရတယ္၊ မပ်င္းဘူးေပါ့ေနာ္၊ ဒီအခ်ိန္မွာ ေရာဂါကာကြယ္ေရးကအေရးႀကီးပါတယ္၊ ဒါေၾကာင့္လည္း အေလးထားတာပါ၊ ေငြရွင္းေပးလိုက္တဲ့ ပိုက္ဆံ ေတြဆိုရင္လည္း အကုန္လုံးကို အိတ္ထဲမွာစုၿပီးထည့္ထားတယ္၊ ၿပီးရင္းပိုးသတ္ေဆးျဖန္းၿပီးမွ ျပန္လည္ သုံးစြဲပါတယ္၊ Delivery ပို႔ၿပီးသြားရင္လည္း တစ္ကိုယ္လုံးကို ပိုးသတ္ေဆးျဖန္းၿပီးမွ ကားေပၚကိုျပန္တက္တယ္၊ ဒါကလည္း ကိုယ္တစ္ေယာက္ခ်င္းဂ႐ုစိုက္တယ္ဆိုတာထက္ ကိုယ့္ Customer ကိုလည္း ဂ႐ုစိုက္ၿပီးသား အေျခအေနမ်ိဳး ျဖစ္သြားပါတယ္၊ပိုးသတ္ေဆးဆိုတာေလ ျဖန္းရလြန္းလို႔ ကိုယ့္ကိုယ္ကိုေတာင္ ပိုးသတ္ေဆး အဆိပ္သင့္တာေတြ ဘာေတြျဖစ္မွာေၾကာက္ရတယ္”လို႔ သူက ရွင္းျပပါတယ္။
 
အခုျဖစ္ေနတဲ့ COVID 19 ကပ္ေရာဂါေဘးဆိုးႀကီးလည္း အျမန္ေပ်ာက္ေစခ်င္ေၾကာင္း၊ မိမိကိုယ္တိုင္ တစ္ဦးစီတိုင္းက ေရာဂါမကူးစက္ေအာင္ ေနထိုင္လုပ္ကိုင္ရင္းနဲ႔ တက္ညီလက္ညီလုပ္ေဆာင္သြားဖို႔လည္း လိုအပ္တယ္လို႔သူကအႀကံျပဳေျပာၾကားခဲ့ပါတယ္။ 
 
မင္းေခတ္လင္း
ရန္ကုန္၊ ေမ - ၁