Delivery လုပ်ကာ ပစ္စည်းလိုက်ပို့နေတဲ့ သရုပ်ဆောင် ထက်ထက်ထွန်း

Delivery လုပ်ကာ  ပစ္စည်းလိုက်ပို့နေတဲ့ သရုပ်ဆောင် ထက်ထက်ထွန်း

အခုလို အနုပညာအလုပ်တွေကို နားထားတဲ့ ကာလမှာ Delivery လုပ်ရင်း  ပစ္စည်းလိုက်ပို့နေတယ်လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။“အခုအချိန်မှာက အလုပ်တွေနားနေတာလည်း ပါတယ်လေ၊ ဒါပေမဲ့ ဘယ်လိုလေးဝင်ပြီး ကူညီကြမလဲလို့ စဉ်းစားတဲ့ အခါကျတော့ Delivery လုပ်ငန်းမှာ Safety ဖြစ်ဖို့ လိုအပ်တာ သွားတွေ့ရတယ်၊ ရောဂါပိုးကူးမှာကြောက်လို့ အိမ်ထဲမှာ နေရတဲ့သူကို လာပို့တဲ့သူကနေ ပိုးကူးတာမျိုးဆိုလည်း မဖြစ်သင့်ဘူးလေ၊ ဒါကြောင့်လည်း အခုလိုအချိန်မှာ Delivery လုပ်ငန်းလေးကို ကိုယ်နိုင် သလောက်လုပ်ဖို့ စီစဉ်ရင်း မိတ်ဆွေတစ်ယောက်နဲ့သွားပြီး ဆွေးနွေးရာကနေ သူက သရက်သီးတွေရောင်းနေတာလည်းရှိတော့ ဒါကိုယူရောင်းကြည့်ပါလားဆိုပြီး ဒါနဲ့ပဲ သရက်သီးရောင်းဖြစ်သွားတယ်၊ အိမ်တိုင်ရာရောက် လိုက်ပို့ပေးရင်းနဲ့ တခြားမှာတဲ့ ကုန်ပစ္စည်းလေးတွေလည်း ကိုယ်နိုင်သလောက်ပို့ဆောင်ပေး နေပါတယ်”လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။

အခုလိုကာလမှာ စျေးသက်သက်သာသာနဲ့ ဝယ်ယူစားသုံးနိုင်ဖို့ စိန်တလုံးသရက်သီးတွေကို အွန်လိုင်းမှ အော်ဒါ လက်ခံပြီး အိမ်တိုင် ရာရောက် လိုက်လံပို့ဆောင်နေတာဖြစ်သလို ကိုယ်ကိုယ်တိုင်လည်း ရောဂါကာကွယ်ရေးအတွက် ပြင်ဆင်စီမံကာ သွားလာနေရတယ်လို့ သိရပါတယ်။ “အသီးကတော့ ကောင်းတယ်၊ အမြတ်တအားယူရင် သမာအာဇီ၀ ကျမှာမဟုတ်ဘူးလေ၊ ဒီလိုကာလမှာ သူများတွေက စျေးတင်ရောင်းတာတွေကိုတွေ့တော့ စိတ်ပျက်မိပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း သမာအာဇီ၀ကျကျ လုပ်ချင်တယ်၊ စျေးတင်ရောင်းတဲ့ သူတွေကိုလည်း ရှုံ့ချပါတယ်၊ မလှူတတ်ရင် စျေးရောင်းဆိုတဲ့စကားမျိုးလည်းရှိတော့ သမာအာဇီ၀ကျကျလည်း လုပ်လို့ရတယ်၊ ကိုယ့်နိုင်သလောက်လည်း Safety ဖြစ်တဲ့ Delivery လုပ်ငန်းကို လုပ်ဖြစ်တာဖြစ်ပါတယ်”လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။ သူဟာ မြို့တော်စည်ပင်ကော်မတီဝင် ရွေးချယ်ပွဲမှာ ဝင်ပြိုင်ပေမယ့် ရှုံးနိမ့်ခဲ့ သော်လည်း နိုင်ငံရေးကိုလေ့လာမှုများ လုပ်ဆောင်နေကာ အခွင့်အလမ်းရရင် လိုအပ်တဲ့ပါဝင်မှုတွေနဲ့ လုပ်ဆောင်သွားဖို့ ကြိုးပမ်းနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ ကိုနိုင်-NG) 

(  Zawgyi   )

 အခုလို အႏုပညာအလုပ္ေတြကို နားထားတဲ့ ကာလမွာ Delivery လုပ္ရင္း  ပစၥည္းလိုက္ပို႔ေနတယ္လို႔ သ႐ုပ္ေဆာင္ ထက္ထက္ထြန္းက ေျပာပါတယ္။“အခုအခ်ိန္မွာက အလုပ္ေတြနားေနတာလည္း ပါတယ္ေလ၊ ဒါေပမဲ့ ဘယ္လိုေလးဝင္ၿပီး ကူညီၾကမလဲလို႔ စဥ္းစားတဲ့ အခါက်ေတာ့ Delivery လုပ္ငန္းမွာ Safety ျဖစ္ဖို႔ လိုအပ္တာ သြားေတြ႕ရတယ္၊ ေရာဂါပိုးကူးမွာေၾကာက္လို႔ အိမ္ထဲမွာ ေနရတဲ့သူကို လာပို႔တဲ့သူကေန ပိုးကူးတာမ်ိဳးဆိုလည္း မျဖစ္သင့္ဘူးေလ၊ ဒါေၾကာင့္လည္း အခုလိုအခ်ိန္မွာ Delivery လုပ္ငန္းေလးကို ကိုယ္ႏိုင္ သေလာက္လုပ္ဖို႔ စီစဥ္ရင္း မိတ္ေဆြတစ္ေယာက္နဲ႔သြားၿပီး ေဆြးေႏြးရာကေန သူက သရက္သီးေတြေရာင္းေနတာလည္းရွိေတာ့ ဒါကိုယူေရာင္းၾကည့္ပါလားဆိုၿပီး ဒါနဲ႔ပဲ သရက္သီးေရာင္းျဖစ္သြားတယ္၊ အိမ္တိုင္ရာေရာက္ လိုက္ပို႔ေပးရင္းနဲ႔ တျခားမွာတဲ့ ကုန္ပစၥည္းေလးေတြလည္း ကိုယ္ႏိုင္သေလာက္ပို႔ေဆာင္ေပး ေနပါတယ္”လို႔ သ႐ုပ္ေဆာင္ ထက္ထက္ထြန္းက ေျပာပါတယ္။

အခုလိုကာလမွာ ေစ်းသက္သက္သာသာနဲ႔ ဝယ္ယူစားသုံးႏိုင္ဖို႔ စိန္တလုံးသရက္သီးေတြကို အြန္လိုင္းမွ ေအာ္ဒါ လက္ခံၿပီး အိမ္တိုင္ ရာေရာက္ လိုက္လံပို႔ေဆာင္ေနတာျဖစ္သလို ကိုယ္ကိုယ္တိုင္လည္း ေရာဂါကာကြယ္ေရးအတြက္ ျပင္ဆင္စီမံကာ သြားလာေနရတယ္လို႔ သိရပါတယ္။ “အသီးကေတာ့ ေကာင္းတယ္၊ အျမတ္တအားယူရင္ သမာအာဇီ၀ က်မွာမဟုတ္ဘူးေလ၊ ဒီလိုကာလမွာ သူမ်ားေတြက ေစ်းတင္ေရာင္းတာေတြကိုေတြ႕ေတာ့ စိတ္ပ်က္မိပါတယ္၊ ကိုယ္ကိုယ္တိုင္လည္း သမာအာဇီ၀က်က် လုပ္ခ်င္တယ္၊ ေစ်းတင္ေရာင္းတဲ့ သူေတြကိုလည္း ရႈံ႕ခ်ပါတယ္၊ မလႉတတ္ရင္ ေစ်းေရာင္းဆိုတဲ့စကားမ်ိဳးလည္းရွိေတာ့ သမာအာဇီ၀က်က်လည္း လုပ္လို႔ရတယ္၊ ကိုယ့္ႏိုင္သေလာက္လည္း Safety ျဖစ္တဲ့ Delivery လုပ္ငန္းကို လုပ္ျဖစ္တာျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ထက္ထက္ထြန္းက ေျပာပါတယ္။ သူဟာ ၿမိဳ႕ေတာ္စည္ပင္ေကာ္မတီဝင္ ေ႐ြးခ်ယ္ပြဲမွာ ဝင္ၿပိဳင္ေပမယ့္ ရႈံးနိမ့္ခဲ့ ေသာ္လည္း ႏိုင္ငံေရးကိုေလ့လာမႈမ်ား လုပ္ေဆာင္ေနကာ အခြင့္အလမ္းရရင္ လိုအပ္တဲ့ပါဝင္မႈေတြနဲ႔ လုပ္ေဆာင္သြားဖို႔ ႀကိဳးပမ္းေနတာေတြလည္းရွိတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ ကိုႏိုင္-NG)