Group ဝင်ကြေး ၅၀၀၀ ကျပ်ဖြင့် နှင်းဆီအငြိမ့်ဖျော်ဖြေမှု ကြည့်ရှုနိုင်မည်

Group ဝင်ကြေး ၅၀၀၀ ကျပ်ဖြင့် နှင်းဆီအငြိမ့်ဖျော်ဖြေမှု ကြည့်ရှုနိုင်မည်

ပရိသတ်တွေကို ရယ်မောဖွယ်ရာတွေနဲ့ ဖျော်ဖြေနေတဲ့ နှင်းဆီအငြိမ့်အဖွဲ့ဟာ ၎င်းတို့ရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေကို Group ဝင်ကြေး ၅၀၀၀ ကျပ် ပေးသွင်းရုံဖြင့် အမြဲအားပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါနှင်းဆီအငြိမ့်အဖွဲ့မှာ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်ကြသလို ဖောင်ဒေးရှင်းတစ်ခုအဖြစ် အလှူအတန်းတွေကို ညီညွတ်စွာလုပ်ဆောင်နိုင်ဖို့အတွက် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က နှင်းဆီဖောင်ဒေးရှင်း ထူထောင်ခဲ့ရာကနေ နှင်းဆီအငြိမ့်အဖြစ် Live ထုတ်လွှင့်ကာ ဖျော်ဖြေတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ နှင်းဆီပရိသတ်တွေအတွက် အခုလိုချမ်းအေးလှတဲ့ ဒီဇင်ဘာလမှာ ပျော်စရာကောင်းတဲ့ အစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ်၊ ချစ်ရတဲ့ပရိသတ်တွေလည်း အားလုံးပျော်ရမှာဖြစ်သလို ကျွန်တော်တို့နှင်းဆီအဖွဲ့အနေနဲ့လည်း ပျော်နေရမယ့် အစီအစဉ်လေးပါ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာပရိသတ်တွေ အားလုံးအနေနဲ့လည်း ကြည့်ရှုခံစားလို့ရမယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်” လို့ ယင်းအဖွဲ့မှ သရုပ်ဆောင် ကျော်ကျော်ဗို က ရှင်းပြပါတယ်။

ထိုအစီအစဉ်ဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ နှင်းဆီအဖွဲ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် Private Closed Group လေးတစ်ခုကို ဖန်တီးထားပြီး ဖေ့စ်ဘွတ်အကောင့်တစ်ခုအနေနဲ့ ဝင်ကြေး ၅၀၀၀ ကျပ်အဖြစ် ပေးသွင်းပါဝင်ရုံဖြင့် နှင်းဆီအငြိမ့် ဖျော်ဖြေမှုအစီအစဉ်တွေ၊ ရယ်မောဖွယ်ရာ ဟာသတွေကို တစ်ဝကြီးကြည့်ရှုခံစားနိုင်မယ်လို့ သိရပါတယ်။

နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေမှုတွေကို ပြည်တွင်းရုပ်သံလိုင်းတွေကနေ အခမဲ့ပြသခဲ့ဖူးသလို ဖျော်ဖြေပွဲနဲ့အတူ အလှူငွေလက်ခံတာတွေကိုလည်း လုပ်ဆောင်ခဲ့ပြိး ရရှိလာတဲ့ အလှူငွေတွေကို အခက်အခဲကျရောက်နေတဲ့ ဒေသတွေမှာ အကူအညီပေးတာတွေ၊ အလှူပွဲများကျင်းပခဲ့တာတွေ၊ ကျောင်းဆောက်ပေးတာတွေ၊ ဘုရားတည်တာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“နှင်းဆီကိုချစ်တဲ့ ပရိသတ်တွေအတွက် သီးသီးသန့်သန့် နွေးနွေးထွေးထွေး ဆုံတွေ့အားပေးလို့ရမယ့် Private Closed Group လေးမှာ ပါဝင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

အခုလို COVID 19 ကာလမှာ ဖျော်ဖြေတာတွေ မလုပ်ရပေမယ့် ပရိသတ်နဲ့လည်း နီးစပ်မှုရှိစေဖို့ အခုလိုအစီအစဉ်တွေကို လုပ်ဆောင်တာမျိုးလည်းဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - နှင်းဆီအငြိမ့်)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၆

( Zawgyi )

ပရိသတ္ေတြကို ရယ္ေမာဖြယ္ရာေတြနဲ႔ ေဖ်ာ္ေျဖေနတဲ့ ႏွင္းဆီအၿငိမ့္အဖြဲ႕ဟာ ၎တို႔ရဲ႕ ေဖ်ာ္ေျဖမႈအစီအစဥ္ေတြကို Group ဝင္ေၾကး ၅၀၀၀ က်ပ္ ေပးသြင္း႐ုံျဖင့္ အၿမဲအားေပးႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

အဆိုပါႏွင္းဆီအၿငိမ့္အဖြဲ႕မွာ သ႐ုပ္ေဆာင္ ေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ရဲေလးတို႔ ပါဝင္ၾကသလို ေဖာင္ေဒးရွင္းတစ္ခုအျဖစ္ အလႉအတန္းေတြကို ညီၫြတ္စြာလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ဒါ႐ိုက္တာေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္) က ႏွင္းဆီေဖာင္ေဒးရွင္း ထူေထာင္ခဲ့ရာကေန ႏွင္းဆီအၿငိမ့္အျဖစ္ Live ထုတ္လႊင့္ကာ ေဖ်ာ္ေျဖတာေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ရဲ႕ ႏွင္းဆီပရိသတ္ေတြအတြက္ အခုလိုခ်မ္းေအးလွတဲ့ ဒီဇင္ဘာလမွာ ေပ်ာ္စရာေကာင္းတဲ့ အစီအစဥ္ေလးတစ္ခု စီစဥ္ထားပါတယ္၊ ခ်စ္ရတဲ့ပရိသတ္ေတြလည္း အားလုံးေပ်ာ္ရမွာျဖစ္သလို ကြၽန္ေတာ္တို႔ႏွင္းဆီအဖြဲ႕အေနနဲ႔လည္း ေပ်ာ္ေနရမယ့္ အစီအစဥ္ေလးပါ၊ တစ္ကမာၻလုံးမွာရွိတဲ့ ျမန္မာပရိသတ္ေတြ အားလုံးအေနနဲ႔လည္း ၾကည့္ရႈခံစားလို႔ရမယ့္ အခြင့္အေရးတစ္ခုျဖစ္ပါတယ္” လို႔ ယင္းအဖြဲ႕မွ သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္ဗို က ရွင္းျပပါတယ္။

ထိုအစီအစဥ္ဟာ ေဖ့စ္ဘြတ္လူမႈကြန္ရက္မွာ ႏွင္းဆီအဖြဲ႕ကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ Private Closed Group ေလးတစ္ခုကို ဖန္တီးထားၿပီး ေဖ့စ္ဘြတ္အေကာင့္တစ္ခုအေနနဲ႔ ဝင္ေၾကး ၅၀၀၀ က်ပ္အျဖစ္ ေပးသြင္းပါဝင္႐ုံျဖင့္ ႏွင္းဆီအၿငိမ့္ ေဖ်ာ္ေျဖမႈအစီအစဥ္ေတြ၊ ရယ္ေမာဖြယ္ရာ ဟာသေတြကို တစ္ဝႀကီးၾကည့္ရႈခံစားႏိုင္မယ္လို႔ သိရပါတယ္။

ႏွင္းဆီအဖြဲ႕ရဲ႕ ေဖ်ာ္ေျဖမႈေတြကို ျပည္တြင္း႐ုပ္သံလိုင္းေတြကေန အခမဲ့ျပသခဲ့ဖူးသလို ေဖ်ာ္ေျဖပြဲနဲ႔အတူ အလႉေငြလက္ခံတာေတြကိုလည္း လုပ္ေဆာင္ခဲ့ၿပိး ရရွိလာတဲ့ အလႉေငြေတြကို အခက္အခဲက်ေရာက္ေနတဲ့ ေဒသေတြမွာ အကူအညီေပးတာေတြ၊ အလႉပြဲမ်ားက်င္းပခဲ့တာေတြ၊ ေက်ာင္းေဆာက္ေပးတာေတြ၊ ဘုရားတည္တာေတြကိုလည္း လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

“ႏွင္းဆီကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ သီးသီးသန႔္သန႔္ ေႏြးေႏြးေထြးေထြး ဆုံေတြ႕အားေပးလို႔ရမယ့္ Private Closed Group ေလးမွာ ပါဝင္ၾကမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

အခုလို COVID 19 ကာလမွာ ေဖ်ာ္ေျဖတာေတြ မလုပ္ရေပမယ့္ ပရိသတ္နဲ႔လည္း နီးစပ္မႈရွိေစဖို႔ အခုလိုအစီအစဥ္ေတြကို လုပ္ေဆာင္တာမ်ိဳးလည္းျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ႏွင္းဆီအၿငိမ့္)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၆