Myanmar Idol Season II ရဲ့ တေးသံရှင် ရဲနောင် က တေးစီးရီးသစ် ဖြန့်ချီဖို့ စာနယ်ဇင်းထံ မိတ်ဆက်

Myanmar Idol Season II ရဲ့ တေးသံရှင် ရဲနောင် က တေးစီးရီးသစ် ဖြန့်ချီဖို့ စာနယ်ဇင်းထံ မိတ်ဆက်

ပြည်တွင်း တေးဆိုပြိုင်ပွဲတွေထဲက စိတ်ဝင်စားမှုများပြားနေတဲ့ Myanmar Idol Season II ရဲ့ တေးသံရှင် ရဲနောင် ဟာ “ချာလီ” လို့ နာမည်ရတဲ့ သူ့ရဲ့ တေးသီချင်းခွေကို လာမယ့် အောက်တိုဘာ ၁ ရက်ကနေ စတင်ဖြန့်ချီသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

“ဒီအခွေလေး ဖြစ်မြောက်ဖို့ ကျွန်တော်တို့တွေ အခက်အခဲကြားက ကြိုးစားခဲ့ရပါတယ်၊ နှစ်နှစ်လောက်တော့ ကြိုးစားခဲ့ရတယ်၊ တစ်ချို့သီချင်းတွေဆိုရင် စိတ်ကြိုက်အနေအထား ရအောင်လို့ တစ်နာရီလောက်ကြာအောင် အကြိမ်ကြိမ် ပြန်ဆို ပြန်အသံသွင်းပြီး အကောင်းဆုံးဖြစ်အောင် သီဆိုထားတာ ဖြစ်ပါတယ်၊ ကျွန်တော့်ရဲ့ သီချင်း အကောင်းအဆိုးကို ဝေဖန်ပေးကြပါ၊ နားထောင်ကြည့်ပေးကြပါ” လို့ တေးသံရှင် ရဲနောင် က ဒီကနေ့ (စက်တင်ဘာ ၂၈ ရက်) နေ့လယ်က Orchid ဟိုတယ်မှာ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ထိုအခွေထဲမှာ ဘေးထိုင်ဘုပြော၊ တစ်ရက်လောက်အသက်ရှင်ပါ၊ ချာလီ၊ ည၊ ရပ်ကွက်၊ ကိုယ်တိုင်ကြုံရင် သိလိမ့်မယ်၊ ဆန္ဒဒိုင်ယာရီ၊ မိဘမဲ့၊ မင်းသားမဟုတ်တဲ့ဗီလိန်၊ လမ်းနှစ်သွယ် အစရှိတဲ့ တေးသီချင်းတွေ ပါဝင်ပြီး Bo Bo Music Production က ဖြန့်ချီမှာဖြစ်သလို တေးသီချင်းတွေဟာ သူကိုယ်တိုင်ကြုံနေရတဲ့ လက်ရှိအခြေအနေတွေအပေါ် အခြေခံကာ ရေးထားတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ Myanmar Idol Season II မှာ ပရိသတ်အများအပြားရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့သလို ဝေဖန်တိုက်ခံမှုတွေကိုလည်း ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၂၈

( Zawgyi )

ျပည္တြင္း ေတးဆိုၿပိဳင္ပြဲေတြထဲက စိတ္ဝင္စားမႈမ်ားျပားေနတဲ့ Myanmar Idol Season II ရဲ႕ ေတးသံရွင္ ရဲေနာင္ ဟာ “ခ်ာလီ” လို႔ နာမည္ရတဲ့ သူ႔ရဲ႕ ေတးသီခ်င္းေခြကို လာမယ့္ ေအာက္တိုဘာ ၁ ရက္ကေန စတင္ျဖန႔္ခ်ီသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

“ဒီအေခြေလး ျဖစ္ေျမာက္ဖို႔ ကြၽန္ေတာ္တို႔ေတြ အခက္အခဲၾကားက ႀကိဳးစားခဲ့ရပါတယ္၊ ႏွစ္ႏွစ္ေလာက္ေတာ့ ႀကိဳးစားခဲ့ရတယ္၊ တစ္ခ်ိဳ႕သီခ်င္းေတြဆိုရင္ စိတ္ႀကိဳက္အေနအထား ရေအာင္လို႔ တစ္နာရီေလာက္ၾကာေအာင္ အႀကိမ္ႀကိမ္ ျပန္ဆို ျပန္အသံသြင္းၿပီး အေကာင္းဆုံးျဖစ္ေအာင္ သီဆိုထားတာ ျဖစ္ပါတယ္၊ ကြၽန္ေတာ့္ရဲ႕ သီခ်င္း အေကာင္းအဆိုးကို ေဝဖန္ေပးၾကပါ၊ နားေထာင္ၾကည့္ေပးၾကပါ” လို႔ ေတးသံရွင္ ရဲေနာင္ က ဒီကေန႔ (စက္တင္ဘာ ၂၈ ရက္) ေန႔လယ္က Orchid ဟိုတယ္မွာ ျပဳလုပ္တဲ့ စာနယ္ဇင္းရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ထိုအေခြထဲမွာ ေဘးထိုင္ဘုေျပာ၊ တစ္ရက္ေလာက္အသက္ရွင္ပါ၊ ခ်ာလီ၊ ည၊ ရပ္ကြက္၊ ကိုယ္တိုင္ႀကဳံရင္ သိလိမ့္မယ္၊ ဆႏၵဒိုင္ယာရီ၊ မိဘမဲ့၊ မင္းသားမဟုတ္တဲ့ဗီလိန္၊ လမ္းႏွစ္သြယ္ အစရွိတဲ့ ေတးသီခ်င္းေတြ ပါဝင္ၿပီး Bo Bo Music Production က ျဖန႔္ခ်ီမွာျဖစ္သလို ေတးသီခ်င္းေတြဟာ သူကိုယ္တိုင္ႀကဳံေနရတဲ့ လက္ရွိအေျခအေနေတြအေပၚ အေျခခံကာ ေရးထားတာမ်ိဳး ျဖစ္တယ္လို႔ သိရပါတယ္။

သူဟာ Myanmar Idol Season II မွာ ပရိသတ္အမ်ားအျပားရဲ႕ အားေပးေထာက္ခံမႈကို ရရွိခဲ့သလို ေဝဖန္တိုက္ခံမႈေတြကိုလည္း ခံခဲ့ရသူတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၂၈