Performance အထူးပြုလုပ်ချက်များဖြင့် စည်သူပလပ်ကျွတ်က ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်

Performance အထူးပြုလုပ်ချက်များဖြင့် စည်သူပလပ်ကျွတ်က ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်

မြန်မာဇာတ်လမ်းတွဲတွေမှာ ဇာတ်ပို့ဇာတ်ရန်အနေနဲ့ ပါဝင်သရုပ်ဆောင်နေတဲ့ စည်သူပလပ်ကျွတ်ဟာ ဖျော်ဖြေပွဲတစ်ခုကို ရန်ကုန်မြို့က မျှော်စင်ကျွန်းမှာ performance အထူးပြုလုပ်ချက်တွေနဲ့ လုပ်ဆောင်သွားဖို့စီစဉ်ထားပါတယ်။

သူ့အနေနဲ့ Hero Show ပွဲကြီးနဲ့အတူ Live Show တစ်ခုစီစဉ်ထားတာဖြစ်ပြီး ကြည့်ရှုသူတွေမရိုးအောင် စီစဉ် ထားတယ်လို့ ဆိုပါတယ်။

“Spiderman အနေနဲ့ ဝတ်ဆင်ပြီးတော့ အမျှင်တွေဘာတွေနဲ့ ဒီဇိုင်းတွေဆင်ပြီးတော့ လုပ်ဆောင်မှာဖြစ်ပါတယ်၊ နောက်တစ်ခါ Batman လို ဝတ်ဆင်ပြီးတော့ ဟာလီဆိုင်ကယ်ကြီးတွေ စီးပြီးတော့ ဝင်လာမယ်၊ ကျွန်တော့်ရည်ရွယ်ချက်က ကြည့်တဲ့သူတွေမရိုးအောင် စီစဉ်ထားတာ ဖြစ်ပါတယ်”လို့ စည်သူ ပလပ်ကျွတ်က ရှင်းပြပါတယ်။

ထိုဖျော်ဖြေပွဲမှာ နာမည်ကြီးသရုပ်ဆောင်တွေ နာမည်ကြီးလူရွှင်တော်တွေပါဝင်ဖို့အတွက်လည်း ဖိတ်ကြား ထားသလို ပရိသတ်တွေအနေနဲ့ သူ့ရဲ့ ဖျော်ဖြေပွဲကို လာရောက်အားပေးကြဖို့လည်း ဖိတ်ကြားထား ပါတယ်။

“Live Show လေးမှ နာမည်ကြီးတဲ့ မင်းသားမင်းသမီးတွေ၊ လူရွှင်တော်ကြီးတွေပါမှာပါ၊ ကျွန်တော့် ဆရာအရင်းဖြစ်တဲ့ ဦးမိုးဝင်းရဲ့သား ဟန်ဇာမိုးဝင်းလည်း ပါဝင်ဖို့ အကူအညီတောင်းထားပါတယ်၊ ကိုစွမ်း ကလည်း အကူအညီတောင်းတော့ ကူညီမယ်လို့ပြောထားပြီးပါပြီ၊ ကျွန်တော့်ကို ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီပွဲကိုတော့ လာအားပေးပါလို့ ပြောချင်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ဇာတ်သဘင်တွေနဲ့ဖျော်ဖြေနေတဲ့ မင်းသား စွမ်းဇာနည်လည်း ပါဝင်ဖို့ ဖိတ်ကြားထားသလို သီးလေးသီး အဖွဲ့က သူတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

ထိုပွဲအတွက် ပံ့ပိုးကူညီမယ့်သူတွေကို ဆက်သွယ်လုပ်ဆောင်နေပြီး မကြာခင်မှာ ဖျော်ဖြေပွဲအစီအစဉ်တွေကို ဦးမိုးဝင်းနဲ့တိုင်ပင်ကာ အသေးစိတ် လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

သူ့ကိုအားပေးသူတွေရှိသလို ဝေဖန်သူတွေလည်း အများအပြားရှိနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ထိုဖျော်ဖြေပွဲကျင်းပပြီးရင်တော့ သူ့ရဲ့ဝတ်စားဆင်ယင်ပုံကို ကောင်းကောင်းမွန်မွန်နဲ့ ဝတ်ဆင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါသေးတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၃၁

( Zawgyi )

ျမန္မာဇာတ္လမ္းတြဲေတြမွာ ဇာတ္ပို႔ဇာတ္ရန္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ေနတဲ့ စည္သူပလပ္ကြၽတ္ဟာ ေဖ်ာ္ေျဖပြဲတစ္ခုကို ရန္ကုန္ၿမိဳ႕က ေမွ်ာ္စင္ကြၽန္းမွာ performance အထူးျပဳလုပ္ခ်က္ေတြနဲ႔ လုပ္ေဆာင္သြားဖို႔စီစဥ္ထားပါတယ္။

သူ႔အေနနဲ႔ Hero Show ပြဲႀကီးနဲ႔အတူ Live Show တစ္ခုစီစဥ္ထားတာျဖစ္ၿပီး ၾကည့္ရႈသူေတြမ႐ိုးေအာင္ စီစဥ္ ထားတယ္လို႔ ဆိုပါတယ္။

“Spiderman အေနနဲ႔ ဝတ္ဆင္ၿပီးေတာ့ အမွ်င္ေတြဘာေတြနဲ႔ ဒီဇိုင္းေတြဆင္ၿပီးေတာ့ လုပ္ေဆာင္မွာျဖစ္ပါတယ္၊ ေနာက္တစ္ခါ Batman လို ဝတ္ဆင္ၿပီးေတာ့ ဟာလီဆိုင္ကယ္ႀကီးေတြ စီးၿပီးေတာ့ ဝင္လာမယ္၊ ကြၽန္ေတာ့္ရည္႐ြယ္ခ်က္က ၾကည့္တဲ့သူေတြမ႐ိုးေအာင္ စီစဥ္ထားတာ ျဖစ္ပါတယ္”လို႔ စည္သူ ပလပ္ကြၽတ္က ရွင္းျပပါတယ္။

ထိုေဖ်ာ္ေျဖပြဲမွာ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ နာမည္ႀကီးလူ႐ႊင္ေတာ္ေတြပါဝင္ဖို႔အတြက္လည္း ဖိတ္ၾကား ထားသလို ပရိသတ္ေတြအေနနဲ႔ သူ႔ရဲ႕ ေဖ်ာ္ေျဖပြဲကို လာေရာက္အားေပးၾကဖို႔လည္း ဖိတ္ၾကားထား ပါတယ္။

“Live Show ေလးမွ နာမည္ႀကီးတဲ့ မင္းသားမင္းသမီးေတြ၊ လူ႐ႊင္ေတာ္ႀကီးေတြပါမွာပါ၊ ကြၽန္ေတာ့္ ဆရာအရင္းျဖစ္တဲ့ ဦးမိုးဝင္းရဲ႕သား ဟန္ဇာမိုးဝင္းလည္း ပါဝင္ဖို႔ အကူအညီေတာင္းထားပါတယ္၊ ကိုစြမ္း ကလည္း အကူအညီေတာင္းေတာ့ ကူညီမယ္လို႔ေျပာထားၿပီးပါၿပီ၊ ကြၽန္ေတာ့္ကို ႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္ ဒီပြဲကိုေတာ့ လာအားေပးပါလို႔ ေျပာခ်င္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

ဇာတ္သဘင္ေတြနဲ႔ေဖ်ာ္ေျဖေနတဲ့ မင္းသား စြမ္းဇာနည္လည္း ပါဝင္ဖို႔ ဖိတ္ၾကားထားသလို သီးေလးသီး အဖြဲ႕က သူေတြကိုလည္း ဖိတ္ၾကားထားတယ္လို႔ ဆိုပါတယ္။

ထိုပြဲအတြက္ ပံ့ပိုးကူညီမယ့္သူေတြကို ဆက္သြယ္လုပ္ေဆာင္ေနၿပီး မၾကာခင္မွာ ေဖ်ာ္ေျဖပြဲအစီအစဥ္ေတြကို ဦးမိုးဝင္းနဲ႔တိုင္ပင္ကာ အေသးစိတ္ လုပ္ေဆာင္သြားဖို႔ စီစဥ္ထားပါတယ္။

သူ႔ကိုအားေပးသူေတြရွိသလို ေဝဖန္သူေတြလည္း အမ်ားအျပားရွိေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ ထိုေဖ်ာ္ေျဖပြဲက်င္းပၿပီးရင္ေတာ့ သူ႔ရဲ႕ဝတ္စားဆင္ယင္ပုံကို ေကာင္းေကာင္းမြန္မြန္နဲ႔ ဝတ္ဆင္သြားဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါေသးတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၃၁