Pocophone ရဲ့ မျိုးဆက်သစ် Poco X2

Pocophone ရဲ့ မျိုးဆက်သစ် Poco X2

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ Pocophone ရဲ့ ပထမဆုံးထုတ်ကုန် Poco F1 တုန်းက အလွန်တရာလူကြိုက်များပြီး စံချိန်တင် ရောင်းချခဲ့ ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ယခုတော့ နောက်ထပ် Pocophone ရဲ့ ဒုတိယမြောက် စမတ်ဖုန်းအဖြစ် Poco X2 ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Poco X2 ဟာ အခြားတော့ မဟုတ်ပါဘူး၊ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Redmi ရဲ့ K30 ကို global version အဖြစ် မိတ်ဆက်ခဲ့ တာဖြစ်ပါတယ်။ Redmi K30 ကတော့ china version ဖြစ်ပါတယ်။

Poco X2 ကို Snapdragon 730G SoC နဲ့ မောင်းနှင်ပေးထားပြီး၊ 6/64 GB, 6/128 GB နဲ့ 8/256 GB ဆိုပြီး မမ်မိုရီနဲ့ သိမ်းဆည်း နိုင်မှုပမာဏ သုံးမျိုးကို ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

X2 ရဲ့ မျက်နှာပြင်ဟာ ၆.၆၇ လက်မ အရွယ်အစားရှိပြီး၊ RealityFlow မျက်နှာပြင် FullHD+ အရည်အသွေးရှိမှာ ဖြစ်ပါတယ်။ဒါ့အပြင် 120Hz HDR 10 ကို ထောက်ပံ့ပေးထားတဲ့အတွက် မျက်နှာပြင်ကို ထိတွေ့အသုံးပြုရာမှာ မြန်ဆန်သွက်လက်နေမှာပါ။ကင်မရာပိုင်းမှာ ရှေ့ဘက် ကင်မရာနှစ်လုံးကို မျက်နှာပြင်မှာ အပေါက်ဖောက် ထည့်သွင်းပေးထားပြီး 20MP, 2MP အသီးသီးရှိမှာ ဖြစ်ပါတယ်။

နောက်ဘက် အဓိက ကင်မရာကတော့ စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်သူတွေအကြိုက်ပါပဲ၊ 64MP Sony IMX686 ကို တပ်ဆင်ပေး ထားပြီး၊ 960FPS အရည်အသွေး slow-motion ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ်လို့ ဆိုထားပါတယ်။ဘက်ထရီပမာဏကတော့ 4,500mAh ထည့်သွင်း ပေးထားပြီး liquid cool နည်းပညာ ပါဝင်တဲ့အတွက် အပူချိန်ကို မြန်ဆန်စွာလျှော့ချပေးနိုင်မှာဖြစ်ပြီး၊ ‌လက်ဗွေကိရိယာကိုတော့ စမတ်ဖုန်းရဲ့ ဘေးဘက်မှာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

အရောင်အသွေးအနေနဲ့ Atlantis Blue, Matrix Purple နဲ့ Phoenix Red ဆိုပြီး အပြာ၊ ခရမ်းနဲ့ အနီရောင်တို့ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ Poco X2 6/64 GB ကို မြန်မာငွေ ၃၂၅,၀၀၀ ခန့် ကျသင့်မှာဖြစ်ပြီး၊ Premium Model ဖြစ်တဲ့ Poco X2 8/256 GB ကတော့ မြန်မာငွေ ၄၁၀,၀၀၀ ခန့် ကျသင့်မယ်လို့လည်း သိရပါတယ်။

Damien

(  Zawgyi  )

 Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲ Pocophone ရဲ႕ ပထမဆုံးထုတ္ကုန္ Poco F1 တုန္းက အလြန္တရာလူႀကိဳက္မ်ားၿပီး စံခ်ိန္တင္ ေရာင္းခ်ခဲ့ ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ယခုေတာ့ ေနာက္ထပ္ Pocophone ရဲ႕ ဒုတိယေျမာက္ စမတ္ဖုန္းအျဖစ္ Poco X2 ကို မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။

Poco X2 ဟာ အျခားေတာ့ မဟုတ္ပါဘူး၊ မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ Redmi ရဲ႕ K30 ကို global version အျဖစ္ မိတ္ဆက္ခဲ့ တာျဖစ္ပါတယ္။ Redmi K30 ကေတာ့ china version ျဖစ္ပါတယ္။

Poco X2 ကို Snapdragon 730G SoC နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ 6/64 GB, 6/128 GB နဲ႔ 8/256 GB ဆိုၿပီး မမ္မိုရီနဲ႔ သိမ္းဆည္း ႏိုင္မႈပမာဏ သုံးမ်ိဳးကို ႀကိဳက္ႏွစ္သက္ရာ ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။

X2 ရဲ႕ မ်က္ႏွာျပင္ဟာ ၆.၆၇ လက္မ အ႐ြယ္အစားရွိၿပီး၊ RealityFlow မ်က္ႏွာျပင္ FullHD+ အရည္အေသြးရွိမွာ ျဖစ္ပါတယ္။ဒါ့အျပင္ 120Hz HDR 10 ကို ေထာက္ပံ့ေပးထားတဲ့အတြက္ မ်က္ႏွာျပင္ကို ထိေတြ႕အသုံးျပဳရာမွာ ျမန္ဆန္သြက္လက္ေနမွာပါ။ကင္မရာပိုင္းမွာ ေရွ႕ဘက္ ကင္မရာႏွစ္လုံးကို မ်က္ႏွာျပင္မွာ အေပါက္ေဖာက္ ထည့္သြင္းေပးထားၿပီး 20MP, 2MP အသီးသီးရွိမွာ ျဖစ္ပါတယ္။

ေနာက္ဘက္ အဓိက ကင္မရာကေတာ့ စမတ္ဖုန္းနဲ႔ ဓာတ္ပုံ႐ိုက္သူေတြအႀကိဳက္ပါပဲ၊ 64MP Sony IMX686 ကို တပ္ဆင္ေပး ထားၿပီး၊ 960FPS အရည္အေသြး slow-motion ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္မယ္လို႔ ဆိုထားပါတယ္။ဘက္ထရီပမာဏကေတာ့ 4,500mAh ထည့္သြင္း ေပးထားၿပီး liquid cool နည္းပညာ ပါဝင္တဲ့အတြက္ အပူခ်ိန္ကို ျမန္ဆန္စြာေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္ၿပီး၊ ‌လက္ေဗြကိရိယာကိုေတာ့ စမတ္ဖုန္းရဲ႕ ေဘးဘက္မွာ တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

အေရာင္အေသြးအေနနဲ႔ Atlantis Blue, Matrix Purple နဲ႔ Phoenix Red ဆိုၿပီး အျပာ၊ ခရမ္းနဲ႔ အနီေရာင္တို႔ကို ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။

ေဈးႏႈန္းအေနနဲ႔ Poco X2 6/64 GB ကို ျမန္မာေငြ ၃၂၅,၀၀၀ ခန႔္ က်သင့္မွာျဖစ္ၿပီး၊ Premium Model ျဖစ္တဲ့ Poco X2 8/256 GB ကေတာ့ ျမန္မာေငြ ၄၁၀,၀၀၀ ခန႔္ က်သင့္မယ္လို႔လည္း သိရပါတယ္။

Damien