【နိုင်ငံတကာဆောင်းပါး】နှစ်ပေါင်းထောင်ကျော်က အငွေ့အသက်တွေနဲ့ စိတ်ဝင်စားဖွယ် စုန့်ချန်ဥယျာဉ်

【နိုင်ငံတကာဆောင်းပါး】နှစ်ပေါင်းထောင်ကျော်က အငွေ့အသက်တွေနဲ့ စိတ်ဝင်စားဖွယ် စုန့်ချန်ဥယျာဉ်

ကမ္ဘာပေါ်က ခရီးသွားနေရာများတွင် ရှေးဟောင်းအငွေ့အသက်နှင့် မျက်မှောက်ခေတ်၏ နည်းပညာတွေ ပေါင်းစပ်ကာ တွေ့မြင်နိုင်သောနေရာတွေက လူ့စိတ်နှလုံးကိုဖမ်းစားနိုင်စွမ်းရှိကြပါတယ်။ ဒီလိုကမ္ဘာပေါ်က စိတ်ဝင်စားဖွယ်နေရာတွေထဲ စုန့်မင်းဆက်ခေတ် (အေဒီ ၉၆၀ မှ ၁၂၇၉) ခုနှစ်အတွင်းက ယဉ်ကျေးမှုဝိသေသလက္ခဏာတွေအပြင် ရှေးခေတ်နဲ့မျက်မှောက်ခေတ်နည်းပညာတွေ ပေါင်းစပ်ဖျေဖြော်မှုတွေရှိတဲ့ စုန့်ချန်ဥယျာဉ် ကလည်း စိတ်ဝင်စားဖွယ်နေရာတစ်ခုလို့ ဆိုကြပါတယ်။
 
ဒီဥယျာဉ်ဟာ တရုတ်နိုင်ငံရဲ့ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့မှာတည်ရှိပြီး စုန့်မင်းဆက်ခေတ်က မူလလက်ရာအတိုင်း တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ မြင်ဖူးနေကျမဟုတ်တဲ့ မြင်ကွင်းဆန်း ဆန်းတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဖြေဖျော်မှုကောင်းတွေနဲ့အတူ ရှေးတရုတ်ခေတ်ကို ရောက်သွားသလိုခံစားရမှာဖြစ်ပြီး ရှေးဟောင်းဈေးတွေ၊လက်ဖက်ရည်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ ပန်းထိမ် ဆိုင်တွေနဲ့အတူ စားသောက်တန်းတွေ၊ ရိုးရာဝတ်စားဆင်ယင်မှုဟန်ပန်တွေကြောင့် စုန့်မင်းဆက်ခေတ် နေ့စဉ်ဘဝ ရသတွေကို ခံစားမိစေမှာ ဖြစ်ပါတယ်။
ဒီစိတ်ဝင်စားဖွယ် စုန့်ချန်ဥယျာဉ်နဲ့ပတ်သက်လို့ ညွှန်းရရင် ဒီအထဲမှာ ဖျော်ဖြေရေး နေရာတွေ၊ အဆင့်မြင့် နည်းပညာဖြင့် (High-tech Facilities) နဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ပေးစွမ်းတဲ့နေရာတွေ၊ ယဉ်ကျေးမှုနေရာ တွေဆိုပြီး အကြမ်းဖျင်းပိုင်းခြားဖေါ်ပြလိုပါတယ်။ များပြားလှတဲ့ စိတ်ဝင်စားစရာ ဆွဲဆောင်မှုတွေထဲ တချို့ကို ပြောရရင်တော့ စုန့်မင်းဆက်ရဲ့ Romance ဖျေဖြော်ပွဲတွေကို စညွှန်းချင်ပါတယ်။
 
The Romance Of The Song Dynasty Show လို့သိကြပြီး ဒီနေရာက အပေါ်မှာပြောခဲ့သလို နှစ် ၁၀၀၀ က ခေတ်ရနံကိုခံစားမိစေတဲ့ ဖျေဖြော်ပွဲတွေဖြစ်ပါတယ်။ အဲ့ဒီမှာ ဟန်ကျိုး မြို့ရဲ့သမိုင်းဝင် ဇာတ် လမ်းတွေ၊ ရှေး ဒဏ္ဍာရီတွေကို အခြေခံထားတဲ့ ကြီးမားတဲ့သရုပ်ဖော်ပြပွဲတွေကို သရုပ်ဆောင်မှု၊ အပြင်အဆင်ဆက်တင်ကောင်း ကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ။ ရှေးအက အလှတွေလည်းပါဝင်ပြီး ကာယ အားကစားတွေလည်း သရုပ်ဖော် ပါဝင်ကာ ဒီရှိုးပွဲကို Las Vegas ရှိ O Show နဲ့ Paris က နာမည်ကြီး Moulin Rouge တို့နဲ့တန်းတူ ကမ္ဘာ့အကျော် ကြားဆုံးရှိုးသုံးခုထဲက တစ်ခုအဖြစ် မီဒီယာတွေက  ချီးကျူးဖော်ပြခံထားရပါတယ်။
               
ဒီပြခန်းအတွင်းပြကွက်တွေထဲ ဟန်ကျိုးရဲ့ သမိုင်းဝင်တိုးတက်မှုကိုပြသတဲ့ ရှေးခေတ်ကမိတ်ဆက် မြင်ကွင်းတွေ၊ စုန့်မင်းဆက်လက်ထက် (အေဒီ ၁၁၂၇ - ၁၂၇၉) အတွင်း မြိုရဲ့ သာယာဝပြောသော နေထိုင်မှု အခြေအနေတွေနဲ့ မင်းဆက်ရဲ့ရန်သူကို တိုက်နေခဲ့တဲ့ သူရဲကောင်း စစ်ဗိုလ်ချုပ် Yue Fei (အေဒီ ၁၁၀၃ - ၁၁၄၂) အကြောင်း တင်ဆက်တာ၊ တစ်ခါ ဒဏ္ဍာရီပုံပြင်တွေနဲ့ အချစ်ဇာတ်လမ်းတွေ၊ မျက်မှောက်ခေတ် ဟန်ကျိုးမြို့ အကြောင်းစတဲ့ သရုပ်ဖေါ်မှုတွေကို အံ့မခန်းမြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်ကျိုးကို လည်ပတ် သူတွေအတွက် ဒီဖျော်ဖြေပွဲကိုလွတ်သွားတယ်ဆိုရင် ဟန်ကျိုးကို မရောက်ဖူးဘူးလို့တောင် တင်စားပြော ဆိုကြလေ့ရှိပြီး ဖျော်ဖြေပွဲတစ်ခုသာမက မြို့တော်ရဲ့သမိုင်းနဲ့ ယဉ်ကျေးမှုကိုကိုယ်စားပြုတဲ့ သင်္ကေတဖြစ်တာ ကြောင့်လို့လည်း ဆိုကြပါတယ်။
 
 
နောက်ထပ်ထူးထူးခြာခြားတစ်ခုက Urban Street (Shijin Street) မှာရှိတဲ့ တရုတ်ရှေးရိုးရာ ခင်ပွန်လောင်းရွေးချယ်တဲ့ ရိုးရာပွဲတစ်ခုလည်း ကြုံရနိုင်ပါတယ်။ ဒီရိုးရာပွဲကတော့ ရှေးခေတ်တရုတ်သူကြွယ် မိသားစု သမီးပျိုတို့က လသာဆောင်တစ်ခုပေါ်ကနေလူအုပ်ဆီကို ပဝါလုံးဘောလုံးကို ပစ်ပေါက်ပြီး ခင်ပွန်းရွေးချယ်တဲ့ ရိုးရာပွဲဖြစ်ပါတယ်။ တရုတ်ရာဇဝင်သိုင်းကားတွေမှာ သိုင်းပြိုင်ပြီးရယူကြတဲ့ ပုံစံကို တွေ့ဘူးကြမယ် ထင်ပါတယ်။ ကံကောင်းသူဟာ ရှေးခေတ်တရုတ်အိမ်ထောင်ရေးထုံးတမ်းအတိုင်းလှပတဲ့ ဇနီးနဲ့အတူ ကောင်းကင်နှင့် မြေကြီးကို ဦးညွှတ်ကာ အနီရောင်ရိုးရာမင်္ဂလာအင်္ကျီကို ၀တ်ဆင်ရတာဖြစ်ပါတယ်။
 
ဒါ့အပြင် နောက်ထပ်ရှိနေတာက ဖန်သားပြင်ပေါ်တွင် ခေတ်မီနည်းပညာကို အသုံးပြုပြီး စုန့်ခေတ်ကာလအတွင်း သာယာဝပြောတဲ့ မြို့ပြရှုခင်းကို မတူကွဲပြားတဲ့ ထောင်ပေါင်းများစွာသရုပ်ဖေါ်မှုတွေနဲ့ အံ့မခန်း ပြသထားတဲ့ 'Along the River during the Qingming Festival' ပြကွက်တွေ ပြသထားတဲ့ နေရာကလည်း လည်ပတ်သူတွေကျိတ်ကျိတ်တိုးလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။
 
တစ်ခါ ထူးခြားဆန်းပြားမှုကိုခံစားလိုသူတွေအတွက် Lost City နဲ့ Urban Street မှာရှိတဲ့ Bu Bu Jing Xinနဲ့ Liao Zhai ဆိုတဲ့ သရဲအိမ်ခြောက်တဲ့ အိမ်နှစ်အိမ်လည်းရှိသလို Mysterious street လမ်းတစ်ခုလည်းရှိကာ ဒါ တွေအတွက် အဆင့်မြင့်နည်းပညာကိုအသုံးပြုထားပြီး သဘာ၀ကျကျ လျှို့ဝှက်ဆန်းကြယ်ဖြစ်အောင် ဖန်တီးပြသထားကြပါတယ်။
 
ဒီလိုရသမျိုးစုံခံစားရတဲ့ စုန့်ချန်ဥယျာဉ်အတွင်း မြန်မာသင်္ကြန်လို ရေပက်ပွဲတော်လည်းရှိပြီး ဗုဒ္ဓရုပ်ပွားတော်တွေကို ရေဆေးပူဇော်တဲ့အခမ်းအနားကနေ ဆင်းသက်ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။ ဒီပွဲတော်ကို ဒေသအခေါ် မှာတော့ ရှေးယခင်က  ယုဖို (Yufo) ပွဲတော်လို့သိကြပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်  ဒိုင်လူမျိုး တွေရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တယ်လို့ ဆိုကြပြီး လက်ရှိမှာတော့ ဥယျာဉ်ရဲ့ ပွဲတော်တစ်ခုအဖြစ်ရှိနေပါတယ်။
 
မိုးသား