【နိုင်ငံတကာဆောင်းပါး】ရေလက်ကြားက ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှု

【နိုင်ငံတကာဆောင်းပါး】ရေလက်ကြားက ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှု

တရုတ်နိုင်ငံအရှေ့တောင်ပိုင်းတွင်ရှိသော ဖူကျန့်ပြည်နယ်က မြို့ဖြစ်တဲ့ ရှင်မင်ကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ၎င်းရဲ့ နှစ်ပေါင်း ၄၀ ပြည့်နှစ်အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီမြို့ဟာ ပထမဆုံး အထူးစီးပွားရေးဇုန်ကို ဖွင့်လှစ်နိုင်ခဲ့သော မြို့တစ်မြို့လည်းဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်ဟောင်း

တိန့်ရှောင်ဖိန် ရဲ့ ခေါင်းဆောင်မှုအောက်တွင် ဒီလို စီမံချက်များကိုအကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ဟာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်မူဝါဒကို စတင်ခဲ့သော အချိန်လည်းဖြစ်ခဲ့ပြီး သမိုင်းဝင်စီးပွားရေး တိုးတက်မှုကို စတင်နိုင်ခဲ့သော ကာလလည်းဖြစ်ပါတယ်။လူပေါင်း ၁.၄ ဘီလီယံခန့်ကို ဆင်းရဲမွဲတေမှုကနေ ကယ်ထုတ်နိုင်ခဲ့ပြီး ဒီကနေ့ မြင်ရသော အင်အားကြီးမားသော တရုတ်နိုင်ငံအဖြစ်သို့ ပြောင်းလဲစေခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်များအတွင်း တရုတ်နိုင်ငံ၏ လူတစ်ဦးချင်းရဲ့ ဝင်ငွေဟာ ကန်ဒေါ်လာ ၁၀၀၀၀ အထိမြင့်တက်လာချိန်တွင် ရှင်မင်ရဲ့ တစ်ဦးချင်းဝင်ငွေဟာ ကန်ဒေါ်လာ ၂၀၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ စုစုပေါင်း စီးပွားရေးထုတ်လုပ်မှုပျမ်းမျှကလည်း ၁၅ ရာခိုင်နှုန်း လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ အတွင်း နှစ်စဉ်ရှိခဲ့ပါတယ်။ ကုန်သွယ် ရေးအထူးသဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ နှစ်စဉ်တိုးတက်မှု ၁၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ရှင်မင်ဟာ Made in China ထုတ်ကုန်များကိုလည်း နိုင်ငံနှင့် ဒေသပေါင်း ၂၂၀ နိုင်ငံသို့  လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ရောင်းချနိုင်ခဲ့ပါတယ်။

မြို့ရဲ့ ကန့်သတ်ချက်ဟာ ကြီးမားစွာ ကျယ်ပြန့်လာခဲ့ပါတယ်။ လူဦးရေကလည်း ၄ ဆ အထိ တိုးပွားခဲ့ပါတယ်။ စက်မှုဆိပ်ကမ်းဟောင်းဖြစ်တဲ့ ကူလန်ယုကျွန်းဟာ ခရီးသွားများ မဖြစ်မနေ သွားရောက်လည်ပတ်သင့်သော နေရာအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ ရှင်မင်ဟာ နေချင်စဖွယ်ကောင်းသော မြို့တစ်မြို့ဖြစ်ပါ တယ်၊ ရာသီဥတုကောင်း၊ မျဉ်းသုံးကြောင်းနဲ့လမ်း နှင့် ဗိသုကာသမိုင်းကောင်းများရှိသော မြို့ဖြစ်ပါတယ်။

ရှင်မင်နှစ်ပါင်း ၄၀ သမိုင်းဟာ တရုတ်နိုင်ငံရဲ့ သမိုင်းနဲ့ခွဲခြားလို့မရသော သမိုင်းဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်ဟာ ရှင်မင်ကို ပထမဆုံး စက်မှုဇုန်တည်ဆောက်ဖို့ ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းကတော့ ထိုင်ဝမ်ကနေ ရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်ရန် ဖြစ်ပါတယ်။ ဒီမှာတော့ ရှင်မင်ဟာ အလွန်အောင်မြင်ခဲ့သော ရွေးချယ်မှုဖြစ်လာခဲ့ပါတယ်။

ထိုအချိန်က ရှင်မင်တွင် နေထိုင်သော ထိုင်ဝမ်လူမျိုး ၁၂၀၀၀၀ ခန့်ရှိခဲ့ပါတယ်။ ရှင်မင်ရဲ့ ဂျီဒီပီ ၄ ပုံ ၁ ပုံ ခန့်ဟာ ထိုင်ဝမ်လုပ်ငန်းရှင်များထံကနေ ဝင်သောငွေဖြစ်ပါတယ်။ ဒါဟာ အံ့ဩစရာကောင်းသော အရာဖြစ်ပြီး ရှင်မင်ဟာ ၁၉၅၀ ကနေ ၁၉၇၀ ကျော်အထိ ထိုင်ဝမ်နဲ့ ဆက်ဆံမှုတွင် ရှေ့ဆုံးက ဦးဆောင်သော နေရာဖြစ်ခဲ့ပါတယ်။

နှစ်ပေါင်း ၄၀ အကြာမှာတော့ ရှင်မင်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ဗဟိုအစိုးရရဲ့ ငြိမ်းချမ်းရေးကို ဗဟိုပြုသော ထိုင်ဝမ်မူဝါဒရဲ့ သက်သေတစ်ခုပဲဖြစ်ပါတယ်။ တရုတ်ပြည်မနှင့် တိုက်ရိုက်ဆက်စပ်နေမှုကို ကဏ္ဍပေါင်းစုံတွင် တည်ဆောက်ခဲ့ပါတယ်၊ ထိုထဲတွင် ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ စာပို့လုပ်ငန်းတို့လည်းပါဝင်ပါ တယ်။ ပိုပြီး အရေးကြီးတာက တရုတ်ရဲ့ ထိုင်ဝမ်မူဝါဒဟာ ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးတွင် အခြေခံထားဆဲဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ရှင်မင်ကို ဂုဏ်ပြုစကားဆိုခဲ့ပြီး “အရည်အသွေး မြင့်သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန်အတွက် စီမံဆောင်ရွက်ရမယ်၊ ထိုင်ဝမ်ရေလက်ကြားနှစ်ခုလုံးတွင် အဆင့်မြင့်သော ပေါင်းစည်းတိုးတက်မှုကို ဖော်ဆောင်ရမည်” ဟု ပြောကြားခဲ့ပါတယ်။

ရေလက်ကြားနှစ်ဘက် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပေါင်းစည်းရေးအတွေးအခေါ်ဟာ ရေလက်ကြား စီးပွားရေးပေါင်းစည်းမှုဟာ ထိုင်ဝမ်ပြည်သူများရဲ့ ပြည်မနဲ့ ပေါင်းစည်းရေးကို ဦးတည်စေရန် ရည်ရွယ်ချက်ပေါ် တည်ဆောက်ထားတာဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့စီးပွားရေး ပေါင်းစည်းခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ အတွင်း ကြီးမားသော အကျိုးအမြတ်များ ရရှိစေခဲ့ပါတယ်။ ရေလက်ကြားက ဆက်ဆံရေးတွင် ငြိမ်းချမ်းရေးဟာ အခြေခံဖြစ်နေဆဲဖြစ်ပါတယ်။ ရှင်မင်ကလည်း အသီးအဖွင့်များစွာကို ရိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။

Naing

Ref: CMG |Xiamen's 40-year history shows peaceful development of cross-strait relations