【နိုင်ငံတကာဆောင်းပါး 】အမေရိကန်ရဲ့ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှု ပုံစံသစ်

【နိုင်ငံတကာဆောင်းပါး 】အမေရိကန်ရဲ့  နျူကလီးယားလက်နက်ပြိုင်ဆိုင်မှု ပုံစံသစ်

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် တောင်ကိုရီးယားတွင် ပြည်တွင်းနျူကလီးယား လက်နက်အစီအစဉ်အတွက် ပံ့ပိုးကူညီမှုများ တိုးလာနေချိန်  အမေရိကန်၏ နျူအစီအစဥ်တွင် ဆိုးလ်ကို ပိုမို ထည့်သွင်းပေးမည်ဟု ကြေညာချက် ဧပြီ ၂၆ ရက်တွင် ထွက်လာခဲ့သည့်အခါ  ဒေသတွင်းတစ်ခုလုံး ဂယက် ရိုက်ခဲ့သည်။

ထိုကြေညာချက်တွင် အမေရိကန်-တောင်ကိုရီးယား နျူကလီးယားအတိုင်ပင်ခံအဖွဲ့ ဖွဲ့ စည်းရန်လည်း ပါဝင်ပြီး အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးတို့ သဘောတူခဲ့သည်။ ထိုထုတ် ပြန်ချက်အရဆိုလျှင်  အမေရိကန်ပြည်ထောင်စုသည် ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်နိုင်သည့် နျူကလီး ယားလက် နက်ဆိုင်ရာဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး တောင်ကိုရီးယားနှင့် တိုင်ပင်ရန် ကြိုးပမ်းမည်ဟု ကတိပြုထား သလို အမေရိကန်နျူကလီးယားမူဝါဒနှင့် ကိုက်ညီပြီး ညှိနှိုင်းဆွေးနွေးရန်များအတွက် “ခိုင်မာသော ဆက်သွယ် ရေးအခြေခံအဆောက်အအုံကို ထိန်းသိမ်းထား” မည်ဟု ဆိုထားသည်။

တောင်ကိုရီးယားဘက်က အရေးပေါ်အခြေအနေတွင် အမေရိကန်၏နျူကလီးယားစစ်ဆင်ရေးအတွက် သမားရိုးကျပံ့ပိုးကူညီမှုများပြုလုပ်ရန် စီစဉ်မည်ဖြစ်သည်။ယခု ပေါ်ထွက်လာခဲ့သည့် အစီအစဉ်ကိုကြည့်ပါက မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကြောင့် ဆိုးလ်ဘက်က ကာလကြာရှည်စွာကြိုးပမ်းခဲ့မှု၏ အသီးအပွင့်အဖြစ် တံဆိပ်ကပ်လို့ရသော်လည်း တကယ်တမ်းတွင်မှု တောင်ကိုရီးယား၏ ကိုယ်ပိုင်နူကလီးယားအစီအစဉ်မှာ ဘေး ရောက်သွားပြီး တောင်ကိုရီးယား၏ ကာကွယ်ရေးကို အမေရိကန်က ပိုမိုတာဝန်ရယူသွားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နူလက်နက်နှင့် ဒုံးကျည်စမ်းသပ်မှုများလုပ်ကာ နိုင်ငံရေးကစားနေသည့် မြောက်ကိုရီးယားအတွက် အမေရိကန်နှင့် ယခင်ကထက် ဘေးကျပ်နံကျပ်ဖြစ်စေမည်ဖြစ်သည်။

ဒီသဘောတူညီချက်ထုတ်ပြန်မှုမှာ “မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ကိုဖြစ်စေ၊ မဟာမိတ် တောင် ကိုရီးယားကိုဖြစ်စေ၊ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်လာတဲ့နေ့ဟာ ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်တဲ့နေ့ဖြစ်ပါလိမ့်မယ်” လို့ ဘိုင်ဒင်က ပြောခဲ့လို့ မြောက်ကိုရီးယားအတွက် စိန်ခေါ်မှုလို ဖြစ်ခဲ့သည်။

ထို့ကြောင့်လည်း တရုတ်ဘက်က အမေရိကန်နှင့် တောင်ကိုရီးယားကို ထိပ်တိုက်ရင်ဆိုင်ရနိုင်တဲ့ ရန် စမှု မျိုး မြောက်ကိုရီးယားကို သွားမလုပ်ဖို့ သတိပေးခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနဲ့ အမေရိကန်ကြား ယခု သဘောတူညီချက်အရ တောင်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန်ရဲ့အဏုမြူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောတွေကို မျှဝေအသုံးပြုခွင့်ရရှိမှာဖြစ်သလို နျူကလီးယားစီမံကိန်းနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေ၊ ဆုံးဖြတ် ချက်တွေမှာ အတွင်းကျကျ ပါဝင်ခွင့်ရမှာ ဖြစ်သဖြင့် ကိုရီးယားကျွန်းဆွယ်သို့  နူကလီးယားဘေးခေါ်လာမှုအဖြစ် အချို့က မြင်ကြသည်။

ဘိုင်ဒင်-ယွန်း ထိပ်သီးစည်းဝေးပွဲမတိုင်မီ ဧပြီလအတွင်း မြောက်ကိုရီးယားက ၎င်း၏ပထမဆုံးသော အစိုင်အခဲလောင်စာပစ်ဒုံးပျံ (ICBM) ကို စမ်းသပ်ခဲ့ပြီး နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူး ဆယ် ခုထက် မနည်းပြသခြင်းဖြင့် ၎င်း၏နျူကလီးယားလက်နက်စွမ်းရည်ကို မြှင့်တင်ပြသခဲ့သည်။ဧပြီ ၁၃ ရက်တွင် မြောက် ကိုရီးယားက Hwasong-18 ဟုခေါ်ဆိုသည့် အဆင့်သုံးဆင့်သုံး တိုက်ချင်းပစ် ICBM အသစ်ကို ပြုံယမ်းအနီးရှိ ရွှေ့လျားပစ်စင်မှ စမ်းသပ်ခဲ့သည်။ထိုစဉ်က မြောက်ကိုရီးယား၏ စမ်းသပ်ပစ်လွှတ်မှုကို အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အေဒရီနီးဝပ်ဆန်က Hwasong-18 စမ်းသပ်မှုသည် ဒေသတွင်း တင်းမာ မှုနှင့် မတည်မငြိမ်ဖြစ်စေမည့် အန္တရာယ်များကို မလိုအပ်ဘဲ တိုးမြင့်စေသည်ဟု ပြောကြားခဲ့ဘူးသည်။

မြောက်ကိုရီးယား၏ Hwasong-18 တိုက်ချင်းပစ် ICBM အသစ်မှာ အစိုင်အခဲလောင်စာသုံးဖြစ်ပြီး ယခင် က မြောက်ကိုရီးယားစမ်းသပ်ခဲ့သည့် အရည်လောင်စာသုံး ICBM များထက် အားသာချက်များစွာရှိပြီး အမေရိကန် ပြည်ထောင်စုထိ ပစ်ခွင်းနိုင်သဖြင့် အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကိုထိန်းချုပ်ရန် ယခင်ထက်ပိုလိုလာရာ တောင်ကိုရီးယားအနားတွင် အမေရိကန်အနေဖြင့် နူလက်နက်ထားရှိရန်က အရေးကြီးသည့် အနေအထားဖြစ်လာ နေသည်။ထိုအနေအထားတွင် တောင်ကိုရီးယားက အပြည့်အ၀ထိန်းချုပ်ခွင့်ရှိသည့် ပြည်တွင်းနူကလီးယား လက် နက် အစီအစဉ်အစား အမေရိကန်က အပြည့်အ၀ထိန်းချုပ်ထားသော နူကလီးယားလက်နက်အစီအစဉ် ပြောင်းလဲ သွားခြင်းအပေါ် တောင်ကိုရီးယားပြည်တွင်းရှိ တက်ကြွသူများအနေဖြင့် လက်ခံဖွယ်မမြင်ပေ။ 

ဆိုးလ်က ခိုင်မာအား ကောင်းသော အမေရိကန်၏ အဟန့်အတား ကတိကဝတ်များ မရှိတော့ပါက ၎င်း၏ ကိုယ်ပိုင် နျူကလီးယား လက်နက်အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဇန်န၀ါရီလတွင် အကြံပြုခဲ့သည်။ ထို့ ပြင် အမေရိကန်၏ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်များကိုရီးယားကျွန်းဆွယ်တွင် ပြန်လည်ဖြန့်ကျက် ရန် တောင်းဆိုခဲ့သည်။ ထိုနှစ်ခုစလုံးကို ပယ်ချကာ တတိယမြောက်နည်းလမ်းအဖြစ် နူကလီးယားလက်နက်တပ် ဆင်ထားသော ရေငုပ်သင်္ဘောများ မျှဝေသုံးစွဲခွင့်က တောင်ကိုရီးယားကို ရန်ပြုလာသည်ကို ကာကွယ်ရန်ထက် ထို ဒေသတွင်း တရုတ်၏ကြီးထွားလာသော ရေတပ်အင် အား နှင့် မြောက်ကိုရီးယား၏ နူလက်နက်စမ်းသပ်မှုကိုထိန်း ချုပ်ရန်မှ တပါးမမြင်ပေ။ 

ယခု ပူးတွဲကြေငြာချက်တွင် နျူမပြန့်ပွားရေးသဘောတူစာချုပ်အရ တောင်ကိုရီးယား၏ ကတိကဝတ် များကို ထပ်လောင်းအတည်ပြုထားသော်လည်း ပြည်တွင်းနျူကလီးယားလက်နက်အစီအစဉ်အတွက် တောင် ကိုရီးယားပြည်သူလူထုကြား ကြီးထွားလာနေသော ထောက်ခံအားပေးမှုကို မည်သို့ ဖယ်ရှားမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရသလို ကိုရီးယားကျွန်းဆွယ်တွင် နူလက်နက်ပြိုင်ဆိုင်မှုမှာ ပုံစံတမျိုးဖြင့် ဖြစ်ပေါ် လာခဲ့ပြီ ကိုတွေရမည်ဖြစ်သည်။

မြောက်ကိုရီးယား၏ မကြာခဏ နူစမ်းသပ်ရန်ခြိမ်းခြောက်မှုနှင့် တောင်ကိုရီးယားနှင် ဂျပန်ပင်လယ်ပြင် သို့ ဒုံးကျည်များပစ်လွှတ်စမ်းသပ်မှုအပေါ် အကြောင်းပြချက်ကောင်းဖြင့် စစ်ရေးလေ့ကျင့်မှုကို ဂျပန်၊ တောင်ကိုရီး ယားနှင့် အမေရိကန်တို့ပြုလုပ်ခဲ့သလို ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက် မျှဝေခြင်း တို့ကို အားကောင်းစေရန် သုံးနိုင်ငံကတိပြုခဲ့သည်ကိုတွေရသည်။ထို့ပြင် ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာ့စစ်နောက်ပိုင်း ကာကွယ်ရေးဘတ်ဂျက်အမြင့်ဆုံးချမှတ်ခဲ့ပြီး ဂျပန်အခြေခံဥပဒေပါ အနည်းဆုံးသတ်မှတ်ချက်ကို စတင်ကျော် လွန်နိုင်ခဲ့သည်။ ထိုသည်က ဒေသတွင်းတရုတ်နိုင်ငံ၏ ဩဇာကြီးထွားလာမှုကို တန်ပြန်ရန် အမေရိကန်၏ အ ကောင်းဆုံးဇာတ်ညွှန်းဖြစ်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် ယခုထုတ်ပြန်မှုအရ မြောက်ကိုရီးယားနှင့် နူကလီးယားတိုက်ရိုက်ပြိုင်ဆိုင်မှုမှာ တောင်ကိုရီးယားဖြစ်လာနေသည်ကို တွေ့ရပြီး အဆိုပါနေရာတစ်၀ိုက် နူကလီးယားလက်နက်တပ်ဆင်ထားသည့် အမေရိကန်ရေငုပ်သင်္ဘောများ အမြဲတစေရှိနေမည့် အရေးက ဒေသတွင်းရှိ တရုတ်နှင့်မြောက်ကိုရီးယားအတွက် သတိထားရတော့မည်အခြေအနေဖြစ်သည်။ ထို့အတွက် ထိုင်ဝမ်အရေး၊ မြောက်ကိုရီးယားအရေးတို့ဖြင့် လိပ်ခဲ တည်းလည်းဖြစ်နေသည့် ဒေသတွင်းတင်းမာမှုမှသည် နူကလီးယားလက်နက်ပြိုင်ဆိုင်မှုအထိ ကိုရီးယားကျွန်း ဆွယ်ကို နူကလီးယားဘေးအထိ ဆွဲတင်လာသည့် အခြေအနေက  ရင်မောဖွယ်အခြေအနေဖြစ်သည်။

သိသာသည်က ကိုရီးယားကျွန်းဆွယ်အရေးတွင်  အမေရိကန်၏ ပါဝင်မှုမှာ တိုက်ရိုက်ပါဝင်မှုအထိ ရှိလာပြီ ဖြစ်ရာ အမှားမခံတော့သည့် အာရှအရှေ့ဖျားဒေသတင်းမာမှုက  အမေရိကန်၏နူကလီးယား လက် နက်ပြိုင်ဆိုင်မှု ပုံစံသစ်ကြောင့် အနာဂတ်တွင် ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာ စောင့်ကြည့် ရတော့ မှာဖြစ်ပေသည်။

လင်းသစ်အောင်