【‌ဆောင်းပါး】မြန်မာ့ဆောင်းရာသီနှင့် တရုတ်အနွေးထည်စျေးကွက်

【‌ဆောင်းပါး】မြန်မာ့ဆောင်းရာသီနှင့် တရုတ်အနွေးထည်စျေးကွက်

ရာသီဥတုသုံးမျိုးဖြင့် လည်ပတ်နေသည့် မြန်မာနိုင်ငံတွင် အဝတ်အထည်စျေးကွက်အတွင်း ယခုလို ဆောင်းရာသီ၌ အနွေးထည်များမှာ ဝယ်လိုအားကောင်းခဲ့သည့် အခြေအနေမျိုးကြရသည်။ 
ရာသီဥတုအေးမြခြင်းမရှိသည့် ဆောင်းကာလနှစ်မှာ နောက်ပိုင်းတွင် များပြားလာသော်လည်း အနွေး ထည်များကို ဖက်ရှင်သဖွယ် ဝတ်စားဆင်မှုများကြောင့် အနွေးထည် ဝယ်ယူသုံးစွဲမှုမှာ လျော့ကျခဲ့ခြင်းမျိုးမရှိခဲ့ပေ။ ထုတ်လုပ်သူများ ကလည်း စျေးကွက်အကြိုက်ပြင်ဆင်ခြင်းများဖြင့် လုပ်ဆောင်လာကြသလို စုံလင်လှသည့် ဖက် ရှင်ဒီဇိုင်း မျိုးစုံကလည်း တစ်နှစ်ထက်တစ်နှစ် မရိုးနိုင်အောင် ပေါ်ထွက်လာခဲ့ကြသည်။ ထို့ကြောင့် အဝတ် အ ထည်စျေးကွက်တွင် အနွေးထည်ဟု ခေါ်ရသည့် ဖက်ရှင်ဒီဇိုင်းစုံလင်သော အဝတ်အထည်များမှာ ဆောင်းကာလ သာကမကဘဲ တစ်နှစ်ပတ်လုံး၌ပင် စျေးကွက်အတွင်း မြင်တွေလာခဲ့ရသည်။
 
လက်ရှိပြည်တွင်းစျေးကွက်တွင်းရှိ အဝတ်အထည်များအနက်တွင် ပြည်တွင်းမှထုတ်လုပ်သည့် အဝတ် အထည်ပစ္စည်းများ ထက် အရည်အသွေးကောင်းကာ ဖက်ရှင်ဒီဇိုင်းကျသည့် ပြည်ပမှတင်သွင်းလာသော အဝတ် အထည်များက ပို၍ အရောင်း အဝယ်ကောင်းခဲ့သလို လူကြိုက်များကာ ရောင်းပန်းလှသော အခြေအနေမျိုးလည်း ကြုံလေ့ရှိသည်။ ထိုပြည်ပမှ တင်သွင်း ထားသည့် အဝတ်အထည်များက ဝတ်ဆင်သူအတွက် သက်သောင့် သက်သာဖြစ်ခြင်း၊ လျှော်ဖွပ်သည့်အခါတွင် ဆေးရောင်ကျွတ်၍ မှိန်သွားခြင်းမျိုးမရှိခြင်း၊ ဖွာထွက်ကာ ယိုယွင်း ပျက်စီးသော အခြေအနေမျိုးမရှိခြင်း၊ စမတ်ကျကာ confidence ရှိခြင်းကြောင့်လည်း သုံးစွဲသူများအတွက် နှစ် သက်စရာ အခြေအနေမျိုးဖြစ်စေခဲ့သည်။
 
ပြည်တွင်းထုတ်အဝတ်အထည်များထက် စျေးနှုန်းအားဖြင့် ကွာဟသော်လည်း သုံးစွဲသူအတွက် နှစ်သက် စရာ အခြေအနေများကြောင့် စျေးကွက်အခိုင်အမာရရှိနေကြခြင်းလည်းဖြစ်သလို စျေးဝယ်စင်တာကြီးများ အပါ အဝင် ဆင်ခြေဖုံးဒေသရှိ အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များအထိပါ ပျံ့နှံ့၍ ရောင်းချလာရသော စျေးကွက် ပျံ့နှံ့ မှုအခြေအနေကို ပိုင်ဆိုင်လာခဲ့ကြသည်။
 
ထိုသို့သော ပြည်ပမှတင်သွင်းထားသည့် အဝတ်အထည်ပစ္စည်းများစျေးကွက်တွင် ယခင်က ဥရောပနိုင်ငံ များဘက်မှ တင်သွင်းထားသော ပစ္စည်းများရှိသော်လည်း နောက်ပိုင်းတွင် စျေးကွက်အတွင်း ဝင်ရောက်မှုမရှိ သ လောက်ဖြစ်ခဲ့သလို သုံးစွဲသူလည်း အလွန်နည်း၍ ရောင်းချသူများဘက်မှ တွက်ချေမကိုက်ခြင်းကြောင့် သုံးစွဲသူ နှစ်သက်သည့် အခြေအနေမျိုး ရှိသော အဝတ်အထည်များကိုသာ အဓိကထားကာ ရောင်းချလာကြသည်။ လက် ရှိစျေးကွက်အတွင်းတွင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံမှ တင်သွင်းထားသည့် အဝတ်အ ထည်များနှင့် တရုတ်နိုင်ငံမှ တင်သွင်းထားသည့် အဝတ်အထည်များက နေရာယူလျက်ရှိပြီး လူကြိုက်များနေသော အခြေအနေမျိုးဖြစ်နေကြသည်။
 
အစောပိုင်းတွင် ထိုင်းနိုင်ငံမှတင်သွင်းထားသော အဝတ်အထည်များ၏ အရည်အသွေးပိုင်းကို နှစ်သက် သူများသော်လည်း စျေးနှုန်းအားဖြင့် ပိုမိုကြီးမြင့်လာသည့် အခြေအနေများနှင့် နောက်ပိုင်းတွင် ဒီဇိုင်းသစ်များ တင်သွင်းမှုအားနည်းခြင်းကြောင့် စိတ်ဝင်စားမှုလျော့ကာ တခြားရွေးချယ်စရာများအတွက် စဉ်းစားရွေးချယ် သုံးစွဲစရာ အခြေအနေမျိုးဖြစ်သွားခဲ့သည်။ 
 
ယခင်ကတည်းက စျေးကွက်အတွင်း စျေးကွက်ဝေစုလုကာယှဉ်ပြိုင်နေသော တရုတ်ထုတ် အဝတ်အ ထည်များက စျေးနှုန်းအားဖြင့် ထိုင်းမှထုတ်လုပ်တင်သွင်းသော အဝတ်ထည်များနှင့် ကွာဟနေသော်လည်း အရည်အသွေးပိုင်း၌ ကျဆင်း ခြင်းကြောင့် စိတ်ဝင်စားသူ အနည်းအကျဉ်းသာ ရှိခဲ့ဖူးသည်။ ထို့နောက်ပိုင်း ကာ လများတွင် အရည်အသွေးပိုင်းနှင့် ဖက်ရှင် ဒီဇိုင်းအပိုင်းများ၌ပါ ပိုမိုကောင်းမွန်လာသည့် တရုတ်ထုတ်အဝတ် အထည်များလည်း ပြည်တွင်းစျေးကွက်အတွင်းသို့ ဝင်ရောက်လာလျက်ရှိရာ ယခင်ကလူသုံးများခဲ့သော ထိုင်း ထုတ်အဝတ်အထည်များ၏ စျေးနှုန်းကြီးမြင့်မှုကြောင့် ရွေးချယ်စရာ ရှာသူများအတွက် အခြေအနေကောင်း ဖြစ်လာခဲ့သည်။
 
နောက်ပိုင်းတင်သွင်းလာသည့် တရုတ်ထုတ်အဝတ်အထည်များက အရည်အသွေးပိုင်း၌ ယခင်လိုမဟုတ် တော့ဘဲ သေသပ်ကာ ပိုမိုကောင်းလာသည့်အပြင် ဝတ်ဆင်ရသူအတွက် သက်တောင့်သက်သာဖြစ်စေပြီး စျေးနှုန်း အားဖြင့်လည်း အသင့်အတင့် အနေအထားမျိုးဖြစ်လာခြင်းကြောင့် သုံးစွဲသူအတွက် ရွေးချယ်စရာ အခြေအနေ မျိုးဖြစ်လာကာ စျေးကွက် အတွင်း ဦးဆောင်လာသည့် အခြေအနေကိုကြုံလာခဲ့ခြင်းဖြစ်သည်။
 
“အရောင်လည်းကောင်းတယ်၊ ဒီဇိုင်းလည်းကောင်းတယ်၊ အသားလေးကလည်း မဆိုးတဲ့ အနွေးထည် လေး တစ်ထည်တွေ့လို့ ဝယ်မလို့ကြည့်တော့ Made in China ဆိုပြီး ရေးထားတာ တွေ့တယ်၊ စျေးနှုန်းလေး ကလည်း မဆိုးဘူး၊ ထင်တောင် မထင်ထားဘူး၊ အရင်ထက်လည်း တော်တော်လေး အရည်အသွေးကောင်း လာတယ်”ဟုလည်း အဝတ်အထည်မျိုးစုံ စျေးကွက်အတွင်း ကြုံရသည့် အခြေအနေကို ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
 
ထို့ကြောင့်ပင် ပြည်တွင်းအဝတ်အထည်စျေးကွက်တွင် လက်ရှိ တရုတ်မှထုတ်လုပ်တင်သွင်းလာသော အဝတ်အထည်များမှာ စျေးကွက်နေရာယူလာခဲ့ပြီး ယောကျာ်း၊ မိန်းမ၊ လူကြီး၊ ကလေး စသည်ဖြင့် အရွယ်စုံဆင် မြန်း စရာ အဝတ်အထည်မျိုးစုံမှာ ဒီဇိုင်းမျိုးစုံအဖြစ် ဝင်ရောက်နေခြင်းလည်းဖြစ်သလို တွင်ကျယ်အောင် ရောင်းချ နေသည့် အခြေအနေမျိုးကြုံရသည်။ ပြည်တွင်းစျေးကွက်တွင် စျေးကွက်လိုအပ်ချက်အရ ပြည်ပမှတင်သွင်းထား သည့် သွင်းကုန်ပစ္စည်းများကိုသုံးစွဲကြပြီး အထူးသဖြင့် အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံမှတင်သွင်းသည့် ကုန် ပစ္စည်းများကို ကျယ်ပြန့်စွာသုံးစွဲလာသည့် အခြေအနေ ဖြစ်ခဲ့သည်။
ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသော စာရင်းများတွင်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းတွင် ပြည်တွင်းသို့ သွင်းကုန်အများဆုံးတင်သွင်းခဲ့သည့်နိုင်ငံများအနက်တွင် တရုတ်နိုင်ငံက ထိပ်ဆုံးကရပ်တည်နေပြီး ဒုတိယနေရာမှ စင်ကာပူနှင့် တတိယနေရာမှ ထိုင်းက ရပ်တည်နေကြောင်းတွေ့ရသည်။ ယခုဒီဇင်ဘာလအတွင်း မကြာသေးမီ ရက်အတွင်း ကလည်း ရန်ကုန်မြို့တွင် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ အထည်အလိပ်နှင့် စက် ယန္တရားကုန်စည်ပြပွဲကို ကျင်းပခဲ့သေးသည်။
 
တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည် ရွယ်၍ပြုလုပ်ခဲ့ကြသည့် အဆိုပါပြပွဲကို တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ထိုပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် Brand ၂၈ ခုနှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ် ထုတ်ကုန်မျိုးစုံ ပါဝင်ပြသကြ ပြီး နှစ်သက်သူများခဲ့ခြင်းကြောင့် နောက်ပိုင်းတွင် အရည်အသွေး မြင့်မားလာသည့် တရုတ်ထုတ်ကုန် Brand များမှာ ပြည်တွင်းစျေးကွက်တွင် ပိုမိုမြင်တွေ့လာရမည့် အခြေအနေလည်း ဖြစ်သည်။
 
ပြည်တွင်းစျေးကွက်တွင် ဝယ်ယူသူအများစုမှာ ယခုနောက်ပိုင်း အရည်အသွေးပိုင်းသာမက စျေးနှုန်း သက်သက် သာသာဖြင့် အရည်အသွေးကောင်းသော အဝတ်အထည်မျိုးကို ရွေးချယ်ဝယ်ယူလာခြင်းကြောင့်လည်း ယခုလို ဆောင်းကာလအတွင်း တရုတ်ထုတ်ကုန် ဖက်ရှင်ဒီဇိုင်းစုံလင်လှသည့် အနွေးထည်များက ဝယ်သူနှစ်သက် သဘောကျ ရွေးချယ်စရာ အခြေအနေမျိုး ဖြစ်လာခဲ့သည်။ နှစ်နိုင်ငံလုပ်ငန်းရှင်များအချင်းချင်းကြား သဘောတူ ထားကြသည့် ပူးပေါင်းဆောင်ရွက်မှုများအပါဝင် တရုတ်ထုတ်ကုန်များက ပြည်တွင်းစျေးကွက်၏ အနာဂတ် ကာလအတွင်း ဝယ်သူနှစ်သက်ရွေးချယ်စရာ အခြေအနေမျိုးအဖြစ် ပျံ့နှံ့ရောက်ရှိနေဦးမည်ဖြစ်သည်ကို ရေးသား လိုက်ရပေသည်။
 
                                                                                                                       
ဧပရယ်လ်