【 ဆောင်းပါး 】ဆယ်စုနှစ်တစ်ခု၏ တရုတ်ယဉ်ကျေးမှုခရီးစဉ်

【 ဆောင်းပါး 】ဆယ်စုနှစ်တစ်ခု၏ တရုတ်ယဉ်ကျေးမှုခရီးစဉ်

“တရုတ်ယဉ်ကျေးမှုဟာ သစ်ပင်ကြီးရဲ့ ပင်စည်နဲ့တူတယ်၊ တိုင်းရင်းသားလူမျိုးများရဲ့ယဉ်ကျေးမှုဟာ အကိုင်းနှင့် အရွက်များဖြစ်ကြတယ်။ အမြစ်နက်ရှိုင်းပါက ပင်စည်ကလည်း ခိုင်မာပြီး အကိုင်းနှင့် အရွက်များလည်း ကောင်းမွန်စွာ ကြီးထွားလာမည်” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်က ကျင်းပပြုလုပ်သော Central Conference on Ethnic Affairs တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီသစ်ပင်ကြီးကို ပြုစုစောင့်ရှောက်ခြင်းတွင် အစိုးရဟာ ပြည်သူများ၏ ယဉ်ကျေးမှုဆိုင်ရာလိုအပ်ချက်ကိုသာ ဖြည့်ဆည်းပေးရုံသာမက သမိုင်းကို ထိန်းသိမ်းထားရန်လည်း ကြိုးပမ်းနေတာပါဝင်ပါတယ်။

အစိုးရ၏ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း ၊ အားကစားနှင့် မီဒီယာ အစရှိသော ကဏ္ဍတွင် အသုံးစရိတ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ အသုံးစရိတ်များဟာ ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂၉.၁၅ ဘီလီယံရှိခဲ့ရာကနေ ၂၀၂၀ မှာတော့ ကန်ဒေါ်လာ ၆၁.၆၃ ဘီလီယံအထိ မြင့်တက်လာခဲ့ပါတယ်။

စာကြည့်တိုက်၊ ပြတိုက် နှင့် ဂယ်လာရီ အစရှိသော အခြေခံအဆောက်အဦးများ ဆောက်လုပ်ခြင်းဖြင့် အစိုးရဟာ ရတနာများကို ထိန်းသိမ်းရုံမကပဲ လူများအတွက် သူတို့ တန်ဖိုးထားသော ဓလေ့ထုံးတမ်းများကို ကျင့်သုံး ထိန်းသိမ်းခွင့်ပေးထားပါတယ်။

တရုတ်နိုင်ငံက လူငယ်များအကြား သူတို့ရဲ့ ယဉ်ကျေးမှု ထိန်းသိမ်းမှုအပေါ် သက်သောင့်သက်သာရှိနေခြင်းကို ပြည်တွင်းအမှတ်တံဆိပ်များ ဝယ်လိုအား များပြားလာခြင်းကို လေ့လာခြင်းအားဖြင့် နားလည်နိုင် ပါတယ်။ ထိုထဲတွင် လူကြိုက်များသော ဟန်ဖူလည်းပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ လူနည်းစု တိုင်းရင်းသား လူမျိုးပေါင်း ၅၅ မျိုးနေထိုင်သော နိုင်ငံဖြစ်ပြီး မန်ဒူရင်တရုတ် ဘာသာစကားအပြင် အခြားဘာသာစကားပေါင်း ၅၂ မျိုးကိုလည်း အသုံးပြုပါတယ်။ လူမျိုးစုတိုင်းဟာ ထူးခြားသော ထုံးစံများရှိကြပြီး သူတို့ရဲ့ ထုံးစံများကို ပွဲတော်များတွင် အကောင်းဆုံး ပြသနေကြပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဒီလူမျိုးစုများဟာ အစိုးရ၏ ထောက်ပံ့မှုများဖြင့် သူတို့ရဲ့ ပွဲတော်များကို ကျင်းပနိုင်ခဲ့ပါတယ်။ထို့အပြင် တရုတ်ဟာ အားကစားနှင့် ကြံ့ခိုင်ရေးကဏ္ဍကိုလည်း ပြုစုပျိုးထောင်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  Fitness-For-All ၊ Healthy China Initiative နှင့် Building China စီမံချက်များကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်အစိုးရဟာ အများပြည်သူသုံး ကြီးမားသော အားကစားရုံ နှင့် လေ့ကျင့်ခန်းရုံများကို ဆောက်လုပ်ခဲ့ပြီး ကြံ့ခိုင်ရေးယဉ်ကျေးမှုကိုအားပေးရန်နှင့် လူထုအကြား ကျန်းမာရေး အသိပညာပေးရန် ဆောက်လုပ်ခဲ့ပါတယ်။

ထို့အပြင် တရုတ်နိုင်ငံက နေရာပေါင်း ၁၆ ခန့်ကို Grand Canal နှင့် တရုတ်အားကစားပေါင်း ၈ မျိုးနှင့် Tai Chi အားကစားကိုလည်း ယူနက်စကို စာရင်းတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၁ ကနေ ၂၀၂၁ ခုနှစ်အတွင်း သတ်မှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာပဲ ရှေးဟောင်းသုတေသနလုပ်ငန်းတွင်လည်း ကြီးမားသော အောင်မြင်မှုများ ဖော်ဆောင်နိုင်ခဲ့ပြီး ကျောက်ခေတ်က တွေ့ရှိချက်များဟာ နိုင်ငံတကာအတွက် အရေးပါသော တွေ့ရှိမှုများ ဖြစ်လာခဲ့ပြီး တရုတ်လူမျိုးဆင်းသက်ရာလမ်းကြောင်း အမြစ်ကို ရှာဖွေရာတွင်လည်း အလင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

Naing

Ref:CMG| The Numbers of a Decade: China's cultural journey