【 ဆောင်းပါး 】တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းတည်ဆောက်ခြင်း (အပိုင်း ၄)

【 ဆောင်းပါး 】တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းတည်ဆောက်ခြင်း (အပိုင်း ၄)

မြန်နှုန်းမြင့်ရထားလမ်းများကို ခေတ်နဲ့အညီလျာထားတည်ဆောက်ခဲ့ရာတွင် နောက်ခံအကြောင်းအရာများစွာလည်း ပါဝင်သည်ကိုတွေ့ရမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်တွင် နှစ်စဉ် ဂျီဒီပီသည် ဆယ်စုနှစ်များစွာအတွင်း သိသိသာသာ စီးပွားရေးတိုးတက်မှုများရှိခဲ့သည်ကြောင့်လည်း ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ယင်းကဲ့သို့ စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းရန်၊ လမ်းပန်းဆက်သွယ်ရေး ဖြန့် ဖြူးမှုကို ဟန်ချက်ညီစေရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် သယ်ယူပို့ဆောင်ရေး ရင်းနှီးမြှုပ်နှံမှုသည် ၎င်းမဟာဗျူဟာ၏ အဓိကအချက်ဖြစ်ခဲ့ကြောင်း နိုင်ငံတကာဆောင်းပါးများတွင်ဖေါ်ပြမှုများရှိခဲ့သည်။
ထို့ကြောင့် ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်အတွင်းမှာ နှစ်စဉ်သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် ၁၀ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၃၈ ဘီလီယံခန့်မှ ၇၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း မှတ်တမ်းဖေါ် ပြမှုများရှိခဲ့သည်။
စီမံကိန်းကာလ (၂၀၀၀-၂၀၀၅) ခုနှစ်အတွင်းနဲ့ (၂၀၀၆-၂၀၁၀) အတွင်း အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံအထိ တိုးလာကာ အစိုးရမူဝါဒများနှင့် မီးရထားစီမံခန့်ခွဲမှုလုပ်ဆောင်ချက်များသည် တရုတ်နိုင်ငံ၏ မီးရထားလမ်းများကို ပြောင်းလဲစေခဲ့သည်။
ထိုမှသည် ရလဒ်အနေဖြင့် ၂၀၁၀ ခုနှစ်တွင် တရုတ်မီးရထားသည် ကမ္ဘာပေါ်တွင် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်မှု အများဆုံး ပမာဏတစ်ခုပင်ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့်ထိုမှရပ်တန့်မနေပဲ ဖွံ့ဖြိုးမှုနှင့်အညီ တိုးပွားလာသော ယာဉ်ကြောပိတ်ဆို့မှုများကို ဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီမှ စီစဉ်လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။
ကမ္ဘာပေါ်တွင် မြန်နှုန်းမြင့်ရထားလမ်းများ၏ အကြီးဆုံးကွန်ရက်ဖြစ်လာကာ နိုင်ငံတဝန်း ဖြတ်ကျော်ကာ ကီလိုမီတာ ၃၇,၉၀၀ (မိုင် ၂၃,၅၀၀ ခန့်) ထက်မနည်းသော ရထားလမ်းကွန်ရက်များဖြင့် ၎င်း၏မြို့ကြီးပြကြီး အစုအဝေးအားလုံးကို ချိတ်ဆက်ထားနိုင်ခဲ့သည်။
ကွန်ရက်သည် ၂၀၃၅ ခုနှစ်တွင် ၇၀၀,၀၀ ကီလိုမီတာအထိ အရှည်နှစ်ဆတိုးလာမည်ဟု မျှော်လင့်မှုများရှိ နေပြီး ရထားလိုင်းများစွာတွင် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၃၅၀ ကီလိုမီတာ ( ၂၁၇ မိုင်နှုန်း) ဖြင့် အဝေးပြေး ခရီးကို အပြောင်းအလဲဖြစ်စေခဲ့ကာ လေကြောင်းလိုင်းများ၏ လွှမ်းမိုးမှုကိုပင် ချိုးဖျက်နိုင်ခဲ့ကြောင်း ဖေါ်ပြမှုများ ပင်ရှိခဲ့သည်။
ထို့ကြောင့် လက်တွေ့တွေ့မြင်ရသည်မှာလည်း ၂၀၂၀ တွင် လူဦးရေ ၅၀၀,၀၀၀ နှင့်အထက်ရှိသော တရုတ်မြို့ကြီးများ၏ ၇၅ ရာခိုင်နှုန်းသည် မြန်နှုန်းမြင့်ရထားများ ရရှိလာခဲ့သည်လည်းဖြစ်ပါသည်။
ယင်းထဲတွင် အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကြီးထွားလာသော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ အမျိုးသားမြို့တော်တိုင်းဒေသကြီးသို့ ခရီးအကွာအဝေးများ သိသိသာသာ တိုတောင်းစေမည့်ရထားလမ်း စွမ်းရည်ကိုထပ်မံ ဖန်တီးပေးခြင်းတွင်တော့ လူသိများခဲ့သည်လည်းဖြစ်သည်။
ထို့ကြောင့် Hohhot-Zhangjiakou-Beijing တစ်လျှောက် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးအတွက် ဒုတိယမြို့တော်ပေကျင်းနှင့်အတွင်းမွန်ဂိုလီးယားဒေသများကို မီးရထားအမြန်လမ်းများတည်ဆောက်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးကွန်ရက်ပြုလုပ်ခဲ့ခြင်းက တရုတ်နိုင်ငံအတွင်းစီးပွားရေးဖွံ့ဖြိုးရေးအပြင်၊ လူမှုစီးပွားတိုးတက်စေခဲ့ပါတယ်။ 
အခြားတစ်ဖက်တွင် ခေတ်သစ်မီးရထားစီမံကိန်းသည် သဘာ၀ပတ်ဝန်းကျင် ဆိုင်ရာစိန်ခေါ်မှုဖြစ်သည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ထဲအပါအ ဝင်ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ချရေးအတွက်လည်း  များစွာအထောက်အကူပြုစေခဲ့ရာ ပြီးပြည့်စုံသောစီမံကိန်းများအဖြစ်ရှုမြင်ကြပြီး ခေတ်သစ်ရထားကဏ္ဍတွင် တရုတ်တို့အတွက် ဦးဆောင်သူအဖြစ်သို့ တွန်းပို့ခဲ့သည်လည်း ဖြစ်တော့သည်။
 
မိုးသား