【 ဆောင်းပါး 】အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

【 ဆောင်းပါး 】အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

၁၉၇၅ ခုနှစ်ကစပြီး မတ်လ (၈) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ သတ်မှတ်ကျင်းပခဲ့ပါတယ်။
အဆိုပါနေ့သည် အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအောင်မြင်မှုများရဲ့ ကမ္ဘာလုံး ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ သမိုင်းကြောင်းကတော့ ၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် စတင်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ်က အမေရိကန်ပြည်ထောင်စုရှိ အမျိုးသမီးများသည် ပိုမိုကောင်း မွန်သော လုပ်ငန်းခွင်အခြေအနေများနှင့် မဲပေးပိုင်ခွင့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ၁၉၀၈ ခုနစ်တွင် ၎င်းတို့သည်အခွင့်ရေးများကို တောင်းဆိုဖို့ နယူးယောက်မြို့သို့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
၁၉၁၀ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီညီလာခံ(ဒုတိယအကြိမ်)မှာ ဂျာမနီနိုင်ငံ ၊ဆိုရှယ်လစ်၊ ဒီမိုကရစ်တစ်ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကလဲရာဇက်ခင်( Calara Zetkin) ကအပြည်ပြည်ဆိုင်ရာအမျိုသမီးများနေ့ကို တစ်ကမ္ဘာလုံးမှာ တစ်ရက်တည်း သတ်မှတ်ကျင်းပဖို့ နှင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တောင်းဆိုတင်ပြဆွေးနွေးတဲ့အခါ ညီလာခံတက်ရောက်သူများအားလုံးက ကန့်ကွက်သူမရှိသဘောတူခဲ့ကြပါတယ်။ 
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ၁၉၀၉ ခုနှစ်ကျင်းပခဲ့သော နိုင်ငံတကာ အလုပ်သမားများ ညီလာ ခံတွင် အမျိုးသမီးများနေ့ကို နှစ်စဉ်ကျင်းပရန် အဆိုပြုခဲ့ပြီး နိုင်ငံတိုင်းက အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး၊ လွတ်မြောက်ရေးကို တောင်းဆိုဖို့သူတို့ကိုယ်သူတို့ စည်းရုံးသင့်တယ်လို့ ညီလာခံက ကြေငြာခဲ့ပါတယ်။
ပထမဆုံး နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် သြစတြီးယား၊ ဒိန်းမတ်၊ ဂျာမနီနှင့် ဆွစ်ဇာလန်တို့တွင် စတင်ကျင်းပခဲ့ကြပြီး ချီတက်ပွဲတွေနဲ့ ပွဲလမ်းသဘင်တွေကို လူတစ်သန်းကျော် တက်ရောက်ပြီး နိုင်ငံတစ်ဒါဇင်ကျော် ပါဝင်ဆင်နွဲကျင်းပခဲ့ပါတယ်လို့ သိရပါတယ်။
ထိုနေ့သည် အခြားနိုင်ငံများသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ကုလသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တရားဝင်အသိအမှတ်ပြုခဲ့သည်။ ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံများတွင် ကျင်းပခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တရုတ်၊ ဂျပန်၊တောင်ကိုရီးယားနှင့် အိန္ဒိယတို့ အပါအဝင် အာရှ- ပစိဖိတ်ဒေသရှိ နိုင်ငံများမှ နှစ်စဉ် မတ်လ(၈)ရက်နေ့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ 
ထိုနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများရဲ့ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အောင်မြင်မှုများကို ဂုဏ်ပြုကြပြီး ကျားမတန်းတူညီမျှမှုကို အရှိန်မြင့်လုပ်ဆောင်ရန်တောင်းဆိုသည့်နေ့လည်းဖြစ်ပါတယ်။ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဒီမိုကရက်တစ်အဖွဲ့ချုပ်သည် ၁၉၂၂ခုနှစ်တွင် အမျိုးသမီးများနေ့ ပထမ ဆုံးကျင်းပခဲ့ပြီး ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများလွတ်မြောက်ရေး မြှင့်တင်ရန် နည်းလမ်းတစ်ခုအဖြစ် ကျင်းပခဲ့ကာ တရုတ်ကွန်မြူနစ်ပါတီလည်း လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများပါဝင်မှုရဲ့ အရေးပါမှုကို အလေးပေးခဲ့ပြီး နိုင်ငံရေး၊ ပညာရေးနှင့် လုပ်သားအင်အားစုတွင် အမျိုးသမီးများပါ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။
အဆိုပါ မတ်လ(၈)ရက်နေ့ တရုတ်နိုင်ငံ၌ အမျိုးသမီးများနေ့ကို ချီတက်ပွဲများ၊ မိန့်ခွန်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲများအပါအဝင် အခမ်းအနားများနှင့် လှုပ်ရှားမှုအမျိုးမျိုးဖြင့် ကျင်းပခဲ့ကာ လူ့အဖွဲ့အစည်းနယ်ပယ် အားလုံးမှာလည်း အမျိုးသမီးများရဲ့ အောင်မြင်မှုများကို အသိအမှတ် ပြုရန်နှင့် ကျားမတန်း တူညီမျှရေး အတွက် ဆက်လက်တိုက်ပွဲဝင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။
 
ဇွန်မိုး