【 ဆောင်းပါး 】 ကျောက်ဖြူ အနာဂတ် ရွေ့လျှားဆေးခန်းစီမံကိန်း

【 ဆောင်းပါး 】 ကျောက်ဖြူ အနာဂတ် ရွေ့လျှားဆေးခန်းစီမံကိန်း

မြန်မာနိုင်ငံ အနောက်ခြမ်းက ကျောက်ဖြူဒေသတွင် ဒေသခံများ၏ ကျန်းမာရေးအတွက် အကျိုးပြုစေမည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံကိန်းကို တရုတ်ပြည်သူ့သမ္မနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိသည်။

ထိုစီမံကိန်းမှာ တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက ၎င်း၏လူမှုတာဝန်ဝတ္တရားကို အခြေခံကျကျ ဖြည့်ဆည်းပေးရန်နှင့် လူထုသဘောဆန္ဒကို အခြေခံသည့် စီမံကိန်းမျိုးအဖြစ် ယခုလို ကျန်းမာရေးစောင့်ရှောက်ပေးသည့် စီမံချက်ကို ရေးဆွဲကာ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်လိုက်ခြင်းလည်းဖြစ်သည်။

ထိုစောင့်ရှောက်မှုစီမံချက်ကို “ကျောက်ဖြူ အနာဂတ် ရွေ့လျှားဆေးခန်းစီမံချက်” ဟူ၍ အမည်ပေးထားခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ထိုကာလအတွင်း ပထမဆုံး ဆေးကုသမှုပေးခဲ့သည့် ကျေးရွာတွင် ကျေးရွာဒေသခံ ၇၀ နီးပါးကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံမှ အထွေထွေဆရာဝန်သုံးဦးက ကျန်းမာရေးစစ်ဆေးကုသမှုဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ထိုစီမံကိန်း မစတင်ခင် ဒေသဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ကိုင်နေသူများ၊ သက်ကြီး ရွယ်အိုများနှင့် လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများအပါအဝင် ဒေသခံများစွာကို CITIC Group မှ တာဝန်ရှိသူများက တွေ့ဆုံကာ သီးသန့်လူထုတွေ့ဆုံပွဲများကျင်းပ၍ စီမံကိန်းအပေါ် ထင်မြင်အကြံပြုချက်များကိုရယူကာ လုပ်ဆောင်၍ ယခုလို ကျန်းမာရေးစောင့်ရှောက်မှုကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

ထိုစီမံကိန်းကို ယူနန်ပြည်နယ် နိုင်ငံခြားအကူအညီပေးရေးဌာနမှ ရန်ပုံငွေထောက်ပံ့ပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံမှ ဒေသခံအရပ်ဘက်အဖွဲ့အစည်း KSEDAA က တာဝန်ယူ အကောင်အထည်ဖော်ခဲ့သည်။ထိုမှ ကျောက်ဖြူမြို့အနီးတစ်ဝိုက်နှင့် မဒဲကျွန်းရှိ ကျေးရွာပေါင်း ၂၀ သို့ ကွင်းဆင်း၍ ဒေသခံများကို ကျန်းမာရေးစစ်ဆေးပေးခြင်း ကျန်းမာရေးပြဿနာများကို ကူညီဖြေရှင်းပေး၍ ဆေးဝါးများပြုစုကုသပေးခြင်းတို့ဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ထို့နောက် ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာတွင် ထပ်မံ၍ ကျန်းမာရေးကုသိုလ်ဖြစ် ရွေ့လျှားဆေးခန်းစီမံကိန်းကို လုပ်ဆောင်ခဲ့သလို ဒေသခံ ၈၀ ကျော်ကိုလည်း ဆေးဝါးများကုသပေးခဲ့ကြသလို ဒေသခံများအတွက် အားထားရာ အခြေအနေမျိုးဖြစ်စေခဲ့သည်။

ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ လမ်းညွှန်မှုအောက်တွင် YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO.,LTD.(YCIH) နှင့် CITIC Myanmar တို့အတူ စီစဉ်ဆောင်ရွက်၍ ကျောက်ဖြူခရိုင် ဆေးရုံ၏ လုပ်ငန်းအကူအညီ၊ ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီစောင့်ရှောက်ရေးအသင်း (KSEDAA) တို့၏ ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်နေလျက်ရှိရာ စတင်စဉ်မှ ကျေးရွာ ၂၀ တွင် ဒေသခံ ၁၆၀၀ ကျော်တို့၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ခဲ့ကြသည်။

ထိုကဲ့သို့ ဒေသခံများအတွက် အကျိုးများစွာရှိစေခြင်းကြောင့်လည်း ယခု ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း ဒေသခံများ၏ တောင်းဆိုမှုအရ စီမံကိန်းစတင်စဉ်က ကွင်းဆင်းကုသမှုပေးခဲ့သည့် ကျေးရွာပေါင်း ၂၀ သို့ စီမံကိန်းအဖွဲ့က တစ်ကျော့ပြန်လည်သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သလို ဆက်လက်၍လည်း နောက်ထပ်ကျေးရွာ ၁၀ ရွာကို ခရီးစဉ်ထပ်မံတိုးချဲ့၍ ကွင်းဆင်းကုသမှုများဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ဒေသခံများကို ယခုလို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းဖြင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် ဝန်ဆောင်မှုမြှင့်တင်ပေးသလိုဖြစ်စေပြီး ဆန်းသစ်သော အတွေးအမြင်များဖြင့်ပေါင်းစပ်၍ ဖန်တီးကာ လုပ်ဆောင်ခဲ့ကြခြင်းကြောင့်လည်း သာယာလှပသော အနာဂတ်ကို ဒေသခံများက ပုံဖော်နိုင်စေမည်ဖြစ်သည်။

ကျောက်ဖြူစီမံကိန်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်မှုအတွက် အပြုသဘောဆောင်သော ပြည်သူ့ဆန္ဒပတ်ဝန်းကျင်ကို ဖန်တီးရန် အရေးကြီးသလို ဒေသခံပြည်သူများ၏ စားဝတ်နေရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ပေးခြင်းမှတစ်ဆင့် CITIC Group နှင့် ဒေသခံများအကြား ဆက်ဆံရေးကောင်းမွန်လာစေမည်ဖြစ်ပြီး ကောင်းမွန်သည့် ရလဒ်အခြေအနေ အကျိုးများလည်း ဖြစ်ထွန်းစေမည်ဖြစ်သည်။

ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းတွင်လည်း “ကျောက်ဖြူ အနာဂတ်” ကျန်းမာရေးကုသိုလ်ဖြစ် ရွေ့လျှားဆေးခန်း စီမံကိန်းသစ်ကို ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာတွင် ထပ်မံလုပ်ဆောင်ခဲ့ပြီး ဒေသခံများတွင် ကြုံတွေ့ရသော ကျန်းမာရေးအခြေအနေများအတွက် လိုအပ်သည့် ပြုစုကုသမှုများဖြင့် ကွင်းဆင်းကာ လုပ်ဆောင်ပေးခဲ့ပြန်သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင်လည်း ကုလာဘာကျေးရွာသို့ ကွင်းဆင်းသွားရောက်ခဲ့ကြပြီး ဒေသခံများ၏ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများကို ကျောက်ဖြူ အနာဂတ် ရွေ့လျှားဆေးခန်းစီမံကိန်းမှ အခမဲ့ပြုစုလုပ်ဆောင်ခဲ့ကြသည်။ထိုကျေးရွာသည် ယင်းဆေးခန်းစီမံကိန်း၏ စတုတ္ထမြောက်ကျေးရွာတစ်ရွာလည်းဖြစ်သလို ဒေသခံဦးရေ ၉၀ ကျော်တို့အတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်း၍ ပြုစုကုသမှုများကို ပြုလုပ်ပေးခဲ့ကြသည်။

ကျန်းမာရေးမှာ အလွန်အရေးပါလျက်ရှိပြီး ကျန်းမာမှသာ အလုပ်များစွာကို လုပ်ဆောင်နိုင်မှာဖြစ်သလို မိသားစုအတွက် ဝင်ငွေများရရှိရန် ကြိုးပမ်းနိုင်မည်ဖြစ်သည်။

ဒေသခံမိသားစု တစ်စုချင်းက ဝင်ငွေများတိုးပွားအောင် ကြိုးပမ်းကြရင်း ရပ်ရွာ၊ ဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်လာစေပြီး ယင်းရပ်ရွာဒေသများမှတစ်ဆင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်စေရေးကိုပါ အထောက်အကူဖြစ်လာစေမည်ဖြစ်သည်။ထိုသို့သော ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့လုပ်ဆောင်ပေးခြင်းမှာလည်း ဒေသခံများအတွက် တန်ဖိုးဖြတ်မရသည့် အလွန်အရေးပါပြီး အကျိုးရှိစေသော အခြေအနေတစ်ခုပင်ဖြစ်သည်။

ထို့ကြောင့် စီမံကိန်းမှ ကျေးရွာများအရောက် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်သည့်အခါ ဒေသခံရွာသူရွာသားများကလည်း အလွန်ဝမ်းသာပျော်ရွှင်ခဲ့ကြသလို ပြုစုကုသမှုပေးသည့် စီမံကိန်းအဖွဲ့များအတွက်လည်း ပီတိများစွာဖြစ်စေခဲ့သည်။

စီမံကိန်းစတင်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ဒေသခံအများအပြားကို အကျိုးပြုစေခဲ့သည့်အပြင် လျင်လျင်မြန်မြန်နှင့် ကျေးရွာအများအပြားကို လွှမ်းခြုံလုပ်ဆောင်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း အကျိုးပြုမှုနယ်ပယ်မှာ ပိုမိုလာစေခဲ့သည်။

ကျေးလက်ဒေသများတွင် ဒေသခံများ၏ အလေ့အထအရ ဆေးရုံ၊ ဆေးခန်းများ ပြသရန် ဝန်လေးတတ်ကြပြီး မလိုလားအပ်သော ဆိုးကျိုးများကြုံတွေ့ခြင်းများလည်းရှိခဲ့ဖူးသည်။ထိုအခြေအနေမှ ယခုလို ကျန်းမာရေးစောင့်ရှောက်ကာ ပြုစုကုသမှုပေးသည့် အစီအစဉ်ဖြင့် ကျေးရွာများအသီးသီးသို့ ကွင်းဆင်းပြီး ဒေသခံများထံ အရောက်လာခဲ့သည့် စီမံကိန်းအဖွဲ့များကလည်း အမောအပန်းပြေကာ ရင်ထဲတွင် ပီတိကိုယ်စီဖြစ်ကြရသလို ဒေသခံများအတွက်လည်း မျှော်လင့်ချက်များ ပြည့်စုံသလို ခံစားလာရကာ ပီတိအပြုံးများဖြင့် ဝေဆာစေခဲ့သော နေ့ရက်များ ဖြစ်လာစေတော့သည်။

ဧပရယ်လ်