【 နိုင်ငံတကာဆောင်းပါး 】ကိုဗစ်အလွန်ကာလတွင် ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းမှုတော်လှန်ရေး

【 နိုင်ငံတကာဆောင်းပါး 】ကိုဗစ်အလွန်ကာလတွင် ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းမှုတော်လှန်ရေး

တရုတ်သည် ကိုဗစ်ကာလအလွန်၌ စိမ်းလန်းမှုတော်လှန်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုကို တိုက်တွန်းခဲ့ပြီး ၂၀၆၀ ခုနှစ်မရောက်မီတွင် ကာဗွန်အသားတင်သုညဖြစ်စေရေးအတွက် ကတိကဝတ်ပြုခဲ့သည်။ 

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ၂၀၁၅ ခုနှစ် ပဲရစ်သဘောတူညီချက်ကို လေးစားလိုက်နာရန် သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းထားပြီး တရုတ်သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၂၀၃၀ ခုနှစ် မတိုင်မီတွင် အများဆုံးအဖြစ် သတ်မှတ်ပြီး ၂၀၆၀ အရောက်တွင်မူ အသားတင်ထုတ်လွှတ်မှု သုညဖြစ်စေရန် ရည်ရွယ်ထားသည်ဟု ပြောခဲ့သည်။ 

ကမ္ဘာကြီးအနေဖြင့် ကိုဗစ်အလွန်တွင် စီးပွားရေး ပြန်လည်နာလန်ထူရာ၌ သဘာဝပတ်ဝန်းကျင်အား အထောက်အကူပြုစေမှု ရှိစေရန်လည်း တိုက်တွန်းခဲ့သည်။  တရုတ်၏ ၂၀၆၀ ခုနှစ်မရောက်မီ ကာဗွန်ထုတ် လွှတ်မှု အသားတင်သုညဖြစ်စေရေး ရည်မှန်းချက်သည် တွန်းအားပေးမှုရှိသော ခြေလှမ်းဖြစ်ကြောင်း ပညာရှင်များက ဆိုပြီး ဥရောပသမဂ္ဂကလည်း ကြိုဆိုခဲ့သည်။ 

အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်သည် စီးပွားရေးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ သမ္မတရှီသည်လည်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါပုံများကို အမြဲတမ်း ပြောဆိုလေ့ရှိသည်။  

ပြင်းထန်သော သဘာဝပတ်ဝန်းကျင် ပြဿနာများစွာ ရင်ဆိုင်ခဲ့ရဖူးသော တရုတ်သည် ပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်ရေးတွင် သိသိသာသာတိုးတက်လာပြီး ကမ္ဘာအနှံ့သို့လည်း များစွာအ ထောက်အပံ့ပြုလျက်ရှိသည်။  ၂၀၀၅ ခုနှစ်နှင့် ယှဉ်လျှင် ဂျီဒီပီနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အချိုးအစားသည် တစ်ဝက်နီးပါး လျော့ကျသွားခဲ့သည်ကို တွေ့ရသည်။ 

နာဆာ၏ စစ်တမ်းတစ်ခုအရ ၂၀၀၀ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားတွင် ကမ္ဘာတစ်ဝန်းဖော်ဆောင်ခဲ့သော စိမ်းလန်းသောဧရိယာများ၏ လေးပုံတစ်ပုံသည် တရုတ်ကြောင့်ဖြစ်သည်ဟု သိရသည်။ ရှီသည် ၂၀၁၅ ခုနှစ်တွင် တရုတ်၏ တောင်ပိုင်းနှင့်တောင်ပိုင်း ရာသီဥတု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအတွက် ယွမ် ၂၀ ဘီလီယံ ကတိပြုခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲခြင်း တိုက်ဖျက်မှုအတွက် ကူညီပေးခဲ့သည်။

တရုတ်သည် ခါးပတ်နှင့်လမ်းအစီအစဉ်တွင်လည်း အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ကို တည်ဆောက်နိုင်ခဲ့ပြီး ခါးပတ်နှင့်လမ်းအစီအစဉ်မှတစ်ဆင့် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ၂၀၃၀ ခုနှစ် အစီအစဉ်ကို အကောင်အထည်ဖော်ရေး လျှောက်လှမ်းလျက်ရှိသည်။ 

Naing

(CGTN သတင်းဌာနက ဖော်ပြခဲ့သည့် China calls for global green revolution in the post-COVID era သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြပါသည်။)