【 နိုင်ငံတကာဆောင်းပါး 】ဆယ်စုနှစ်တစ်ခု၏ တရုတ်စီးပွားရေးခရီးစဉ်

【 နိုင်ငံတကာဆောင်းပါး 】ဆယ်စုနှစ်တစ်ခု၏ တရုတ်စီးပွားရေးခရီးစဉ်

“ကဏ္ဍပေါင်းစုံတွင် ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံတော်ကြီးတည်ဆောက်ရန်အတွက် ပထမဦးဆုံးအ နေဖြင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် လိုအပ်ပါတယ်” ဟု ရှီကျင့်ဖျင်က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သော ၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီကိုယ်စား အကြိမ် ၂၀ မြောက် CPC အမျိုးသားညီလာခံတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

“စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ရာတွင် ကျွန်တော်တို့ဟာ စစ်မှန်သော စီးပွားရေးအပေါ် အလေးထားရန် လိုအပ်ပါတယ်။ အသစ်သော စက်မှုခေတ်သစ်ကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကုန် ထုတ်လုပ်မှု၊ ကုန်ပစ္စည်းအရည်အသွေး၊ လေကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆိုက်ဘာကဏ္ဍ နှင့် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

၂၀၃၅ ခုနှစ်တွင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ၏ အစိတ်အပိုင်းအဖြစ် တရုတ်ဟာ “ခေတ်မီသော စီးပွားရေး၊ အသစ်သော ဖွံ့ဖြိုးတိုးတက်မှုပုံစံတည်ဆောက်ခြင်းနှင့် အခြေခံအားဖြင့် အသစ်သော စက်မှုခေတ်ကို ဖော်ဆောင်ခြင်း၊ အချက်အလက်ပြည့်စုံသော၊ မြို့ပြဖြစ်လာရေးနှင့် စိုက်ပျိုးရေးအခြေခံသော ခေတ်မီရေးကို ဖော်ဆောင်မည်ဖြစ်ပါတယ်”။

အနာဂတ်အတွက် ရည်မှန်းချက်များဟာ တရုတ်နိုင်ငံ၏ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ၅ နှစ်စီမံကိန်း ၂ ခုကို လေလာခြင်းဟာ ၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း လျင်မြန်ပြီး ရေရှည်သော ဖွံ့ဖြိုးတိုးတက်မှုများဖြစ်စေကာ စက်မှုကဏ္ဍပြန်လည်တည်ဆောက်ရေးအတွင် အရေးကြီး အချက် ၂ ချက်ဖြစ်ခဲ့ကြောင်းကို နားလည်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ၂၀၁၆-၂၀၂၀  ၁၃ ခုမြောက် ၅ နှစ်စီမံကိန်းဟာ အလယ်အလတ်မြင့်မားမှုရှိသော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားရန် အာရုံစိုက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ကြီးမားသော ဂျီဒီပီတိုးတက်မှုဟာ ယွမ် ၅၄ ထရီလီယံကနေ ၁၁၄ ထရီလီယံအထိ ရှိလာခဲ့ပြီး အစိုးရ၏ ကတိကဝတ်များဖြစ်တဲ့ စီးပွားရေးတိုးတက်မှု ကတိများကို အကောင်အ ထည်ဖော်ခြင်းဟာ ဘယ်လောက်အထိ အရေးပါကြောင်းကို ပြသနေပါတယ်။

တရုတ်နိုင်ငံ၏ နိုင်ငံတကာစီးပွားရေးတွင် ပါဝင်မှုဟာ ၁၈.၅ ရာခိုင်နှုန်းတွင်ရှိလာပြီး နိုင်ငံတကာစီးပွား ရေးတွင် အကြီးဆုံးသော တိုးတက်မှုတွန်းအားဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှု နည်းပါးခြင်း နှင့် အလုပ်လက်မဲ့နှုန်း နည်းပါးလာခြင်းတို့ဟာ စီးပွားရေးတိုးတက်မှုကနေ ရရှိလာသော အကျိုးအမြတ်များဖြစ်ပြီး ပြည်သူများကို သက်သာသော ကုန်စျေးနှုန်းနှင့် သက်သောင့်သက်သာရှိသော လူမှုဘဝကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ထို့အပြင် နိုင်ငံ၏ သိပ္ပံအဆင့်မြှင့်တက်ရေးဟာ research & development တွင် အသုံးပြုထားသော အရင်းအမြစ်များတွင် ကြီးမားစွာ မူတည်နေပါတယ်။ တရုတ်နိုင်ငံအတွက်တော့ R&D အတွက် အသုံးစရိတ်ဟာ ၂၀၂၁ ခုနှစ်တွင် ၂၀၁၀ တွင်အသုံးပြုခဲ့သော ပမာဏထက် များစွာပိုများခဲ့ပါတယ်။ ဒီလို အသုံးစရိတ်များ မြင့်တက်လာမှုကို ၂၀၂၂ တွင်ထုတ်ပြန်ခဲ့သော ၁၁ ကြိမ်မြောက် Global Innovation Index တွင် လေ့လာခြင်းအားဖြင့် နားလည်နိုင်ပါတယ်။

အာကာသကနေ ပင်လယ်အောက်အထိ လေ့လာမှုများတွင် တရုတ်နိုင်ငံဟာ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော တိုးတက်မှု ရရှိလာခဲ့ပြီး ကိုယ်ပိုင်အာဏာသစခန်းကို ဆောက်လုပ်ခြင်း နှင့် လ ကမ္ဘာမစ်ရှင်ကို စတင်ခြင်း၊ အင်္ဂါဂြိုဟ် နှင့် အလွန်မစ်ရှင်များ၊ ကိုယ်ပိုင်လေယာဉ်များ ထုတ်လုပ်စမ်းသပ်ခြင်း နှင့် ရေအောက်လေ့လာရေးနှင့် စူပါကွန်ပျူတာများကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

ထို့အပြင်‌ လေကြောင်း၊ ရထား နှင့် အမြန်လမ်းကွန်ရက်များကိုလည်း ပြည်သူများအတွက် ဆောက်လုပ်ပေးခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အခြေခံအဆောက်အဦးစီမံကိန်းများစွာကို ဖော်ဆောင်လာခဲ့ပါတယ်။ ထိုထဲ အရေးပါသော စီမံကိန်းတစ်ခုအဖြစ် အမြန်နှုန်းမြင့် ရထားကွန်ရက်ဆောက်လုပ်မှုဖြစ်ပြီး ၇ ဆ အထိ တိုးလာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ လေဆိပ်အသစ်ပေါင်း ၇၀ နီးပါးကိုလည်း ဆောက်လုပ်ခဲ့ပြီး အမြန်လမ်း ကီလိုမီတာမိုင်ပေါင်း ၁ သန်းခန့်ကိုလည်း ဆောက်လုပ်နိုင်ခဲ့ပါတယ်။

Naing

Ref:CMG|The Numbers of a Decade: China's economic journey