【 နိုင်ငံတကာဆောင်းပါး 】တရုတ်ခေတ်မီတိုးတက်ရေးက နိုင်ငံအားလုံးအတွက် အခွင့်အလမ်းတစ်ခု

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ခေတ်မီတိုးတက်ရေးက နိုင်ငံအားလုံးအတွက် အခွင့်အလမ်းတစ်ခု

မမျှော်လင့်ထားသော စိန်ခေါ်မှုများအကြား လူသားများရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟာ ခုတော့ လမ်းဆုံလမ်းခွကို ရောက်နေပြီဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော တွန်းအားကြီးအကြား နိုင်ငံရေးအဖွဲ့အစုများအားလုံးဟာ ရန်ပြုလိုသော ထိပ်တိုက်တွေ့ဆုံမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအကြား ရွေးချယ်မှု ပြုလုပ်ရန် အားလုံးတွင် တာဝန်ရှိပါတယ်။ တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟာ ကမ္ဘာကြီးတစ်ခုလုံးအတွက် အခွင့်အလမ်းပဲ ဖြစ်ပါတယ်။

တရုတ်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွက် အရေးပါသော လက္ခဏာကတော့ ပြည်သူများကို ဦးစားပေးခြင်းဖြစ်ပါတယ်။ “ခေတ်မီဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီးဆုံး ရည်ရွယ်ချက်ကတော့ ပြည်သူ့ဆန္ဒ နှင့် ကဏ္ဍပေါင်းစုံတွင် တိုးတက်မှုဖြစ်ပါတယ်” ဟု မတ်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သော CPC Dialogue with World Political Parties High-level Meeting တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ရှီကျင့်ဖျင်က ပြောပါတယ်။

လူဦးရေသန်းပေါင်း ၁.၄ ဘီလီယံရှိသော တရုတ်နိုင်ငံဟာ တိုးတက်သောနိုင်ငံများတွင်ရှိသော စုစုပေါင်း လူဦးရေထက်ပိုများပါတယ်။ ထို့ကြောင့် တရုတ်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွင် ရရှိထားသော အောင်မြင်မှုများအားလုံးဟာ နိုင်ငံသားတိုင်းအတွက် အကျိုးဖြစ်မည်ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဝင်ငွေအလယ်အလတ်ရှိသော လူဦးရေပမာဏကို သန်း ၈၀၀ အထိ တိုးပွားရန် ကြိုးပမ်းနေပြီး ဝင်ငွေနည်းပါးသော လူဦးရေကို လာမယ့် ၂၀၃၅ တွင် ထက်ဝက်အထိ လျှော့ချရန် ရည်မှန်းထားပါတယ်။ ၂၀၂၂ ခုနှစ်တွင် ကျေးလက်နေ ပြည်သူများရဲ့ ဝင်ငွေတိုးတက်မှုဟာ  မြို့ပြနေပြည်သူများရဲ့ ဝင်ငွေတိုးတက်မှုကို ၁၃ နှစ်ဆက်တိုက် ကျော်တက်သွားခဲ့ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

“ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟာ အညွှန်းကိန်းများတစ်ခုကိုသာ ဆိုလိုတာ မဟုတ်ပါဘူး၊ ပြည်သူများအတွက် ပျော်ရွှင်စရာကောင်းသော ဘဝကို ဖန်တီးပေးခြင်းပဲဖြစ်ပါတယ်” ဟုရှီကျင့်ဖျင်က ပြောပါတယ်။ ဒါဟာ လူသားများအတွက် ရေရှည်ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆော်ဩခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းဟာ နိုင်ငံတွင်ရှိသော ပြည်သူ ၁.၄ ဘီလီယံတစ်ခုတည်းအတွက် မဟုတ်ပါဘူး၊ ဒါဟာ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အသစ်သော အခွင့်အလမ်းများဖြစ်ပြီး အနာဂတ်တွင် လူသားများဟာ နီးကပ်စွာ ဆက်နွယ်နေကြမည်ဖြစ်ပါတယ်။

ဒီကနေ့ ကမ္ဘာကြီးဟာ ဒေသဆိုင်ရာ ပဋိပက္ခများနဲ့ ပြည့်နှက်နေပါတယ်။ အင်အားကြီးနိုင်ငံများရဲ့ အကြွင်းမဲ့ ပြိုင်ဆိုင်မှုများကြောင့် အခြေအနေများဟာ ပိုမိုရှုပ်ထွေးလာနေပါတယ်။ ငြိမ်းချမ်းရေး မရှိပဲ တည်ငြိမ်သော ဖွံ့ဖြိုးတိုတးက်မှု မရှိနိုင်ပါဘူး။ ဒီလို အဆိုးများအကြား တရုတ်ရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတကာတွင် မျှတမှုနှင့် ငြိမ်းချမ်းရေးကို ကာကွယ်ပေးနေပါတယ်။ “ခေတ်မီရေးကို အဆင့်မြှင့်တင်နိုင်သော် လည်း တရုတ်ဟာ ခေတ်ဟောင်းက ကိုလိုနီဆန်ခြင်းနှင့် လုယက်ခြင်း၊ တချို့နိုင်ငံများက အသုံးပြုနေသော ဗိုလ်ကျစိုးမိုးခြင်းလမ်းစဉ်ကို ရွေးချယ်မှာ မဟုတ်ပါဘူး” ဟု ရှီကျင့်ဖျင်က ပြောပါတယ်။

တရုတ်ဟာ အငြင်းပွားမှုများကို ဆွေးနွေးမှုဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေပါတယ်။ Global Security Initiative ဟာ တရုတ်နိုင်ငံ၏ နိုင်ငံတကာလုံခြုံရေးစိန်ခေါ်မှုများကို ဖြေရှင်းရန် အဆိုပြုချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတိုင်းအတွက် ရည်မှန်းထားပြီး GSI ဟာ နိုင်ငံနှင့် ဒေသပေါင်း ၈၀ ကျော်က ကြိုဆိုကြပြီဖြစ်ပါတယ်။

တရုတ်ဟာ ဒေသအတွင်းက ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ချိတ်ဆက်ပေးမှုကိုလည်း လုပ်ဆောင်နေပါတယ်။ ပေကျင်းဟာ ဆော်ဒီအာရေးဗျ နှင့် အီရန်အကြားတွင်လည်း ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းပေးခဲ့ပြီး ဒါကို ကုလသမဂ္ဂနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများကလည်း ထောက်ခံများပါတယ်။

ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာတွင် ကြွယ်ဝချမ်းသာမှုအတွက် ငြိမ်းချမ်းရေးဟာ အရေးကြီးပါတယ်။ တရုတ်နိုင်ငံဟာ မြောက်-တောင် ကွာဟမှုကို ကျဉ်းမြောင်းလာရန် ကြိုးပမ်းနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကိုလည်း သူတို့ရဲ့ ခေတ်မီရေးအတွက် ကြိုးပမ်းအားပေးနေပါတယ်။ တရုတ်၏ နိုင်ငံတကာ စီးပွားရေးတွင် ပါဝင်မှုဟာ ၂၀၁၃ ကနေ ၂၀၂၁ ခုနှစ်များအကြား ၃၈.၆ ရာခိုင်နှုန်းအထိ ပျမ်းမျှရှိလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဒါဟာ G7 နိုင်ငံများစုစုပေါင်း ပါဝင်မှုထက်တောင် ပိုများပါတယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုတာ ရှီကျင့်ဖျင် ရှင်းပြသွားသည့်အတိုင်း နိုင်ငံအနည်းစုအတွက်သာ အဆိုပြုထားသော ခေတ်မီဖွံ့ဖြိုးတိုးတက်မှု မဟုတ်ပါဘူး။ တရုတ်ကွန်မြူနစ်ပါတီဟာ အခြားသော နိုင်ငံရေးပါတီများနဲ့ နှီးနှောဖလှယ်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာအောင် ဆောင်ရွက်ရန် ဆန္ဒရှိပြီး ခွန်အားကောင်းသော ဘုံကြွယ်ဝချမ်းသာမှုအတွက် အင်အားဖန်တီးရန် ဆန္ဒရှိပါတယ်။ မမျှော်လင့်ထားသော စိန်ခေါ်မှုများအကြား တရုတ်ဟာ အပြန်အလှန်အတွက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ရန် အသင့်ရှိနေပြီး လူသားများအားလုံး ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ခုတည်းသော မှန်ကန်သော ရွေးချယ်ဖြစ်ပါတယ်။

Naing

Ref:CMG|China's modernization an opportunity for all