【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းတည်ဆောက်ခြင်း (အပိုင်း ၂)

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းတည်ဆောက်ခြင်း (အပိုင်း ၂)

တရုတ်နိုင်ငံသည် Zhangjiakou-Hohhot မြန်နှုန်းမြင့်ရထားလမ်းကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ကြပြီး ကွန်ယက်ချိတ်ဆက်မှုအနေဖြင့် Beijing -Zhangjiakou အဝေးပြေးရထားလမ်းနှင့် ချိတ်ဆက်ထားသောကြောင့် မွန်ဂိုလီးယားအလယ်ပိုင်းဒေသမှ ပေကျင်းသို့  အမြန်ရထားဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး Beijing နှင့် Hohhot အကြား ခရီးသွားချိန်ကို ကိုးနာရီမှ သုံးနာရီအောက်အထိ လျှော့ချစေခဲ့သည်လည်း ဖြစ်သည်။

လမ်းကြောင်းတစ်လျှောက်တွင် ဘူတာခုနစ်ခုရှိကာ အနောက်ဘက်အပိုင်း Ulanqab မှ Hohhot အရှေ့အထိ လမ်းပိုင်းကို သြဂုတ်လ ၃ ရက် ၂၀၁၇ တွင် ဖွင့်လှစ်ခဲ့ကြပြီး Zhangjiakou မှ Ulanqab အထိ အပိုင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်လည်း ဖြစ်ပါသည်။

ဒီနေရာတွင် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်အားဖြင့် Hohhot-Zhangjiakou ရထားလမ်းပိုင်းကို တည်ဆောက်ခဲ့ခြင်းမှာမြင်သာပြီး ခရီးသည်များနှင့်ကုန်စည်ပို့ဆောင်မှုအတွက် ထပ်လောင်းရထားလမ်း စွမ်းဆောင်ရည်နှင့် သယ်ယူပို့ဆောင်ရေးအချိန်ကို လျှော့ချပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည်လည်း ဖြစ်သည်။

တရုတ်နိုင်ငံသည် အတွင်းမွန်ဂိုလီးယားနှင့်ချိန်ဆက်သော လမ်းပိုင်းတွင် ကမ္ဘာ့ပထမဆုံး Beidou ဂြိုဟ်တုသွားလာနိုင်သော ကျည်ဆန်ရထားကို Beijing  နှင့် Zhangjiakou မြို့တို့ကို ဆက်သွယ်ပေးခြင်းလည်း ပါဝင်ခဲ့သည်ဟု ဖေါ်ပြမှုများရှိခဲ့သည်။

ကိုယ်ပိုင်ထိန်းချုပ်မှုစနစ်ဖြင့် စမတ်ကျည်ဆန်ရထားများသည် လူစီးရထားတွဲများစွာကို ဖြန့်ကြက်လျက် ဖွင့်လှစ်ပြီးရက်သတ္တပတ်နှစ်ပတ်အတွင်းမှာပင် ခရီးသည်များအား ဆွဲဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

ရထားလမ်းသစ်နှင့်အတူ နည်းပညာတိုးချဲ့မှုအနေဖြင့်ပါဝင်သည်မှာ E-ticket ဝန်ဆောင်မှုကိုစတင်နိုင်ခဲ့ပြီး ယင်းမှာ ခရီးသည်များအတွက် ၎င်းတို့၏ ID ကတ်များကို အသုံးပြုရာတွင် QR ကုဒ်များကို စကင်န်ဖတ်ခြင်းဖြင့် စာရွက်ချလံများအား တန်းစီစောင့်ဆိုင်းရသည့်စနစ်ကိုခြေဖျက်ကာ သက်သောင့်သက်သာ ဝန်ဆောင်မှုစနစ်များပြင်ဆင်ခြင်းလည်း ပါဝင်သည်။

အမှန်တကယ်အကျိုးရလဒ်အနေဖြင့် ရထားစီမံကိန်းသည် တရုတ်နိုင်ငံအတွက် မြို့ပြအစုအဝေးမှ မြို့များကို ချိတ်ဆက်နိုင်ရန် အဝေးပြေးရထားလမ်းများ ဖော်ဆောင်ခြင်းနှင့်လည်း ညီညွတ်မှုရှိကာ လူဦးရေ ထူထပ်သော မြို့ပြလူနေမှုစနစ်အတွက်လည်း များစွာအထောက်အကူပြုသည်ကို တွေ့မြင်တွေ့ကြရမည်ဖြစ်သည်။ ဒါ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချခြင်းကို အာရုံစိုက်သည့် တရုတ်နိုင်ငံ၏  ၂၀၁၆-၂၀၂၀ ငါးနှစ်စီမံကိန်းနှင့် အညီလည်း အံဝင်ခွင်ကျ ဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

စီမံကိန်းအတွင်း အမှတ်တရဖြစ်ရသည်မှာ တရုတ်နိုင်ငံ၏ ကမ္ဘာ့တစ်ခုတည်းသော မြန်နှုန်းမြင့် ရထားများကို မိတ်ဆက်ခြင်းနှင့် မောင်းသူမဲ့ရထားအရွေ့တွင်မကြာသေးမီနှစ်ကကျင်းပခဲ့သည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်၏ ပူးတွဲအိမ်ရှင်မြို့ဖြစ်သော Hohhot နှင့် Zhangjiakou တို့ကိုလည်း ချိတ်ဆက်ပေးခြင်းမှာလည်း တိုက်ဆိုင်ခဲ့သည်ဖြစ်ပြီး ခေတ်မီရထားလမ်းတည်ဆောက်မှုများတွင် အရှိန်တင်ခဲ့သည်လည်း ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း နည်းပညာအများအပြားကိုသုံးခဲ့ရသည်ဟု ဆိုသည်။

ယင်းတွင် မီးရထားတည်ဆောက်သူ အင်ဂျင်နီ ယာတစ်ဦးဖြစ်သူ Bai Riqiang က မီဒီယာများတွင် ပြော ကြား ခဲ့သည်မှာ "တည်ဆောက်ရေးလုပ်ငန်းစဉ်အတွင်း နည်းပညာပေါင်း ၃၀ ကျော်ကို တီထွင်ခဲ့ပြီး မီးရထားလမ်း တစ်လျှောက် မြက်ခင်းပေါင်း ၇၀၀,၀၀၀ စတုရန်းမီတာခန့်ကို ပါထည့်သွင်းစိုက်ပျိုးခဲ့ကြရသည်" ဟု ဆိုသည်။

(ဆက်လက်ဖော်ပြပါမည်)

မိုးသား