【 နိုင်ငံတကာဆောင်းပါး 】တရုတ်အစိုးရရဲ့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်အစိုးရရဲ့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေ

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သော အစောပိုင်းကာလတွင် တရုတ်နိုင်ငံ၏ National People’s Congress Standing Committee ၏ ထုတ်ပြန်ကြေညာချက်အရ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေ (Wildlife Protection Law) ဥပဒေကို ပြန်လည် ဆန်းစစ်ရမည့် ဥပဒေအဖြစ် လျာထားချက်ထားရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရက်အတန်အကြာမှာတော့ သင်းခွေချပ်ကဲ့သို့သော တိရစ္ဆာန်များဟာ ကိုရိုနာဗိုင်းရပ်စ်များ ခိုအောင်းနိုင်သော တိရစ္ဆာန်များ ဖြစ်နိုင်ကြောင်း သတင်းများထွက်လာပြီးနောက် စိုးရိမ်မှုများလည်း ရှိလာခဲ့ပါတယ်။ ၂ ပတ်အကြာမှာတော့ Standing Committee ဟာ ကုန်းနေသတ္တဝါများအားလုံး စားသုံးမှုကို ပိတ်ပင်ခဲ့ပြီး တရားမဝင်သော တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုကိုလည်း စတင်ဖြိုခွင်းခဲ့ပါတယ်။

ရုတ်တရက်ဆိုသလိုပဲ နှစ်ပေါင်းများစွာ‌ တောရိုင်းတိရစ္ဆာန်နဲ့ပတ်သက်ပြီး ဥပဒေပြင်ဆင်မှု ပြုလုပ်ရန် တိုက်တွန်းလာခဲ့ကြသော အဖွဲ့အစည်းများအတွက် အခြေအနေဟာ ရုတ်တရုက် ပြောင်းလဲလာခဲ့ပြီး သူတို့ကတော့ နှစ်ပေါင်းအတန်ကြာ ကြန့်ကြာလာခဲ့သော ဥပဒေပြင်ဆင်မှုအတွက် မျှော်လင့်ချက် ပြန်လည်ရှိလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ဥပဒေပြင်ဆင်မှုအတွက်လည်း ဒီလိုမျှော်လင့်ချက်များပေးခဲ့သော်လည်း မျှော်လင့်ထားသလို အလုပ်ဖြစ်မလာခဲ့ပါဘူး။

၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ပြင်ဆင်ထားသော ဥပဒေကြမ်းကို အများပြည်သူများ လေ့လာနိုင်ရန်အတွက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီပြင်ဆင်ချက်ကို တချို့သော ပတ်ဝန်းကျင်ထိန်းသိမ်းသူများကတော့ ကြီးမားသော ပြောင်းလဲမှုအဖြစ်မြင်ကြပြီး တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများတွင် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဂေဟစနစ်အတွက် အထောက်အကူပြုစေမယ့် ပြင်ဆင်ချက်ဖြစ်ကြောင်း မှတ်ချက်ချခဲ့ကြပါတယ်။ သို့သော်လည်း ၂ နှစ်အကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထွက်လာသော ဒုတိယအသုတ် ပြင်ဆင်ချက်တွင် ကြီးမားသော အလှည့်အပြောင်းများရှိခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တက်ကြွလှုပ်ရှားသူအများစုက ဒီလိုပြောင်းလဲမှုများဟာ တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးမွေးမြူခွင့်ပြုစေသော ဥပဒေအဖြစ် မြင်ကြပါတယ်။ Let the Birds Fly လို့ခေါ်တဲ့ တောရိုင်းထိန်းသိမ်းရေးအဖွဲ့ကတော့ WeChat တွင် ရေးသားဖော်ပြချက်အရ တောရိုင်းတိရစ္ဆာန်များကို တရားမဝင်မွေးမြူထားသောသူများဟာ ပြစ်ဒဏ်အနည်း ငယ်သာ ခံရမှာဖြစ်ပြီး ဒီလိုပြင်းထန်မှုမရှိသော ပြစ်ဒဏ်များကြောင့် စီးပွားရေးအတွက် တိရစ္ဆာန်မွေးမြူခွင့်ကို အားပေးသလို ဖြစ်လာမှာ ဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။

ACTAsia အဖွဲ့ကို စတင်တည်ထောင်သူ ဖြစ်တဲ့ ပေဆုကလည်း ဒီလို ပြောင်းလဲမှုများဟာ စည်းကမ်းချက်များ လျှော့ချခြင်းနှင့် ဥပဒေများကို ဖြေလျှော့လိုက်ခြင်းဟာ အလွန်စိုးရိမ်ဖွယ်ကောင်း သော လုပ်ရပ်များဖြစ်ပြီး တောရိုင်းတိရစ္ဆာန်နဲ့ပတ်သက်ပြီး ယခင်တုန်းကလည်း ထုံးဖြူသုတ်ခဲ့သော သမိုင်းရှိခဲ့ကြောင်း ဝေဖန်ထားပါတယ်။ China Dialogue ကို ပေးပို့သော အီးမေလ်းအရ ပေဆုက “ဒီလို စည်းကမ်းချက်များ ဖြေလျှော့လိုက်ခြင်းဟာ တောရိုင်းတိရစ္ဆာန်များစွာကို ဖမ်းဆီးပြီး တရားမဝင် မွေးမြူမှု ဖြစ်လာစေနိုင်ပါတယ်၊ ပြီးတော့ စီးပွားဖြစ် မွေးမြူမှုကို များလာစေပြီး တိရစ္ဆာန်များ စည်းကမ်းတကျထိန်းသိမ်းမှုကိုလည်း အားနည်းလာစေနိုင်ပါတယ်။ ပြီးတော့ တစ်ဘက်မှာလည်း အနာဂတ်တွင် ဖြစ်လာနိုင်သော ကပ်ရောဂါ အစရှိသော အန္တရာယ် ဖြစ်လာစေနိုင်ပါတယ်” ဟု သူက ရေးသားခဲ့ပါတယ်။

၂၀၂၀ တွင် အတည်ပြုခဲ့သော ဥပဒေအောက်တွင် ကုန်းနေတောရိုင်းတိရစ္ဆာန်များအားလုံးကို အစားအစာအဖြစ် အသုံးပြုခြင်းမှ တားမြစ်ခြင်းဟာ ပြောင်းလဲလာသော စည်းမျဉ်းစည်းကမ်းများကြောင့် တောရိုင်းတိရစ္ဆာန်များအတွက် ပိုပြီးအန္တရာယ်များစေပါတယ်။

ပထမအချက်မှာတော့ ဖမ်းဆီးပြီး ထိန်းသိမ်းမွေးမြူထားသော တိရစ္ဆာန်များ တိုးချဲ့ရန် စောင့်ဆိုင်းနေသောသူများစွာလည်း ရှိပါတယ်။ ၂၀၂၀ ခုနှစ်တွင် တိရစ္ဆာန်များကို အစားအစာအဖြစ် အသုံးပြုမှုကို တားမြစ်ခဲ့သော်လည်း တချို့သော တိရစ္ဆာန်များကို ခြံမွေးတိရစ္ဆာန်နာမည်အောက်တွင် ပြောင်းလဲမွေးမြူလာကြပါ တယ်။  ၂၀၂၀ မေလတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာဝန်ကြီးဌာနက တောရိုင်းတိရစ္ဆာန် ၁၂ မျိုးကို ခြံမွေးတိရစ္ဆာန်နှင့် နောက်ထပ် ၁၆ မျိုးကို အထူးမွေးမြူရေးတိရစ္ဆာန်အဖြစ် တိုးချဲ့ သတ်မှတ်ခဲ့ပါတယ်။ ထိုကဲ့သို့ သတ်မှတ်ချက်များတွင် သမင်၊ မြေခွေး နှင့် မြွေပါလည်း ပါဝင်ပါတယ်။ ထို့ကြောင့် ထိုစာရင်းထဲတွင် ပါဝင်သော တိရစ္ဆာန်များကို စီးပွားအဖြစ် မွေးမြူခြင်း နှင့် အစားအစာအဖြစ် စားသုံးမှု သို့မဟုတ် သားရေအတွက် မွေးမြူခွင့်ပြုရန် အခွင့်အလမ်းပေးသလို ဖြစ်သွားပါတယ်။

လက်ရှိကျင့်သုံးနေသော တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေဟာ တောရိုင်းတိရစ္ဆာန်ဟာ ဘာလဲဆိုတာကို သေချာ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပါဘူး။ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ နယ်ပယ်များကိုသာ ထည့်သွင်းရေးသားထားပါတယ်။ ဒီပြဿနာဟာ ၂၀၂၀ တွင် ပြုလုပ်ခဲ့သော ဥပဒေပြင်ဆင်မှုတစ်ခုတည်းတွင် ရှိခဲ့တာမဟုတ်ပဲ နောက်ဆုံး ပြုလုပ်ခဲ့သော ဥပဒေမူကြမ်း ပြင်ဆင်မှုတွင်လည်း ဒီပြဿနာဟာဆက်ပြီး ရှိလာခဲ့ပါတယ်။

ဥပဒေပြန်လည် စိစစ်မှု စတင်ခဲ့သော ၂၀၂၀ ခုနှစ်အစောပိုင်းတွင် Shanshui Conservation Centre ရဲ့ ထုတ်ပြန်ချက်အရ တောရိုင်းတိရစ္ဆာန်ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အခန်း ၁ တွင် ထည့်သွင်းဖော်ပြသင့်ကြောင်း အကြံပြုခဲ့ပါတယ်။

အကယ်၍ ထိုအကြံပြုချက်အတိုင်း တောရိုင်းတိရစ္ဆာန်ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခဲ့ပါက ဖမ်းဆီးမွေးမြူခံထားရသော တောရိုင်းတိရစ္ဆာန်များ၊ ကာကွယ်မှု မရရှိသော တိရစ္ဆာန်များ ဥပမာ ဝက်ဝံရိုင်း၊ Chinese zokor လို့ခေါ်တဲ့ တရုတ်နိုင်ငံတွင် တွေ့ရသော အကောင်တစ်မျိုးနှင့် အခြားသော အကောင်များကို တိကျစွာ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တိုင်းဟာ ဂေဟစနစ်တွင် အလွန်အရေးပါသော အခန်းတွင် ပါဝင်နေကြပြီး ရှားပါးပြီး ကာကွယ်မှုနည်းပါးသော တိရစ္ဆာန်များကြောာင့် ရောဂါပြန့်ပွားမှု အန္တရာယ်ကလည်း ရှိနေပါတယ်။

National People’s Congress Standing Committee ဟာ ဥပဒေတစ်ခုကို ပြင်ဆင်ရန် ပြန်လည်စိစစ်ချိန်တွင် လုပ်ထုံးလုပ်နည်းဟာ အဆင့်သုံးဆင့်ကို သွားရပါတယ်။ ဆိုလိုတာကတော့ နောက်ထပ်လည်း ထပ်ရှိလာနိုင်ခြေများပါတယ်။ အချိန်ဘယ်လောက် ကျန်သေးသလဲဆိုတာကတော့ မသေချာပါဘူး၊ နောက်ပြန်ပြင်ဖို့ အချိန်ကောင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။

Naing

Ref:chinadialogue|Second draft revision of China’s Wildlife Protection Law ‘a big step backwards’