【 နိုင်ငံတကာဆောင်းပါး 】တရုတ်၏ ကျေးလက်ဒေသ တိုးတက်ရေး ထိပ်တန်း ၁၀ ခု

【 နိုင်ငံတကာဆောင်းပါး 】တရုတ်၏ ကျေးလက်ဒေသ တိုးတက်ရေး ထိပ်တန်း ၁၀ ခု

တရုတ်နိုင်ငံ၏ ၁.၄ ဘီလီယံသော ပြည်သူများအတွက် အဓိက အစားအစာထောက်ပံ့မှုမှာ နိုင်ငံ၏ လယ်ယာမြေများမှ ဖြစ်ပြီး လူသားနှင့်သဘာဝကြား ရေရှည်တည်တံ့သော ဆက်ဆံရေးတည် ဆောက်ရေးကို မျှော်မှန်း၍ အဓိက ကျေးလက်ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပေကျင်း၌ ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့ တို့တွင် ကျင်းပနိုင်ခဲ့ပြီး တရုတ်ဝိသေသလက္ခဏာပါသော ကျေးလက်ဒေသအခန်းကဏ္ဍ တိုးမြှင့်ရေးအတွက် တိုက်တွန်းခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ပြည်လုံးကျွတ်ကွန်ဂရက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး သို့ တရုတ်၏ ကိုယ်ပိုင်လမ်းကြောင်းဖြင့် ဦးတည်ပြီး ဘက်ပေါင်းစုံ၌ ပြန်လည်နုပျိုရေး၏ အရေးပါမှုကို ဖော်ပြခဲ့ကာ တရုတ်၏ စိုက်ပျိုးရေးခေတ်မီရေးလမ်းကြောင်းနှင့် ပန်းတိုင်များကို ချမှတ်ခဲ့သည်။ နယ်ပယ်ပေါင်းစုံ၌ တိုင်းရင်းသား လူမျိုးအားလုံး၏ အင်အားကို စုစည်းပြီး ခေတ်မီဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေး၏ အရေးပါမှုကိုလည်း ဖော်ပြခဲ့သည်။ 

အမျိုးသားစာရင်းအင်းဗျူရို၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် တရုတ်၏ ကောက်ပဲသီးနှံ ထုတ်လုပ်မှုသည် စုစုပေါင်း ၆၈၆.၅၃ ဘီလီယံ ကီလိုဂရမ်ရှိခဲ့ပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ်ထက် ၀.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ ယခုနှစ်သည် တရုတ်အတွက် ရိတ်သိမ်းမှု ကီလိုဂရမ် ၆၅၀ ဘီလီယံကို ၈နှစ် မြောက်အဖြစ် ဆက်တိုက်ကျော်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်အစိုးရသည် ၂၀၂၁-၂၀၂၅ ခုနှစ် ငါးနှစ်တာအတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီစေရေး အဆင့်မြှင့်တင်မည့် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ပြီး ထိုအစီအစဉ်အရ ကောက်ပဲသီးနှံနှင့် အခြားအခြေခံစိုက်ပျိုးရေးထုတ်ကုန်များ ထောက်ပံ့မှုကို အာမခံချက်ပေးခြင်းအားဖြင့် အရည်အသွေးနှင့် ပြိုင်ဆိုင်မှုများ အားကောင်းလာစေပြီး ကျေးလက်အခြေခံအဆောက်အအုံ တိုးတက် မှုအား တွန်းအားပေးရန် ဖြစ်သည်။ 

ထို့အပြင် မူဝါဒဦးစားပေးများကို ဖော်ပြထားသည့် နံပါတ် ၁ ဗဟိုစာရွက်စာတမ်းကို ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး စိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားများ၏ အခန်းကဏ္ဍကို ၁၉ နှစ်ဆက်တိုက် ဦးစားပေး အနေဖြင့် ဖော်ပြခဲ့သည်။ 

၂၀၂၁ ခုနှစ်သည် တရုတ်၏ ၂၀၁၈-၂၀၂၂ ခုနှစ် ငါးနှစ်တာ ကျေးလက်ဒေသအရေးပေးခြင်း မဟာဗျူဟာ၏ နောက်ဆုံးနှစ်ဖြစ်ပြီး အဓိက စီမံကိန်းများ များစွာကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ 

တရုတ်သည် အစားအစာလုံခြုံရေးကို မြှင့်တင်ကာ ကောက်ပဲသီးနှံအပေါ် အားထားမှုအား လျှော့ချနိုင်ရေး အတွက်ပြောင်းနှင့် ပဲပုပ်တို့အား ပုံမှန်ထုတ်လုပ်နှုန်းရှိစေရန် တွန်းအားပေးလျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်၏ ပဲပုပ် စားသုံးမှု ၈၀ ရာခိုင်နှုန်းသည် ပြည်ပမှ တင်သွင်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ကောင်စီသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တတိယအကြိမ်မြောက် အမျိုးသား မြေဆီလွှာအခြေအနေစစ်တမ်းကို ကောက်ယူသွားမည် ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ မြေဆီလွှာအမျိုးအစားများကို ဖော်ထုတ်ကာ မြေအရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်ရေး ဖော်ဆောင်သွားမည်ဖြစ်သည်။ 

တရုတ်၌ ကမ္ဘာပေါ်တွင် အသိအမှတ်ပြုခံရဆုံး အရေးပါသည့် စိုက်ပျိုးရေးအမွေအနှစ်နေရာများ အများစု ရှိပြီး ၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့သည် တရုတ်၏ နေရာလေးခုအား ကမ္ဘာလုံးဆိုင်ရာ အရေးပါသော စိုက်ပျိုးရေးအမွေအနှစ်စနစ်များအဖြစ် အသိအမှတ်ပြုခဲ့သည်။ 

တရုတ်သိပ္ပံပညာရှင်များ၏ ၄၃ နှစ်တာ အားထုတ်မှုဖြင့် နွားမျိုးစိတ်အသစ်ကို မွေးမြူနိုင်ခဲ့ပြီး နိုင်ငံ၏ နွားတင်သွင်းမှုကို ပယ်ဖျက်ရာတွင် အထောက်အကူဖြစ်ခဲ့သည်။ တရုတ်လယ်သမားများ သည် ပျက်စီးနေသော မြေဆီလွှာများတွင် ဆားဒဏ်ကိုခံနိုင်သောဂျုံများ အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့သည်။ တရုတ်သိပ္ပံပညာရှင်များက ခြောက်သွေ့ ပြီး ဆားဓာတ်ပါသော မြေများတွင် စိုက်ပျိုးနိုင်မည့် မျိုးစေ့များကို ထုတ်လုပ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Naing

(CMG သတင်းဌာနက ဖော်ပြခဲ့သည့် CMG: Top 10 rural revitalization news stories from China in 2022 သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြပါသည်။)